Saturday 13 December 2014

အရှေ့မြောက်လေအေးများကြောင့် မြန်မာ့ပင်လယ်ပြင်သွား ရေယာဉ်များ သတိပြုရန် ဒေါက်တာထွန်းလွင်သတိပေး

ဒီဇင်ဘာဒုတိယပတ်အတွင်း တရုတ်ပြည်ဘက်မှ အားကောင်းသော အရှေ့မြောက်လေအေးများ ပြင်းထန် လာသောကြောင့် မြန်မာ့ပင်လယ်ပြင်တွင် သွားလာနေကြသော ရေယာဉ်များ လေပြင်းအန္တရာယ် သတိပြုရန် မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးသည်။

တရုတ်ပြည်မကြီးပေါ်တွင် ဒီဇင်ဘာ ၁၂ ရက်မှ ၁၄ ရက်အတွင်း လေဖိအားများ ရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်ကာ ယင်းအရှိန်ကိုမြန်မာနိုင်ငံဒေသအချို့တွင်ပါ ခံ စားရနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

‘‘တောင်ပိုင်းဒေသတွေမှာ ပုံမှန်ထက် အအေးပိုလာဖို့ရှိသလို တနင်္သာရီကမ်းရိုးတန်းနဲ့ ကမ်းလွန် ပင်လယ် ပြင်မှာ အရှေ့လေ ပြင်းများ ကျရောက် လာနိုင်ပါ တယ်’’ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

မိုး/ဇလဌာနကလည်း မြစ်ဝ ကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တန င်္သာရီကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် အရှေ့လေပြင်းများကြောင့် တစ် နာရီလေတိုက်နှုန်း ၃၅ မိုင်အထိ တိုက် ခတ်နိုင်ကြောင်း ပင်လယ် ရေပြင်သတိပေးချက် ထုတ်ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာပထမပတ်က ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်သည့် လေဖိအားနည်းရပ်ဝန်း တစ်ခုကြောင့် ဧရာဝ တီတိုင်းဒေသကြီးဖျာပုံနှင့် ဘိုကလေးမြို့နယ်အနီး မြန်မာ့ပင်လယ်ပြင်၌ လုပ်ငန်းခွင် ၀င်နေသည့် မြန်မာရေလုပ်သားများ လေပြင်းဒဏ်ခံခဲ့ရကာ ရေလုပ်သားဦးရေ ရာနှင့်ချီ၍ ပင်လယ်အတွင်း မျောပါသွားခဲ့သည်။ ၎င်းတို့ကို တပ်မတော်(ရေ)စစ်ရေယာဉ်များ၊ လုပ်ငန်းရှင်များ၏ စက်လှေများဖြင့် လိုက်၍ ကယ်ဆယ်ခဲ့ရသည်။

7Day DAILY

No comments:

Post a Comment