Thursday 21 August 2014

အလုပ်မပြနိုင်သည့် သင်္ဘောသား ကုမ္ပဏီသုံးခု လုပ်ငန်းလိုင်စင် ပြန်အပ်

သင်္ဘောသားကိုယ်စား လှယ်လုပ်ငန်းလိုင်စင် (SRPS) ယာယီ ထုတ်ပေးထားသည့် ကုမ္ပဏီများအနက် သင်္ဘောသား ပို့ဆောင်ပေးနိုင်ခြင်း မရှိသည့် ကုမ္ပဏီ ၃ ခု လုပ်ငန်းလိုင်စင်ပြန်အပ်ခဲ့ကြောင်း ရေကြော င်းညွှန်ကြားမှူး ဦးစီးဌာနမှ သတင်းရရှိသည်။
ဘသန်းကုမ္ပဏီ၊ Onward ကုမ္ပဏီနှင့် Express Way ကုမ္ပဏီတို့သည် သင်္ဘောသားမပို့ဆောင်နိုင်၍ လိုင်စင်ပြန်လည်အပ်နှံခဲ့ကြောင်း သင်္ဘောသားဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတိုးမြင့်က ပြောသည်။ သင်္ဘောသားနှင့် ပတ်သက်သည့် အမှုအခင်းများပိုမိုဖြစ်လာ သည့်အတွက် ရေကြောင်းညွှန် ကြားမှုဦးစီး ဌာနမှ သင်္ဘောသားအလုပ်အကိုင်ကြီးကြပ်ရေး ဌာန ခွဲနှင့် နိုင်ငံခြားရှိ ကုမ္ပဏီများ စာချုပ်ချုပ်ဆို ဆောင်ရွက် ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ဒေသခံကိုယ်စားလှယ်ထားရှိကာ သင်္ဘောသားစုဆောင်းခြင်းနှင့် အလုပ်နေရာချထားခြင်းဆိုင်ရာ ၀န်ဆောင်မှုအတွက် သင်္ဘောသားကိုယ်စားလှယ်လုပ်ငန်းလိုင်စင် (SRPS) ကို ပြောင်း လဲ ထုတ်ပေးခဲ့သည်။

SRPS လိုင်စင်ရ ကုမ္ပဏီများသည် သင်္ဘောသားများအပေါ် တာဝန်ယူမှု ပိုရှိစေရန် စည်းကမ်းချက်များ သတ်မှတ်ထားပြီး ချိုးဖောက်မှုရှိပါက ကုမ္ပဏီပိတ်သိမ်းသည်အထိ အရေးယူမှုပြုလုပ်မည်ဟု သိရသည်။

လိုင်စင်ရပြီးသည့် ကုမ္ပဏီ များအနက် WGM ကုမ္ပဏီ၊ Parita ကုမ္ပဏီနှင့် Glory Marine ကုမ္ပဏီတို့အား သင်္ဘောသားများအပေါ် တာဝန်ယူမှုအားနည်းပြီး သတ်မှတ်ချက်နှင့် မညီသည့်အတွက် လုပ်ငန်းဆောင် ရွက် ခွင့် ရပ်ဆိုင်း ထားသည်ဟု သိရသည်။

SRPS လိုင်စင်ကို ယာယီ တစ်နှစ်သက်တမ်းဖြင့် ထုတ်ပေးထားပြီး ကုမ္ပဏီများကို သတ်မှတ်ထားသော စည်းကမ်းနှင့်အညီ လုပ်ကိုင်ခြင်းရှိ၊ မရှိ စစ်ဆေးကာ သုံးနှစ်သက်တမ်း လိုင်စင်ထုတ်ပေးသွားမည်ဟု ဆိုသည်။ လက်ရှိတွင် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ လာရောက်လျှောက်ထားသည့် ကုမ္ပဏီများအနက် ၁၄၇ ခုအား SRPS လိုင်စင်ထုတ်ပေးပြီး ဖြစ်သည်။

7Day DAILY

No comments:

Post a Comment