Saturday 13 December 2014

ဗန်းပြဆွေးနွေးပွဲများကို အလိုမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: ဗန်းပြဆွေးနွေးပွဲများကို အလိုမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Saturday, December 13, 2014 

စစ်မှန်သောဆွေးနွေးပွဲသာ အမှန်တကယ်အရေးကြီးပြီး ဗန်းပြဆွေးနွေးပွဲများကို
အလိုမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က
ပါတီ၏ ပထမအကြိမ်ဗဟိုကော်မတီ စတုတ္ထအကြိမ်အစည်းအဝေးတွင်
ပြောကြားလိုက်သည်။

၂၀၁၃ ခုနှစ်ကတည်းက တောင်းဆိုခဲ့သော လေးပွင့်ဆိုင် ဆွေးနွေးပွဲနှင့်
လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုသော ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ
တို့ကို သူမ ထောက်ခံကြောင်း၊ သို့သော် ထိရောက်မည့် ဆွေးနွေးပွဲများကို
မဖြစ်အောင် လမ်းလွဲရန် ပြုလုပ်နေသည့် ခြေလှမ်းများကိုမူ မထောက်ခံကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ကျွန်မဟာ ၂၀၁၃ ခုနှစ်ကတည်းက လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဆိုပြီး
တောင်းဆိုခဲ့ပါတယ်။ ဘာကြောင့်လေးပွင့်ဆိုင်ကိုတောင်းဆိုခဲ့သလဲဆိုတော့
စတင်ပြီးတော့ ဆွေးနွေးတဲ့နေရာမှာ ထိရောက်ဖို့လိုပါတယ်။ ပွင့်ပွင့်လင်းလင်းနဲ့
ညှိနှိုင်းတိုင်ပင်ဖို့လိုပါတယ်။ ကျွန်မတို့က နောင်မှ အကျယ်ကျယ် လုပ်သွားချင်တာ
ဟာ အစမှာ ပွင့်ပွင့်လင်းလင်းနဲ့ မဆွေးနွေးနိုင်လို့ရှိရင်၊ နောင်ဆက်ပြီးတော့
ထိရောက်ဖို့ဆိုတာဟာ မလွယ်ပါဘူး။ ပါဝင်တဲ့သူတွေများလို့ရှိရင်၊ သဘောတရား
တွေများလို့ရှိရင်၊ ကွဲလွဲမှုတွေများလို့ရှိရင်စပြီးတော့ နားလည်မှုယူဖို့က ခက်ခဲတတ်
ပါတယ်။ ဒါကြောင့် ကျွန်မတို့က လက်တွေ့ကျကျတောင်းဆိုတာဖြစ်ပါတယ်။
ကန့်သတ်ချင်လို့မဟုတ်ပါဘူး။ အများမပါဝင်တာကို မလိုလားလို့မဟုတ်ပါဘူး။
လက်တွေ့ကျကျ ထိရောက်တဲ့ ဆွေးနွေးပွဲတွေဖြစ်စေချင်လို့ ကျွန်မတို့က
လေးပွင့်ဆိုင်ကို တောင်ဆိုတာဖြစ်ပါတယ်။ လွှတ်တော်အထဲမှာ ခြောက်ပွင့်
ဆိုတဲ့သဘောနဲ့ အဆိုပြုပြီးတော့ အားလုံးက ထောက်ခံတဲ့အပေါ်မှာလည်း
ကျွန်မတို့က ထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သဘောတရားအရ
မကွာပါဘူး။ ကျွန်မတို့တောင်းဆိုတဲ့ ဘေးပွင့်ဆိုင်ဆိုတဲ့ သဘောတရားနဲ့
လွှတ်တော်အတွင်းမှာ တောင်းဆိုတဲ့ ခြောက်ပွင့်ဆိုင်ဆိုတဲ့ သဘောတရားများ
ဟာ တူညီမှုရှိတယ်လို့မြင်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ဒါကို လက်ခံပါတယ်။
ဒါပေမဲ့ ဒီလိုထိရောက်မယ့် ဆွေးနွေးပွဲတွေကို မဖြစ်အောင်လို့ အမျိုးမျိုး လမ်းလွဲဖို့
လုပ်တဲ့ခြေလှမ်းတွေကိုတော့ ကျွန်မတို့ အားမပေးပါဘူး။ မထောက်ခံပါဘူး။” ဟု
ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေးအဖွင့်တွင် ထည့်သွင်းပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံအတွက် အရေးကြီးသည်မှာ တွေ့ဆုံဆွေးနွေးရေးကို
မူအဖြစ်ချမှတ်ခဲ့ပြီး တွေ့ဆုံဆွေးနွေးရေးအားဖြင့် ရရှိလာသော
အမျိုးသားရင်ကြားစေ့ရေးအားဖြင့်သာ မြန်မာနိုင်ငံကို ညီညွတ်သော၊
တိုးတက်သော၊ အေးချမ်းသာယာသော နိုင်ငံဖြစ်နိုင်မည် ဆိုသည်မှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောက်ခဲ့သော ၁၉၈၈ ခုနှစ်
ကတည်းက ပါတီ၏ ခိုင်မာသော ယုံကြည်ချက်ဖြစ်ကြောင်း ဆက်လက်
ပြောကြားသည်။

“အခုဆိုလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝင်ခြင်းအားဖြင့် အခွင့်အလမ်း
တွေ အခွင့်အရေးတွေရလာမယ်။ ကိုယ်ပိုင်အခွင့်အရေးတွေ ကောင်းမွန်လာမယ်
လို့ ထင်တဲ့သူတွေလည်းရှိပါတယ်။ ကျွန်မတို့အဖွဲ့ဝင်များဟာ ဒီမိုကရေစီ
အတွက်လုပ်နေတာ၊ နိုင်ငံအတွက်လုပ်နေတာ ဆိုတာ သဘောပေါက်ဖို့ပါတယ်။
တစ်ဦးချင်းတစ်ဦးချင်း ချမ်းသာဖို့အတွက်၊ တစ်ဦးချင်းတစ်ဦးချင်း သြဇာရှိဖို့
အတွက်၊ တစ်ဦးချင်းတစ်ဦးချင်း အာဏာရှိဖို့အတွက် လုပ်နေတာ မဟုတ်ဘူး
ဆိုတာ ကျွန်မ သတိပေးချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က
ပါတီဝင်များကို ပြောကြားခဲ့သည်။

ဗဟိုကော်မတီအစည်းအဝေးတွင် အစီရင်ခံစာတင်သွင်းခြင်းမှာ အဓိကကျသော
အလုပ်မဟုတ်ကြောင်းနှင့် အဓိကျသော အလုပ်မှာ နိစ္စဓူဝ ပြည်သူများနှင့်
ထိတွေ့ပြီး ပြည်လူထု၏ စိုးရိမ်ကြောင့်ကျမှုများ၊ လိုအပ်ချက်များ၊ မျှော်မှန်းချက်
များကို သေသေချာချာ အကောင်အထည်ဖော်ပေးနိုင်မှသာလျှင် ပြည်သူနှင့်
လက်တွဲ၍ လိုချင်သော ဒီမိုကရေစီကို ထူထောင်နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောကြားသွားသည်။

ယနေ့ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲချုပ် ပထမအကြိမ်ဗဟိုကောင်မတီ
စတုတ္ထအစည်းအဝေးကို သဘာပတိအဖြစ် ရန်ခိုင်ပြည်နယ်မှ ဦးညီပုက
ဆောင်ရွက်ပြီး ဒီဇင်ဘာ ၁၃ နှင့် ၁၄ ရက်များတွင်ကျင်းပမည်ဖြစ်ဖြစ်ကာ ပါတီ၏
ရေးရာကော်မတီများနှင့် တိုင်းသေကြီး၊ ပြည်နယ်များ၏ ဗဟိုကောင်မတီဝင်များက
အစီအရင်ခံစာများတင်သွင်းဆွေးနွေးသွားမည်ဟု သိရသည်။

သော်ဇင်စိုး
The Myanma Age
စစ်မှန်သောဆွေးနွေးပွဲသာ အမှန်တကယ်အရေးကြီးပြီး ဗန်းပြဆွေးနွေးပွဲများကို အလိုမရှိကြောင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီ၏ပထမအကြိမ်ဗဟိုကော်မတီ စတုတ္ထ အကြိမ် အစည်းအဝေးတွင် ပြောကြားလိုက်သည်။

၂၀၁၃ ခုနှစ်ကတည်းက တောင်းဆိုခဲ့သော လေးပွင့်ဆိုင် ဆွေးနွေးပွဲနှင့် လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုသော ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲတို့ကို သူမထောက်ခံကြောင်း၊ သို့သော် ထိရောက်မည့် ဆွေး နွေးပွဲများကိုမဖြစ်အောင် လမ်းလွဲရန်ပြုလုပ်နေသည့် ခြေလှမ်းများကိုမူ မထောက်ခံကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။

“ကျွန်မဟာ ၂၀၁၃ ခုနှစ်ကတည်းက လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဆိုပြီး တောင်းဆိုခဲ့ပါတယ်။ ဘာ ကြောင့် လေးပွင့်ဆိုင်ကိုတောင်းဆိုခဲ့သလဲဆိုတော့ စတင်ပြီးတော့ ဆွေးနွေးတဲ့နေရာမှာ ထိရောက်ဖို့ လိုပါ တယ်။ ပွင့်ပွင့်လင်းလင်းနဲ့ ညှိနှိုင်းတိုင်ပင်ဖို့လိုပါတယ်။ ကျွန်မတို့က နောင်မှ အကျယ်ကျယ် လုပ်သွား ချင်တာဟာ အစမှာ ပွင့်ပွင့်လင်းလင်းနဲ့ မဆွေးနွေးနိုင်လို့ရှိရင်၊ နောင်ဆက်ပြီးတော့ ထိရောက်ဖို့ဆိုတာဟာ မလွယ်ပါဘူး။ ပါဝင်တဲ့သူတွေများလို့ရှိရင်၊ သဘောတရားတွေများလို့ရှိရင်၊ ကွဲလွဲမှုတွေများလို့ ရှိရင် စပြီးတော့ နားလည်မှုယူဖို့က ခက်ခဲတတ်ပါတယ်။ ဒါကြောင့် ကျွန်မတို့က လက်တွေ့ကျကျ တောင်းဆို တာဖြစ်ပါတယ်။ ကန့်သတ်ချင်လို့မဟုတ်ပါဘူး။ အများမပါဝင်တာကို မလိုလားလို့မဟုတ်ပါဘူး။ လက်တွေ့ ကျကျ ထိရောက်တဲ့ ဆွေးနွေးပွဲတွေဖြစ်စေချင်လို့ ကျွန်မတို့က လေးပွင့်ဆိုင်ကို တောင်ဆိုတာဖြစ်ပါတယ်။ လွှတ်တော်အထဲမှာ ခြောက်ပွင့်ဆိုတဲ့သဘောနဲ့ အဆိုပြုပြီးတော့ အားလုံးက ထောက်ခံတဲ့အပေါ်မှာလည်း
ကျွန်မတို့က ထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သဘောတရားအရ မကွာပါဘူး။ ကျွန်မတို့ တောင်းဆို တဲ့ ဘေးပွင့်ဆိုင်ဆိုတဲ့ သဘောတရားနဲ့ လွှတ်တော်အတွင်းမှာ တောင်းဆိုတဲ့ ခြောက်ပွင့်ဆိုင် ဆိုတဲ့ သဘောတရားများဟာ တူညီမှုရှိတယ်လို့မြင်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ဒါကို လက်ခံပါတယ်။
ဒါပေမဲ့ ဒီလိုထိရောက်မယ့် ဆွေးနွေးပွဲတွေကို မဖြစ်အောင်လို့ အမျိုးမျိုး လမ်းလွဲဖို့ လုပ်တဲ့ခြေလှမ်းတွေ ကိုတော့ ကျွန်မတို့ အားမပေးပါဘူး။ မထောက်ခံပါဘူး။” ဟု ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေး အဖွင့် တွင် ထည့်သွင်းပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံအတွက် အရေးကြီးသည်မှာ တွေ့ဆုံဆွေးနွေးရေးကို မူအဖြစ်ချမှတ်ခဲ့ပြီး တွေ့ဆုံ ဆွေးနွေး ရေးအားဖြင့် ရရှိလာသော အမျိုးသားရင်ကြားစေ့ရေးအားဖြင့်သာ မြန်မာနိုင်ငံကို ညီညွတ်သော၊
တိုးတက်သော၊ အေးချမ်းသာယာသော နိုင်ငံဖြစ်နိုင်မည် ဆိုသည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောက်ခဲ့သော ၁၉၈၈ ခုနှစ်ကတည်းက ပါတီ၏ ခိုင်မာသော ယုံကြည်ချက်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

“အခုဆိုလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝင်ခြင်းအားဖြင့် အခွင့်အလမ်းတွေ အခွင့်အရေးတွေ ရလာမယ်။ ကိုယ်ပိုင်အခွင့်အရေးတွေ ကောင်းမွန်လာမယ်လို့ ထင်တဲ့သူတွေလည်းရှိပါတယ်။ ကျွန်မတို့ အဖွဲ့ဝင်များဟာ ဒီမိုကရေစီအတွက်လုပ်နေတာ၊ နိုင်ငံအတွက်လုပ်နေတာ ဆိုတာ သဘောပေါက်ဖို့ ပါတယ်။ တစ်ဦးချင်းတစ်ဦးချင်း ချမ်းသာဖို့အတွက်၊ တစ်ဦးချင်းတစ်ဦးချင်း သြဇာရှိဖို့ အတွက်၊ တစ်ဦးချင်း တစ်ဦးချင်း အာဏာရှိဖို့အတွက် လုပ်နေတာ မဟုတ်ဘူးဆိုတာ ကျွန်မ သတိပေးချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်များကို ပြောကြားခဲ့သည်။

ဗဟိုကော်မတီအစည်းအဝေးတွင် အစီရင်ခံစာတင်သွင်းခြင်းမှာ အဓိကကျသောအလုပ်မဟုတ်ကြောင်းနှင့် အဓိကျသော အလုပ်မှာ နိစ္စဓူဝ ပြည်သူများနှင့် ထိတွေ့ပြီး ပြည်လူထု၏ စိုးရိမ်ကြောင့်ကျမှုများ၊ လိုအပ် ချက်များ၊ မျှော်မှန်းချက်များကို သေသေချာချာ အကောင်အထည်ဖော်ပေးနိုင်မှသာလျှင် ပြည်သူနှင့် လက် တွဲ၍ လိုချင်သော ဒီမိုကရေစီကို ထူထောင်နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောကြားသွားသည်။

ယနေ့ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲချုပ် ပထမအကြိမ်ဗဟိုကောင်မတီ စတုတ္ထအစည်းအဝေးကို သဘာပတိအဖြစ် ရန်ခိုင်ပြည်နယ်မှ ဦးညီပုက ဆောင်ရွက်ပြီး ဒီဇင်ဘာ ၁၃ နှင့် ၁၄ ရက်များတွင် ကျင်းပမည်ဖြစ်ဖြစ်ကာ ပါတီ၏ရေးရာကော်မတီများနှင့် တိုင်းသေကြီး၊ ပြည်နယ်များ၏ ဗဟိုကောင်မတီ ဝင်များကအစီအရင်ခံစာများတင်သွင်းဆွေးနွေးသွားမည်ဟု သိရသည်။

သော်ဇင်စိုး
The Myanmar Age

No comments:

Post a Comment