Saturday 13 December 2014

ပါဝါအိတ်ဇောတပ်ယာဉ်များအားအရေးယူပြီးပါက မူလပိုင်ရှင်များအား ပြန်ပေးမည်ဟုဆို

Photo: ပါဝါအိတ်ဇောတပ်ယာဉ်များအားအရေးယူပြီးပါက မူလပိုင်ရှင်များအား ပြန်ပေးမည်ဟုဆို
Saturday, December 13, 2014

 ဖမ်းဆီးထားသော ပါဝါ အိတ်ဇောတပ်ယာဉ်များ၊ ပြိုင် ကားများအား တည်ဆဲဥပဒေများ အရ အရေးယူမည်ဖြစ်ပြီး ထိုသို့ အရေးယူမှုများပြုလုပ်ပြီးပါက မူလပိုင်ရှင်များကို ယာဉ်များ ပြန်လည်ထုတ်ပေးမည်ဖြစ်ပြီး ရိုးရိုးအိတ်ဇောများ ပြောင်းလဲအသုံးပြုရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သို့သော် မည်သည့်ကာလ တွင် ပြန်လည်ပေးအပ်မည်ကို အတိအကျမပြောနိုင်သေးကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြော သည်။‘‘ဖမ်းထားတာနဲ့ပတ်သက် ပြီး ဥပဒေအရ အရေးယူမှာဖြစ် ပါတယ်။ ဒီယာဉ်တွေဟာ တရား ဝင်ဟုတ်၊ မဟုတ် ကညနနဲ့ စစ် ခိုင်းထားပြီ။ ကညနစစ်တဲ့အပေါ် မှာ အဖြေတစ်ခုရမယ်။ ၁၉၈၉ ခုနှစ် မော်တော်ယာဉ်နည်းဥပဒေ နဲ့ စည်ပင်ဥပဒေတွေအရ အရေး ယူသွားမှာပါ’’ဟု ဗိုလ်မှူးကြီး တင်ဝင်းက ပြောသည်။

ဖမ်းဆီးခံရသည့် ယာဉ်များ တွင် နိုင်ငံ့တာဝန်ထမ်းဆောင်နေ သော တာဝန်ရှိသူများ၏ သား သမီးများပါဝင်လာပါကလည်း တန်းတူအရေးယူမှုပြုလုပ်သွား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘လူကြီးသားသမီးတွေပါ တယ်လို့ တော်တော်များများပြော နေကြတယ်။ ဘယ်သူကတော့ သာစေ၊ ဘယ်သူကတော့နာစေ ဆိုတာမရှိဘူးလေ။ အားလုံးကို တစ်ပြေးညီ အရေးယူမယ်’’ ဟု ၎င်းက ဆိုသည်။

ဖော်ပြပါမော်တော်ယာဉ် ဥပဒေတွင် ဆူညံစွာမောင်းနှင် ခြင်းမပြုရဟု ပြဋ္ဌာန်းချက်တစ်ရပ် ပါရှိပြီးယင်းပြဋ္ဌာန်းချက်နှင့် ငြိစွန်း သဖြင့် ယခုကဲ့သို့ အရေးယူခြင်း ဖြစ်ကာ လိုင်စင်ကို ကာလအကန့် အသတ်တစ်ခုပိတ်ပင် အရေးယူနိုင်ကြောင်း ၎င်းကပြောသည်။

အထက်ပါ ပါဝါအိတ်ဇော တပ်ယာဉ်များ ဖမ်းဆီးမှုများကို ယခုလ ၆ ရက်ညမှစတင်ကာ ညစဉ်ဖမ်းဆီးလျက်ရှိပြီး ခုနစ် ရက်အတွင်း ယာဉ်အစီး ၇၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံးဝင်းအတွင်း သိမ်းဆည်းထားသည်။

ထိုကဲ့သို့ ဖမ်းဆီးမှုများပြု လုပ်ရာတွင် ပိတ်ဆို့ဖမ်းဆီးသည့် ကြားမှ ထွက်ပြေးမှုများရှိပြီး အချို့မှာ ဖမ်းဆီးသူများကို ခြိမ်း ခြောက်ပြောဆိုရန်ရှာခြင်းများရှိ သဖြင့် တရားစွဲဆိုရခြင်းလည်းရှိ ကြောင်း ယာဉ်ထိန်းတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ဖမ်းဆီးမှုများကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့က စီမံချက်များ ချမှတ်အရေးယူခြင်းဖြစ်သည့် အတွက် ကာလသတ်မှတ်ချက်မရှိ ဖမ်းဆီးနေခြင်းဖြစ်ကာ ပါဝါအိတ် ဇောတပ်ယာဉ်များ လျော့နည်း သွားသည်အထိ ဆက်တိုက်လုပ် ဆောင်မည်ဖြစ်ကြောင်း ဗိုလ်မှူး ကြီးတင်ဝင်းက ပြောသည်။

7Day DAILY 

ပါဝါအိတ်ဇောတပ်ယာဉ်များ ဖမ်းဆီးအရေးယူမှုကြောင့် အိတ်ဇောပြန်ဖြုတ်မှု များလာသည် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ပါဝါအိတ်ဇောတပ်ယာဉ်များ ဖမ်းဆီးအရေးယူမှုကြောင့် အိတ်ဇောပြန်ဖြုတ်မှု များလာသည် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
 ဖမ်းဆီးထားသော ပါဝါ အိတ်ဇောတပ်ယာဉ်များ၊ ပြိုင်ကားများအား တည်ဆဲဥပဒေများအရ အရေး ယူမည်ဖြစ်ပြီး ထိုသို့ အရေးယူမှုများပြုလုပ်ပြီးပါက မူလပိုင်ရှင်များကို ယာဉ်များ ပြန်လည်ထုတ်ပေး မည်ဖြစ်ပြီး ရိုးရိုးအိတ်ဇောများ ပြောင်းလဲအသုံးပြုရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သို့သော် မည်သည့်ကာလ တွင် ပြန်လည်ပေးအပ်မည်ကို အတိအကျမပြောနိုင်သေးကြောင်း ရန်ကုန် တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောသည်။‘‘ဖမ်းထားတာနဲ့ ပတ်သက် ပြီး ဥပဒေအရ အရေးယူမှာဖြစ် ပါတယ်။ ဒီယာဉ်တွေဟာ တရား ဝင်ဟုတ်၊ မဟုတ် ကညနနဲ့ စစ် ခိုင်းထားပြီ။ ကညနစစ်တဲ့အပေါ် မှာ အဖြေတစ်ခုရမယ်။ ၁၉၈၉ ခုနှစ် မော်တော်ယာဉ်နည်းဥပဒေနဲ့ စည်ပင် ဥပဒေတွေအရ အရေး ယူသွားမှာပါ’’ဟု ဗိုလ်မှူးကြီး တင်ဝင်းက ပြောသည်။

ဖမ်းဆီးခံရသည့် ယာဉ်များတွင် နိုင်ငံ့တာဝန်ထမ်းဆောင်နေသော တာဝန်ရှိသူများ၏ သားသမီးများ ပါဝင်လာပါကလည်း တန်းတူအရေးယူမှုပြုလုပ်သွား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘လူကြီးသားသမီးတွေပါ တယ်လို့ တော်တော်များများပြော နေကြတယ်။ ဘယ်သူကတော့ သာစေ၊ ဘယ်သူ ကတော့နာစေ ဆိုတာမရှိဘူးလေ။ အားလုံးကို တစ်ပြေးညီ အရေးယူမယ်’’ ဟု ၎င်းက ဆိုသည်။

ဖော်ပြပါမော်တော်ယာဉ် ဥပဒေတွင် ဆူညံစွာမောင်းနှင် ခြင်းမပြုရဟု ပြဋ္ဌာန်းချက်တစ်ရပ် ပါရှိပြီး ယင်းပြဋ္ဌာန်း ချက်နှင့် ငြိစွန်း သဖြင့် ယခုကဲ့သို့ အရေးယူခြင်း ဖြစ်ကာ လိုင်စင်ကို ကာလအကန့် အသတ်တစ်ခု ပိတ်ပင် အရေးယူနိုင်ကြောင်း ၎င်းကပြောသည်။

အထက်ပါ ပါဝါအိတ်ဇော တပ်ယာဉ်များ ဖမ်းဆီးမှုများကို ယခုလ ၆ ရက်ညမှစတင်ကာ ညစဉ်ဖမ်းဆီး လျက်ရှိပြီး ခုနစ် ရက်အတွင်း ယာဉ်အစီး ၇၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံးဝင်း အတွင်း သိမ်းဆည်းထားသည်။

ထိုကဲ့သို့ ဖမ်းဆီးမှုများပြု လုပ်ရာတွင် ပိတ်ဆို့ဖမ်းဆီးသည့်ကြားမှ ထွက်ပြေးမှုများရှိပြီး အချို့မှာ ဖမ်းဆီးသူ များကို ခြိမ်းခြောက်ပြောဆိုရန်ရှာခြင်းများရှိသဖြင့် တရားစွဲဆိုရခြင်းလည်းရှိကြောင်း ယာဉ်ထိန်း တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ဖမ်းဆီးမှုများကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့က စီမံချက်များ ချမှတ်အရေးယူခြင်းဖြစ်သည့် အတွက် ကာလသတ်မှတ်ချက်မရှိ ဖမ်းဆီးနေခြင်းဖြစ်ကာ ပါဝါအိတ် ဇောတပ်ယာဉ်များ လျော့နည်း သွားသည်အထိ ဆက်တိုက်လုပ် ဆောင်မည်ဖြစ်ကြောင်း ဗိုလ်မှူး ကြီးတင်ဝင်းက ပြောသည်။

7Day DAILY 

No comments:

Post a Comment