Saturday 13 December 2014

မြို့တော်ခန်းမရှေ့ပိတ်၍ ဆန္ဒပြသူများကို သီချင်းများဖွင့်ကာ စည်ပင် တုံ့ပြန်

Photo: မြို့တော်ခန်းမရှေ့ပိတ်၍ ဆန္ဒပြသူများကို သီချင်းများဖွင့်ကာ စည်ပင် တုံ့ပြန်
Saturday, December 13, 2014

 မြို့တော်ခန်းမရှေ့ပိတ် ကာ ဆန္ဒပြသော မိကျောင်းကန် ပြည်သူများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဒီဇင်ဘာ ၁၂ ရက်    ညနေတွင်

လွှမ်းပိုင်၊ ဘန်နီဖြိုး၊ နီနီခင်ဇော် တို့၏ သီချင်းများ ကျယ်လောင်စွာဖွင့်ကာ ပြန်လည်တုံ့ပြန်ခဲ့သည်။

ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲ ၃ နာရီခွဲတွင် မိကျောင်းကန် သပိတ်စခန်းမှ လူ ၅၀ ကျော်သည်  စခန်းမှ ထလာကာ ရန်ကုန်မြို့ တော်ခန်းမကို တစ်ပတ်ပတ်ပြီး ညနေ ၄ နာရီဝန်းကျင်တွင် ရန် ကုန်မြို့တော်ခန်းမ အနောက် ဘက် တံခါးပေါက်ရှေ့တွင် ပိတ်ဆို့ကာထိုင်၍ ဆန္ဒပြခဲ့ကြသည်။

၎င်းတို့က မြေယာသိမ်း ဆည်းခံရမှုနှင့် ပတ်သက်၍ လာရောက်ဆွေးနွေးရန် အစိုးရထံ တောင်းဆိုခဲ့ပြီး လာရောက်ဆွေးနွေးခြင်းမပြုပါက ဖမ်းဆီးခံမည်ဟုဆိုကာ  ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့ဆန္ဒပြပြီး နာရီဝက် ခန့်အကြာတွင် စည်ပင်သာယာ ရေးကော်မတီမှ တာဝန်ရှိသူများ နှင့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတို့က လာရောက်၍ ဖယ်ရှားပေးရန် သတိပေးပြောကြားခဲ့သည်။ ဆန္ဒပြနေသူများက ဖယ်ရှားခြင်းမရှိဘဲ ဆက်လက်ဆန္ဒပြနေခဲ့ကြသည်။

လာရောက်သတိပေးပြော ဆိုသော စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများအား 7 Day မှ မေးမြန်းရာ ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပေ။ ထိုအချိန်တွင် မြို့တော်ခန်းမ အတွင်း စုဝေးနေသော ရဲတပ်ဖွဲ့ဝင်များက မြို့တော်ခန်းမအတွင်း နံပါတ်တုတ်များစုပုံကာ အင်အားပြခဲ့သော်လည်း ဆန္ဒပြသူများက ဖယ်ရှားပေးခြင်းမရှိခဲ့ပေ။

မြို့တော်ခန်းမ အနောက် ဘက်ဝင်ပေါက်ကို ပိတ်ဆို့ဆန္ဒ ပြနေသောကြောင့် ခန်းမအတွင်း တာဝန်ထမ်းဆောင်သော ရုံးဝန်ထမ်းများသည် ရုံးဆင်းချိန်တွင် အရှေ့ဘက် တံခါးပေါက်မှ ပြန်ထွက်သွားကြသည်။ ညနေ၅ နာရီအချိန်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများသည် ပိတ်ဆို့ဆန္ဒပြနေသူများနှင့် အနီးဆုံး စည်ပင်ဝင်းအတွင်း ထောင့်၌ အသံချဲ့စက်နှစ်လုံးနှင့် ဆောင်းဘောက်စ်နှစ်လုံးချကာ  ဘန်နီဖြိုး၊ နီနီခင်ဇော်၊လွှမ်းပိုင်တို့၏ ပေါ့ပ်နှင့် ရက်ပ်သီချင်းများကို အသံကျယ်လောင်စွာဖွင့်၍ ဆန္ဒပြနေသူများအား ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုတော်ဘန်နီဖြိုး၏ ‘‘လူပျိုလှည့်တေး’’၊ လွှမ်းပိုင်၏ ‘‘ဒုံးပျံ’’၊ နီနီခင်ဇော်၏ ‘‘မာရီယို’’ စသည့် တေးသီချင်းခွေများ အပါ အ၀င် လူငယ်ကြိုခေတ်ပေါ် သီချင်းများကို အဆက်မပြတ် ကျယ်လောင်စွာ ဖွင့်ခဲ့သည်။

ဆန္ဒပြသူများတွင် အသက် အရွယ်ကြီး အမျိုးသမီးအချို့ ပါ ၀င်ပြီး သီချင်းများကြောင့် နားမခံ သာ၍ နားထဲသို့ ဂွမ်းများဆို့ကာ ဆက်လက် ဆန္ဒပြနေသည်ကို တွေ့ရသည်။

‘‘သမ္မတကြီးရှင့်၊ ကျွန်မတို့ ဆန္ဒပြနေတာကို ရန်ကုန်တိုင်း အစိုးရက အသံဖြင့်နှိပ်စက်နေ ပါတယ်’’ဟု ဆန္ဒပြအမျိုးသမီး များက အော်ဟစ်ခဲ့သည်။ ‘‘၂၆၄ ရက်ကြာ စွန့်ပယ်ခံနေရတဲ့ မိကျောင်းကန်မိသားစုတွေ သူတို့ အရေးကိုညှိနှိုင်းပေးပါ(သို့) ဖမ်း ဆီးပါဆိုလျက် အသံချဲ့စက်နဲ့ တုံ့ ပြန်တဲ့အစိုးရကို ကြုံနေရတာ နိုင်ငံတော်အဆင့်အစိုးရမှ ကူညီ ပါ’’ဟူသည့် ဆိုင်းဘုတ်ထောင်ထားသည်ကိုလည်း တွေ့ရသည်။

ည ၉ နာရီတွင် သီချင်းများ ရပ်ဆိုင်းခဲ့သော်လည်း ဆန္ဒပြသူများက ဆက်လက်ဆန္ဒပြနေဆဲဖြစ်သည်။

 စတင်ဆန္ဒပြနေချိန်တွင် ပြည်သူအနည်းငယ်သာ လာရောက်ကြည့်ရှုခဲ့သော်လည်း သီချင်းများစတင်ဖွင့်လှစ်ချိန်တွင် ပြည်သူအများအပြား လာရောက်ကြည့်ရှုခဲ့ကြသည်။

‘‘တေးစီးရီးပရိုမိုးရှင်းလုပ် နေတာထင်လို့ လာကြည့်တာ’’ဟု အသက် (၂၀) ကျော်အရွယ် အမျိုးသမီးတစ်ဦးကပြောသည်။

‘‘ရန်ကုန်တိုင်းအစိုးရက ဒီလိုသီချင်းအကျယ်ကြီးဖွင့်ပြီး ပြန်လည်တုံ့ပြန်တာ မကောင်း ဘူး။သူ့အလွန်ကနေ ကိုယ့် အလွန်ပြန်ဖြစ်သွားတယ်’’ဟု လာ ရောက်ကြည့်ရှုသူတစ်ဦးက ဝေဖန်သည်။

ည ၉ နာရီ ၅၀ မိနစ်တွင် ရန်ကုန်တိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ဆန္ဒပြသူ များကို ဥပဒေဘောင်အတွင်းမှ တောင်းဆိုရန်၊ အမြန်ဆုံး ဖယ်ရှားပေးရန် ဖုန်းဆက် အကြောင်းကြားခဲ့သည်။

မတ်လ ၃၀ ရက်ကစတင်၍ မဟာဗန္ဓုလပန်းခြံဘေးတွင် သ ပိတ်စခန်းဖွင့်ကာ ဆန္ဒပြနေသော မိကျောင်းကန်ပြည်သူများသည် ယနေ့ဆိုလျှင် ၂၆၅ ရက် ပြည့် ပြီဖြစ်သည်။

7Day DAILY 

မြို့တော်ခန်းမ အနောက်ဘက်တံခါးရှေ့တွင်ပိတ်ကာဆန္ဒပြနေသော မိကျောင်းကန်မှ ပြည်သူအချို့နှင့် ၎င်းတို့အနီးတွင်ဖွင့်ထားသည့် လော်စပီကာနှင့်ဆောင်းဘောက်တို့ကို ဒီဇင်ဘာ၁၂ရက်ညနေပိုင်းကတွေ့ရစဉ် (ဓာတ်ပုံ−ကျော်ဇင်သန်း)
မြို့တော်ခန်းမ အနောက်ဘက်တံခါးရှေ့တွင်ပိတ်ကာဆန္ဒပြနေသော မိကျောင်းကန်မှ ပြည်သူအချို့နှင့် ၎င်းတို့အနီးတွင်ဖွင့်ထားသည့် လော်စပီကာနှင့်ဆောင်းဘောက်တို့ကို ဒီဇင်ဘာ၁၂ရက်ညနေပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ−ကျော်ဇင်သန်း)
 မြို့တော်ခန်းမရှေ့ပိတ်ကာ ဆန္ဒပြသော မိကျောင်းကန် ပြည်သူများကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက ဒီဇင်ဘာ ၁၂ ရက်   ညနေတွင် လွှမ်းပိုင်၊ ဘန်နီဖြိုး၊ နီနီခင်ဇော် တို့၏ သီချင်းများ ကျယ်လောင်စွာဖွင့်ကာ ပြန်လည်တုံ့ပြန်ခဲ့သည်။

ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲ ၃ နာရီခွဲတွင် မိကျောင်းကန် သပိတ်စခန်းမှ လူ ၅၀ ကျော်သည်  စခန်းမှ ထလာကာ ရန်ကုန်မြို့ တော်ခန်းမကို တစ်ပတ်ပတ်ပြီး ညနေ ၄ နာရီဝန်းကျင်တွင် ရန် ကုန်မြို့တော်ခန်းမ အနောက် ဘက် တံခါးပေါက်ရှေ့တွင် ပိတ်ဆို့ကာထိုင်၍ ဆန္ဒပြခဲ့ကြသည်။

၎င်းတို့က မြေယာသိမ်း ဆည်းခံရမှုနှင့် ပတ်သက်၍ လာရောက်ဆွေးနွေးရန် အစိုးရထံ တောင်းဆိုခဲ့ပြီး လာရောက်ဆွေးနွေးခြင်းမပြုပါက ဖမ်းဆီးခံမည်ဟုဆိုကာ  ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့ဆန္ဒပြပြီး နာရီဝက် ခန့်အကြာတွင် စည်ပင်သာယာ ရေးကော်မတီမှ တာဝန်ရှိသူများ နှင့် ရန်ကုန် တိုင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတို့က လာရောက်၍ ဖယ်ရှားပေးရန် သတိပေးပြောကြားခဲ့သည်။ ဆန္ဒပြ နေသူများက ဖယ်ရှားခြင်းမရှိဘဲ ဆက်လက်ဆန္ဒပြနေခဲ့ကြသည်။

လာရောက်သတိပေးပြော ဆိုသော စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများအား 7 Day မှ မေးမြန်း ရာ ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပေ။ ထိုအချိန်တွင် မြို့တော်ခန်းမ အတွင်း စုဝေးနေသော ရဲတပ်ဖွဲ့ ၀င် များက မြို့တော်ခန်းမအတွင်း နံပါတ်တုတ်များစုပုံကာ အင်အားပြခဲ့သော်လည်း ဆန္ဒပြသူများက ဖယ်ရှားပေးခြင်းမရှိခဲ့ပေ။

မြို့တော်ခန်းမ အနောက် ဘက်ဝင်ပေါက်ကို ပိတ်ဆို့ဆန္ဒ ပြနေသောကြောင့် ခန်းမအတွင်း တာဝန် ထမ်းဆောင်သော ရုံးဝန်ထမ်းများသည် ရုံးဆင်းချိန်တွင် အရှေ့ဘက် တံခါးပေါက်မှ ပြန်ထွက်သွားကြသည်။ ညနေ၅ နာရီအချိန်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများသည် ပိတ်ဆို့ ဆန္ဒပြနေသူများနှင့် အနီးဆုံး စည်ပင်ဝင်းအတွင်း ထောင့်၌ အသံချဲ့စက်နှစ်လုံးနှင့် ဆောင်းဘောက်စ် နှစ်လုံးချကာ  ဘန်နီဖြိုး၊ နီနီခင်ဇော်၊လွှမ်းပိုင်တို့၏ ပေါ့ပ်နှင့် ရက်ပ်သီချင်းများကို အသံကျယ်လောင်စွာ ဖွင့်၍ ဆန္ဒပြနေသူများအား ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုတော်ဘန်နီဖြိုး၏ ‘‘လူပျိုလှည့်တေး’’၊ လွှမ်းပိုင်၏ ‘‘ဒုံးပျံ’’၊ နီနီခင်ဇော်၏ ‘‘မာရီယို’’ စသည့် တေးသီချင်း ခွေများ အပါ အ၀င် လူငယ်ကြိုခေတ်ပေါ် သီချင်းများကို အဆက်မပြတ် ကျယ်လောင်စွာ ဖွင့်ခဲ့သည်။

ဆန္ဒပြသူများတွင် အသက် အရွယ်ကြီး အမျိုးသမီးအချို့ ပါ ၀င်ပြီး သီချင်းများကြောင့် နားမခံ သာ၍ နားထဲ သို့ ဂွမ်းများဆို့ကာ ဆက်လက် ဆန္ဒပြနေသည်ကို တွေ့ရသည်။

‘‘သမ္မတကြီးရှင့်၊ ကျွန်မတို့ ဆန္ဒပြနေတာကို ရန်ကုန်တိုင်း အစိုးရက အသံဖြင့်နှိပ်စက်နေ ပါတယ်’’ဟု ဆန္ဒပြအမျိုးသမီး များက အော်ဟစ်ခဲ့သည်။ ‘‘၂၆၄ ရက်ကြာ စွန့်ပယ်ခံနေရတဲ့ မိကျောင်းကန်မိသားစုတွေ သူတို့ အရေးကိုညှိနှိုင်းပေးပါ(သို့) ဖမ်း ဆီးပါဆိုလျက် အသံချဲ့စက်နဲ့ တုံ့ ပြန်တဲ့အစိုးရကို ကြုံနေရတာ နိုင်ငံတော်အဆင့်အစိုးရမှ ကူညီ ပါ’’ဟူသည့် ဆိုင်းဘုတ်ထောင်ထားသည်ကိုလည်း တွေ့ရသည်။

ည ၉ နာရီတွင် သီချင်းများ ရပ်ဆိုင်းခဲ့သော်လည်း ဆန္ဒပြသူများက ဆက်လက်ဆန္ဒပြနေဆဲဖြစ်သည်။

 စတင်ဆန္ဒပြနေချိန်တွင် ပြည်သူအနည်းငယ်သာ လာရောက်ကြည့်ရှုခဲ့သော်လည်း သီချင်းများစတင် ဖွင့်လှစ်ချိန်တွင် ပြည်သူအများအပြား လာရောက်ကြည့်ရှုခဲ့ကြသည်။

‘‘တေးစီးရီးပရိုမိုးရှင်းလုပ် နေတာထင်လို့ လာကြည့်တာ’’ဟု အသက် (၂၀) ကျော်အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။

‘‘ရန်ကုန်တိုင်းအစိုးရက ဒီလိုသီချင်းအကျယ်ကြီးဖွင့်ပြီး ပြန်လည်တုံ့ပြန်တာ မကောင်း ဘူး။သူ့အလွန်ကနေ ကိုယ့် အလွန်ပြန်ဖြစ်သွားတယ်’’ဟု လာ ရောက်ကြည့်ရှုသူတစ်ဦးက ဝေဖန်သည်။

ည ၉ နာရီ ၅၀ မိနစ်တွင် ရန်ကုန်တိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ဆန္ဒပြသူ များကို ဥပဒေဘောင်အတွင်းမှ တောင်းဆိုရန်၊ အမြန်ဆုံး ဖယ်ရှားပေးရန် ဖုန်းဆက် အကြောင်းကြားခဲ့သည်။

မတ်လ ၃၀ ရက်ကစတင်၍ မဟာဗန္ဓုလပန်းခြံဘေးတွင် သ ပိတ်စခန်းဖွင့်ကာ ဆန္ဒပြနေသော မိကျောင်း ကန်ပြည်သူများသည် ယနေ့ဆိုလျှင် ၂၆၅ ရက် ပြည့် ပြီဖြစ်သည်။

7Day DAILY 

No comments:

Post a Comment