Thursday 21 August 2014

လိုက်ဘေးရီယား၌ အီဘိုလာထိန်းချုပ်ရန် ညမထွက်ရအမိန့်ထုတ် မြို့လယ်ဝင်ထွက်သွားလာမှုကို ပိတ်ဆို့ကန့်သတ်ထားမည်

Photo: လိုက်ဘေးရီယား၌ အီဘိုလာထိန်းချုပ်ရန် ညမထွက်ရအမိန့်ထုတ် မြို့လယ်ဝင်ထွက်သွားလာမှုကို ပိတ်ဆို့ကန့်သတ်ထားမည်
Thursday, August 21, 2014

လိုက်ဘေးရီးယားနိုင်ငံတွင် အသေအပျောက်များသည့် အီဘိုလာရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်ပြီး မြို့တော်မွန်ရိုဗီးယားဒေသကို သီးသန့်ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်လိုက်သည်။

အဆိုပါ ညမထွက်ရအမိန့်သည် ည ၉ နာရီမှ နံနက် ၆ နာရီအထိဖြစ်ကြောင်း သမ္မတအယ်လင်ဂျွန်ဆင် ဆာလိဖ်ကပြောသည်။ လှုပ်ရှားမှုအားလုံး ဝက်စ်ပွိုင့်နေအတွင်း အဝင်အထွက်ပိတ်ဆို့ထားဖွယ်ရှိကြောင်း ၎င်းကပြောသည်။

ထိုအတောအတွင်း လွန်ခဲ့သောသီတင်းပတ်က အီဘိုလာနှင့်အတူ စတင်စမ်းသပ်မှုပြုလုပ်ခဲ့သော ဆရာဝန်သုံးဦး၏ စမ်းသပ်မှု တိုးတက်မှုရှိကြောင်း လိုက်ဘေးရီးယားဝန်ကြီး တစ်ဦးကပြောသည်။

အဆိုပါ ဆေးဝါးဖြင့် နိုင်ဂျီးရီး ယားတစ်ဦးနှင့် ရောဂါကူးစက်ခံနေရသော လိုက်ဘေးရီးယားဆရာဝန်နှစ်ဦးအား စမ်းသပ်ကုသခဲ့ကြောင်း၊ အဆိုပါရောဂါဗိုင်းရပ်စ် ကူးစက်ခံနေရသည့် အခြားသူများကိုလည်း ကာကွယ်ပေးနိုင်ကြောင်း ပြန်ကြားရေးဝန် ကြီးလူးဝစ်ဘရောင်းကပြောသည်။

လိုက်ဘေးရီးယားနိုင်ငံတွင် ယခု လ အစောပိုင်းက အဆိုပါရောဂါ ထိန်းချုပ်နိုင်ရေး အရေးပေါ်အခြေ အနေကြေညာခဲ့ရသည်။ သို့သော် လည်း သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်ခဲ့သည်။

စနေနေ့က ဝက်စ်ပွိုင့်ဗဟိုကျန်း မာရေးဌာနတိုက်ခိုက်ခံရပြီး အီဘိုလာသံသယရှိသူ ၁၇ ဦးပျောက်ဆုံးသွား ခဲ့သည်။ အီဘိုလာရောဂါသည် ကုသနိုင်ခြင်းမရှိသည့် ရောဂါဖြစ်သည်။

သို့သော်လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) က မစမ်းသပ်ရသေးသော ဆေးဝါးများကို အနောက်အာဖရိက၌ ဖြစ်ပွားနေသော အဆိုပါရောဂါထိန်းချုပ်ရန် အသုံးပြုနိုင်ဖွယ်ရှိကြောင်း ပြောကြားလိုက်သည်။ ယခု နှစ်ရောဂါစတင်ဖြစ်ပွားပြီးကတည်းက ယင်းရောဂါဖြင့် သေဆုံးသူ ၁၂၂၉ ဦး ရှိသွားပြီဖြစ်သည်။

(ဘီဘီစီ)
Myanmaalinn
လိုက်ဘေးရီးယားနိုင်ငံတွင် အသေအပျောက်များသည့် အီဘိုလာရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် ညမ ထွက်ရအမိန့်ကိုထုတ်ပြန်လိုက်ပြီး မြို့တော်မွန်ရိုဗီးယားဒေသကို သီးသန့်ကန့်သတ်နယ်မြေအဖြစ် သတ် မှတ် လိုက်သည်။
အဆိုပါ ညမထွက်ရအမိန့်သည် ည ၉ နာရီမှ နံနက် ၆ နာရီအထိဖြစ်ကြောင်း သမ္မတအယ်လင်ဂျွန်ဆင် ဆာလိဖ်ကပြောသည်။ လှုပ်ရှားမှုအားလုံး ဝက်စ်ပွိုင့်နေအတွင်း အဝင်အထွက်ပိတ်ဆို့ထားဖွယ်ရှိကြောင်း ၎င်းကပြောသည်။

ထိုအတောအတွင်း လွန်ခဲ့သောသီတင်းပတ်က အီဘိုလာနှင့်အတူ စတင်စမ်းသပ်မှုပြုလုပ်ခဲ့သော ဆရာဝန် သုံးဦး၏ စမ်းသပ်မှု တိုးတက်မှုရှိကြောင်း လိုက်ဘေးရီးယားဝန်ကြီး တစ်ဦးကပြောသည်။

အဆိုပါ ဆေးဝါးဖြင့် နိုင်ဂျီးရီး ယားတစ်ဦးနှင့် ရောဂါကူးစက်ခံနေရသော လိုက်ဘေးရီးယားဆရာဝန်နှစ်ဦး အား စမ်းသပ်ကုသခဲ့ကြောင်း၊ အဆိုပါရောဂါဗိုင်းရပ်စ် ကူးစက်ခံနေရသည့် အခြားသူများကိုလည်း ကာကွယ်ပေးနိုင်ကြောင်း ပြန်ကြားရေးဝန် ကြီးလူးဝစ်ဘရောင်းကပြောသည်။

လိုက်ဘေးရီးယားနိုင်ငံတွင် ယခုလအစောပိုင်းက အဆိုပါရောဂါ ထိန်းချုပ်နိုင်ရေး အရေးပေါ်အခြေ အနေကြေညာခဲ့ရသည်။ သို့သော် လည်း သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်ခဲ့သည်။

စနေနေ့က ဝက်စ်ပွိုင့်ဗဟိုကျန်း မာရေးဌာနတိုက်ခိုက်ခံရပြီး အီဘိုလာသံသယရှိသူ ၁၇ ဦးပျောက်ဆုံးသွား ခဲ့သည်။ အီဘိုလာရောဂါသည် ကုသနိုင်ခြင်းမရှိသည့် ရောဂါဖြစ်သည်။

သို့သော်လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) က မစမ်းသပ်ရသေးသော ဆေးဝါးများကို အနောက် အာဖရိက ၌ ဖြစ်ပွားနေသော အဆိုပါရောဂါထိန်းချုပ်ရန် အသုံးပြုနိုင်ဖွယ်ရှိကြောင်း ပြောကြားလိုက်သည်။ ယခု နှစ်ရောဂါစတင်ဖြစ်ပွားပြီးကတည်းက ယင်းရောဂါဖြင့် သေဆုံးသူ ၁၂၂၉ ဦး ရှိသွားပြီဖြစ်သည်။

(ဘီဘီစီ)
Myanmaalinn

No comments:

Post a Comment