Thursday 21 August 2014

ဖားကန့်ကျောက်စိမ်းမှော်တွင် ကျောက်မျက်ကုမ္ပဏီများအား KIA အဖွဲ့ ဆက်ကြေးကောက်

Photo: ဖားကန့်ကျောက်စိမ်းမှော်တွင် ကျောက်မျက်ကုမ္ပဏီများအား KIA အဖွဲ့ ဆက်ကြေးကောက်
Thursday, August 21, 2014

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် ကျောက်တူးဖော်မှု လုပ်ငန်းများကို စက်တင်ဘာ ၁ ရက်နေ့မှစ၍ နိုင်ငံတော်အစိုးရမှ တူးဖော်ခွင့်ပြုလိုက်ပြီဖြစ်ရာ ကျောက်မျက်ကုမ္ပဏီများအား ကချင်လွတ်လပ် ရေးတပ်မတော်(KIA)အဖွဲ့မှ ဆက်ကြေးကောက်ခံနေကြောင်း ယင်းလုပ်ငန်းရှင်များထံမှ သိရသည်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆိပ်မူကျေးရွာအုပ်စု၊ ဟောင်းပါးကျေးရွာ အုပ်စု၊ ဝှေခါကျေးရွာများရှိ မှော်လုပ်ကွက်များအတွင်း ကျောက်စိမ်းတူးဖော်မည့် ကုမ္ပဏီလုပ်ငန်းရှင်များအား KIA အဖွဲ့မှ ဆင့်ခေါ်စာဖြင့် ခေါ်ယူတွေ့ ဆုံခြင်းဖြစ်ကြောင်း သိရသည်။

``ကုမ္ပဏီလောပန်းတွေကတော့ မသွားဘူး၊ ကုမ္ပဏီကိုယ်စားလှယ်တွေတစ်ချို့သွားတာ မြင်တယ်၊ ကြားရတာ ကတော့ KIA အဖွဲ့က ဆင့်ခေါ်လို့ အောင်ဘာလေရွာကို သွားကြတာလို့ ပြောကြတာပဲ´´ ဟု ကျောက်မျက် ကုမ္ပဏီတစ်ခုမှ လုပ်သားတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ သတ်မှတ်ထားသော တစ်နှစ်စာ ဆက်ကြေးငွေမှာ ကုမ္ပဏီလုပ်ကွက် ပေ ၂၀၀ ပတ်လည်အကျယ် တစ်ကျင်းလျှင် ကျပ်သိန်း(၅၀)၊ ဘက်ဟိုးယာဉ်တစ်စီးလျှင် ကျပ်သိန်း(၂၀)၊ မြေသယ်ယာဉ်တစ်စီးလျှင် ကျပ် (၁၅)သိန်း၊ ၀န်ထမ်းတစ်ဦးလျှင် ကျပ်နှစ်သောင်းဖြစ်ကြောင်း သိရသည်။

``အစိုးရကတော့ စက်တင်ဘာ ၁ ရက်နေ့ကစပြီး လုပ်ကွက်တွေ လုပ်ခွင့်ပြုလိုက်ပါပြီ၊ ဒါပေမယ့် KIA အဖွဲ့ ကတော့ လုပ်ငန်းမစခင် ဆက်ကြေးကောက်နေပြီ၊ တောင်းတဲ့ဆက်ကြေးတွေက ခေါင်းစဉ်အမျိုးမျိုးနဲ့ဆိုတော့ များလွန်းတယ်၊ ပြန်လုပ်မယ့် ကုမ္ပဏီတွေလည်း စဉ်းစားနေကြတယ်´´ ဟု ကုမ္ပဏီလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် လုပ်ငန်းခွင်များ စက်တင်ဘာ ၁ ရက်နေ့မှစကာ ပြန်လည်လုပ်ကိုင်မည် ဖြစ်သော်လည်း KIA အဖွဲ့၏ ဆက်ကြေးကောက်ခံမှုများ၊ မကြာမီရက်ပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများ ကြောင့် နယ်မြေဒေသလုံခြုံရေးမှာ စိတ်ချရမှုမရှိသေးသဖြင့် ကုမ္ပဏီလုပ်ကွက်များ စတင်ရန် အခက်အခဲရှိနေ ကြောင်း လည်း ကျောက်မျက်လုပ်ငန်းရှင် ဦးတင်အောင်က ပြောကြားသွားသည်။

ထွန်းနေအောင်(ဖားကန့်)
Kachin Daily News
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် ကျောက်တူးဖော်မှု လုပ်ငန်းများကို စက်တင်ဘာ ၁ ရက်နေ့မှစ၍ နိုင်ငံတော်အစိုးရမှ တူးဖော်ခွင့်ပြုလိုက်ပြီဖြစ်ရာ ကျောက်မျက်ကုမ္ပဏီများအား ကချင် လွတ် လပ် ရေးတပ်မတော်(KIA)အဖွဲ့မှ ဆက်ကြေးကောက်ခံနေကြောင်း ယင်းလုပ်ငန်းရှင်များထံမှ သိရသည်။
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆိပ်မူကျေးရွာအုပ်စု၊ ဟောင်းပါးကျေးရွာ အုပ်စု၊ ဝှေခါကျေးရွာ များရှိ မှော်လုပ်ကွက်များအတွင်း ကျောက်စိမ်းတူးဖော်မည့် ကုမ္ပဏီလုပ်ငန်းရှင်များအား KIA အဖွဲ့မှ ဆင့်ခေါ်စာဖြင့် ခေါ်ယူတွေ့ ဆုံခြင်းဖြစ်ကြောင်း သိရသည်။

``ကုမ္ပဏီလောပန်းတွေကတော့ မသွားဘူး၊ ကုမ္ပဏီကိုယ်စားလှယ်တွေတစ်ချို့သွားတာ မြင်တယ်၊ ကြားရ တာ ကတော့ KIA အဖွဲ့က ဆင့်ခေါ်လို့ အောင်ဘာလေရွာကို သွားကြတာလို့ ပြောကြတာပဲ´´ ဟု ကျောက်မျက် ကုမ္ပဏီတစ်ခုမှ လုပ်သားတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ သတ်မှတ်ထားသော တစ်နှစ်စာ ဆက်ကြေးငွေမှာ ကုမ္ပဏီလုပ်ကွက် ပေ ၂၀၀ ပတ်လည် အကျယ် တစ်ကျင်းလျှင် ကျပ်သိန်း(၅၀)၊ ဘက်ဟိုးယာဉ်တစ်စီးလျှင် ကျပ်သိန်း(၂၀)၊ မြေ သယ်ယာဉ် တစ်စီး လျှင် ကျပ် (၁၅)သိန်း၊ ၀န်ထမ်းတစ်ဦးလျှင် ကျပ်နှစ်သောင်းဖြစ်ကြောင်း သိရသည်။

``အစိုးရကတော့ စက်တင်ဘာ ၁ ရက်နေ့ကစပြီး လုပ်ကွက်တွေ လုပ်ခွင့်ပြုလိုက်ပါပြီ၊ ဒါပေမယ့် KIA အဖွဲ့ ကတော့ လုပ်ငန်းမစခင် ဆက်ကြေးကောက်နေပြီ၊ တောင်းတဲ့ ဆက်ကြေးတွေက ခေါင်းစဉ်အမျိုးမျိုးနဲ့ ဆိုတော့ များလွန်းတယ်၊ ပြန်လုပ်မယ့် ကုမ္ပဏီတွေလည်း စဉ်းစားနေကြတယ်´´ ဟု ကုမ္ပဏီလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် လုပ်ငန်းခွင်များ စက်တင်ဘာ ၁ ရက်နေ့မှစကာ ပြန်လည်လုပ်ကိုင် မည် ဖြစ်သော်လည်း KIA အဖွဲ့၏ ဆက်ကြေးကောက်ခံမှုများ၊ မကြာမီရက်ပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက် ပွဲများ ကြောင့် နယ်မြေဒေသလုံခြုံရေးမှာ စိတ်ချရမှုမရှိသေးသဖြင့် ကုမ္ပဏီလုပ်ကွက်များ စတင်ရန် အခက် အခဲရှိနေ ကြောင်း လည်း ကျောက်မျက်လုပ်ငန်းရှင် ဦးတင်အောင်က ပြောကြားသွားသည်။

ထွန်းနေအောင်(ဖားကန့်)
Kachin Daily News

No comments:

Post a Comment