Saturday 13 December 2014

ထိုင်းနိုင်ငံရှိ တရားမ၀င် မြန်မာအလုပ်သမားများအား စက်ရုံအရောက် အထောက်အထားထုတ်ပေးရန် နှစ်နိုင်ငံသဘောတူ

Photo: ထိုင်းနိုင်ငံရှိ တရားမ၀င် မြန်မာအလုပ်သမားများအား စက်ရုံအရောက် အထောက်အထားထုတ်ပေးရန် နှစ်နိုင်ငံသဘောတူ
Saturday, December 13, 2014 

စက်ရုံလုပ်ငန်းခွင် အထိသွားရောက်ကာ အထောက် အထားများ ထုတ်ပေးရန် ထိုင်း အစိုးရနှင့် ဒီဇင်ဘာ ၁၂ ရက်က သဘောတူစာချုပ် ချုပ်ဆိုခဲ့ ကြေင်း အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန မှ သတင်းရရှိသည်။
အရပ်သား အစိုးရလက် ထက်၌ ထိုင်းနိုင်ငံအတွင်းရှိ တရားမ၀င် အထောက် အထားမဲ့ ဖြစ်နေသော မြန်မာလုပ်သားများ ကို တရားဝင်လုပ်သားအဖြစ် အ လုပ်လုပ်ကိုင်နိုင်ရန် အစိုးရက ထုတ်ပေးလျက်ရှိသည်။ သို့သော် ယင်းအစီ အစဉ်များတွင် လာ ရောက်စာရင်းသွင်း ပတ်စ်ပို့လုပ် ကိုင်သည့် မြန်မာ လုပ်သားအရေ အတွက်မှာ နည်းပါးနေသည်။

ထို့ကြောင့် ထိုင်းနိုင်ငံအ တွင်း ၂၀၁၅ မတ်လပိုင်းမှစ၍ တရားမ၀င်လုပ်သား များကို ဖမ်း ဆီးမည်ဆိုသောကြောင့် ကျန် ရှိနေသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများကို အ မြန်ဆုံး အထောက်အထားထုတ် ပေးနိုင်ရန် ၎င်းတို့၏ လုပ်ငန်းခွင်အတွင်းထိ ပတ်စ်ပို့ သွားရောက် ထုတ်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

‘‘ကွင်းဆင်းပြီး အဖွဲ့တွေက တစ်ယောက်ချင်းစီကို လိုက်ပြီး လုပ်ပေးမှာပါ။ စက်ရုံ၊ အလုပ်ရုံ တွေထိ ကွင်းဆင်းပြီး လုပ်မှာပါ။ ဆင်းပြီး လုပ်နိုင်အောင် ထိုင်းအ ဖွဲ့နဲ့ညှိနှိုင်းပြီး အကူအညီရယူ သွားမှာပါ’’ ဟု အလုပ်သမား၊ အ လုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန် ကြီးဌာန ဒုဝန်ကြီး ဦးထင်အောင်က ပြောသည်။
ထို့ကြောင့် ဒီဇင်ဘာ ၁၁ ရက်မှစ၍ နှစ်ရက်ကြာ ထိုင်း- မြန်မာ နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေး မှုပြုလုပ်ခဲ့ပြီး သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။
‘‘ထိုင်းမှာ တရားမ၀င် အလုပ်သမားတွေ တရားဝင်အများဆုံး ဖြစ်လာအောင် လုပ်မယ်။ ပြီးရင် ဖြစ်လာအောင် နည်းလမ်းရှာဖွေ မယ်။ အမြန်ဆုံးနည်းနဲ့ ရှာဖွေပြီး ဆောင်ရွက်မယ်’’ ဟု ထိုင်းနိုင်ငံ မှ လာရောက်ဆွေးနွေးသည့် အရာရှိတစ်ဦးက ဆိုသည်။

မြန်မာလုပ်သားများအနေ ဖြင့် ပတ်စ်ပို့များလာရောက် ထုတ်ယူခြင်း အားနည်းလျက်ရှိ ခြင်းမှာ အလုပ်ရှင်များက ခွင့်မပြု သောကြောင့်ဖြစ်ပြီး အကြောင်း ရင်းကို ရှာဖွေမည်ဖြစ်ကြောင်း သိရသည်။ သို့သော် ယင်းလုပ်ငန်း များနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းအလုပ် သမားအခွင့်အရေး ကွန်ရက် ဥက္ကဋ္ဌ ဦးစိန်ဌေးက ‘‘ဘယ်လိုပဲ လုပ်လုပ် အလုပ်သမားဆီမှာ မရှိ တဲ့ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း တောင်းတာ ဘာမှမထူးဘူး။ မြန်မာမှတ်ပုံတင်နဲ့ သန်းခေါင်စာ ရင်းမရှိရင် မရဘူး’’ဟု ဆိုသည်။

ထိုင်းနိုင်ငံရောက် တရား မ၀င် မြန်မာအလုပ်သမား အများ စုမှာ မြန်မာနိုင်ငံသား မှတ်ပုံတင် နှင့် သန်းခေါင်စာရင်း မရှိခြင်း ကြောင့် ပတ်စ်ပို့လုပ်ပေးရန် အ ခက်အခဲရှိကြပြီး မြန်မာအစိုးရ အနေဖြင့် မှတ်ပုံတင်မရှိသူများကို ပါ လုပ်ဆောင်နိုင်ရန် ထိုင်းအစိုး ရနှင့် ထပ်မံညှိနှိုင်းဆောင်ရွက်ရ မည်ဖြစ်ကြောင်း အလုပ်သမား ၀န်ကြီးဌာနမှ သတင်းရရှိသည်။

ထိုင်းနိုင်ငံတွင် မြန်မာလုပ် သား သုံးသန်းရှိသည့်အနက်မှ တရားမ၀င် သွားရောက်လုပ်ကိုင် သည့် မြန်မာလုပ်သား ၁ ဒသမ၇ သန်းအား ပတ်စ်ပို့ ထုတ်ပေး ထားပြီဖြစ်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံမှ မြန်မာအလုပ်သမား ခြောက်သိန်းလေးသောင်းခန့်အား ယာယီအလုပ်လုပ်ကိုင်ခွင့် လက် မှတ်ထုတ်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

7Day DAILY

ထိုင်းရေလုပ်ငန်းခွင်မှ မြန်မာလုပ်သားတစ်ဦး (ဓာတ်ပုံ− bangkokpost.com)
ထိုင်းရေလုပ်ငန်းခွင်မှ မြန်မာလုပ်သားတစ်ဦး (ဓာတ်ပုံ− bangkokpost.com) 
စက်ရုံလုပ်ငန်းခွင် အထိသွားရောက်ကာ အထောက် အထားများ ထုတ်ပေးရန် ထိုင်း အစိုးရနှင့် ဒီဇင်ဘာ ၁၂ ရက်က သဘောတူစာချုပ် ချုပ်ဆိုခဲ့ ကြေင်း အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန မှ သတင်းရရှိသည်။

အရပ်သား အစိုးရလက်ထက်၌ ထိုင်းနိုင်ငံအတွင်းရှိ တရားမ၀င် အထောက်အထားမဲ့ ဖြစ်နေသော မြန်မာ လုပ်သားများ ကို တရားဝင်လုပ်သားအဖြစ် အလုပ်လုပ်ကိုင်နိုင်ရန် အစိုးရက ထုတ်ပေးလျက်ရှိသည်။ သို့သော် ယင်းအစီအစဉ်များတွင် လာ ရောက်စာရင်းသွင်း ပတ်စ်ပို့လုပ် ကိုင်သည့် မြန်မာလုပ်သားအရေ အတွက်မှာ နည်းပါးနေသည်။

ထို့ကြောင့် ထိုင်းနိုင်ငံအတွင်း ၂၀၁၅ မတ်လပိုင်းမှစ၍ တရားမ၀င်လုပ်သားများကို ဖမ်း ဆီးမည် ဆိုသောကြောင့် ကျန် ရှိနေသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများကို အမြန်ဆုံး အထောက် အထားထုတ် ပေးနိုင်ရန် ၎င်းတို့၏ လုပ်ငန်းခွင်အတွင်းထိ ပတ်စ်ပို့ သွားရောက် ထုတ်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

‘‘ကွင်းဆင်းပြီး အဖွဲ့တွေက တစ်ယောက်ချင်းစီကို လိုက်ပြီး လုပ်ပေးမှာပါ။ စက်ရုံ၊ အလုပ်ရုံ တွေထိ ကွင်းဆင်းပြီး လုပ်မှာပါ။ ဆင်းပြီး လုပ်နိုင်အောင် ထိုင်းအ ဖွဲ့နဲ့ညှိနှိုင်းပြီး အကူအညီရယူ သွားမှာပါ’’ ဟု အလုပ်သမား၊ အ လုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန် ကြီးဌာန ဒုဝန်ကြီး ဦးထင်အောင်က ပြောသည်။ 

ထို့ကြောင့် ဒီဇင်ဘာ ၁၁ ရက်မှစ၍ နှစ်ရက်ကြာ ထိုင်း- မြန်မာနှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေး မှုပြုလုပ်ခဲ့ပြီး သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ ‘‘ထိုင်းမှာ တရားမ၀င် အလုပ်သမားတွေ တရားဝင်အများဆုံး ဖြစ်လာအောင် လုပ်မယ်။ ပြီးရင် ဖြစ်လာအောင် နည်းလမ်းရှာဖွေ မယ်။ အမြန်ဆုံးနည်းနဲ့ ရှာဖွေပြီး ဆောင်ရွက်မယ်’’ ဟု ထိုင်းနိုင်ငံ မှ လာရောက်ဆွေးနွေးသည့် အရာရှိတစ်ဦးက ဆိုသည်။

မြန်မာလုပ်သားများအနေဖြင့် ပတ်စ်ပို့များလာရောက် ထုတ်ယူခြင်းအားနည်းလျက်ရှိ ခြင်းမှာ အလုပ်ရှင် များက ခွင့်မပြု သောကြောင့်ဖြစ်ပြီး အကြောင်းရင်းကို ရှာဖွေမည်ဖြစ်ကြောင်း သိရသည်။ သို့သော် ယင်းလုပ်ငန်း များနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းအလုပ် သမားအခွင့်အရေး ကွန်ရက် ဥက္ကဋ္ဌ ဦးစိန်ဌေးက ‘‘ဘယ်လိုပဲ လုပ်လုပ် အလုပ်သမားဆီမှာ မရှိ တဲ့ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း တောင်းတာ ဘာမှမထူးဘူး။ မြန်မာမှတ်ပုံတင်နဲ့ သန်းခေါင်စာ ရင်းမရှိရင် မရဘူး’’ဟု ဆိုသည်။

ထိုင်းနိုင်ငံရောက် တရားမ၀င် မြန်မာအလုပ်သမားအများစုမှာ မြန်မာနိုင်ငံသား မှတ်ပုံတင်နှင့် သန်းခေါင် စာရင်း မရှိခြင်း ကြောင့် ပတ်စ်ပို့လုပ်ပေးရန် အခက်အခဲရှိကြပြီး မြန်မာအစိုးရအနေဖြင့် မှတ်ပုံတင် မရှိသူများကိုပါ လုပ်ဆောင်နိုင်ရန် ထိုင်းအစိုးရနှင့် ထပ်မံညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း အလုပ် သမားဝန်ကြီးဌာနမှ သတင်းရရှိသည်။

ထိုင်းနိုင်ငံတွင် မြန်မာလုပ် သား သုံးသန်းရှိသည့်အနက်မှ တရားမ၀င် သွားရောက်လုပ်ကိုင် သည့် မြန်မာ လုပ်သား ၁ ဒသမ၇ သန်းအား ပတ်စ်ပို့ ထုတ်ပေးထားပြီဖြစ်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံမှ မြန်မာ အလုပ် သမား ခြောက်သိန်းလေးသောင်းခန့်အား ယာယီအလုပ်လုပ်ကိုင်ခွင့် လက်မှတ်ထုတ်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

7Day DAILY

No comments:

Post a Comment