Saturday 13 December 2014

အလိုတော်ပြည့်ဆရာတော်အား ဒေါ်အောင်ဆန်းစုကြည် ဖူးမြော်စဉ် ရခိုင်ပြည်နယ်အရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲအကြောင်း အမြင်ချင်းဖလှယ်

ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေး၊ ရေရှည်ဖွံ့ဖြိုးတိုး တက်ရေးနှင့် ၂၀၁၅ ရွေးကောက် ပွဲကိစ္စရပ်များနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အလိုတော်ပြည့် ဆရာတော် ထံ ဒီဇင်ဘာ ၁၂ ရက်က လာရောက် ဖူးမြော်စဉ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၂ ရက်က တာ မွေမြို့နယ်ရှိ အလိုတော်ပြည့် ကျောင်းတိုက်သို့ လာရောက်ဖူးမြော်စဉ် ယင်းကဲ့ သို့ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း အလိုတော်ပြည့် ဆရာတော်၏ လက်ထောက် ဆရာတော် အရှင်ကုမာရက မိန့်ကြားသည်။

‘‘ဘယ်လိုဖြေရှင်းမလဲပေါ့။ နိုင်ငံရေးပါတီတွေ၊ ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းတွေ ပြည် သူတွေ ပူးပေါင်းပြီး တော့ပေါ့’’ဟု အရှင်ကုမာရက မိန့်ကြားသည်။

အရှင်ကုမာရက ယင်းကဲ့သို့ ဆွေးနွေးကြရာတွင် ရခိုင်ပြည်  နယ်တည်ငြိမ်ရေး၊ ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်ရေး ကိစ္စရပ်များအပြင် ၂၀၁၅ ရွေးကောက်ပွဲကိစ္စရပ်များ နှင့် စပ်လျဉ်း၍လည်း အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း ဆက်လက် မိန့်ကြားသည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ လူထု ထောက်ခံမှု ကျဆင်းလာသည်ဟုလည်း ဝေဖန်မှုများရှိခဲ့သည်။

ရခိုင်အမျိုးသားအင်အားစုများကမူ ဒေသတွင်းတည်ငြိမ် အေးချမ်းမှု လိုအပ်ကြောင်းနှင့် ရေရှည် သဟဇာတ ဖြစ်ရေးမှာ နိုင်ငံသားချင်းသာ ဆောင်ရွက်ရ မည်ဖြစ်ကြောင်းပြောသည်။

‘‘သဟဇာတ ဖြစ်ရေးက ရခိုင်တွေဘက်မှာ တာဝန်မရှိဘူး။ ဘင်္ဂါလီတွေရဲ့ နိုင်ငံသားဖြစ်ခွင့်၊ နိုင်ငံအပေါ် သစ္စာစောင့်သိမှုနဲ့ပဲ ဆိုင်တယ်။ နိုင်ငံသားမဟုတ်သူနဲ့ သဟဇာတဖြစ်ဖို့ ဆွေးနွေးမယ် ဆိုရင် သူတို့ကို နိုင်ငံသားသတ် မှတ်ပေးလိုက်သလို ဖြစ်သွား မယ်’’ဟု စစ်တွေမြို့မိမြို့ဖအဖွဲ့ ၀င် ဦးသန်းထွန်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သည် အလိုတော်ပြည့်ဆရာတော် ကြီးထံသို့ ၂၀၁၂ မှစ၍ သုံးကြိမ် လာရောက် ဖူးမြော်ခဲ့ကြောင်း သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment