Saturday 13 December 2014

ပထမဆုံးအကြိမ်ပြုလုပ်သော ဓာတ်ပုံမာရသွန်ပွဲတော်တွင် ဆု ၁၆ ဆုချီးမြှင့်

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ပြုလုပ်သည့် ဓာတ်ပုံမာရသွန်ပွဲတော် ဆုပေးပွဲကို ဒီဇင်ဘာ ၁၂ ရက်တွင် ပြုလုပ်ခဲ့ပြီး ယခင်ကြေညာထားသည့် ဆု ၁၅ ဆုအပြင် အထူးဆုတစ်ဆု ချီးမြှင့်ပေးခဲ့သည်။

ဓာတ်ပုံမာရသွန်ပွဲတော်ကို ဒီဇင်ဘာ ၆ ရက် နံနက် ၉ နာရီမှ ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၃ နာရီအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲဝင် ၈၀ ခန့်က ပြိုင်ပွဲမှ သတ်မှတ်ပေးသည့်ခေါင်းစဉ်ငါးခုဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲများ၏ ဓာတ်ပုံများကို ဒီဇင်ဘာ ၁၀ ရက်တွင် ပြင်ပမှ ဓာတ်ပုံပညာရှင်များဖိတ်ခေါ်၍ ဆုရွေးချယ်ခဲ့ပြီး ဆုပေးပွဲကို ဒီဇင်ဘာ ၁၂ ရက်ညနေတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲခေါင်းစဉ် တစ်ခုချင်းစီအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုများပေးအပ်ခဲ့ပြီး အဖွဲ့များခွဲ၍ ယှဉ်ပြိုင်ခြင်းဖြစ်သောကြောင့် Team Work အကောင်းဆုံးအဖွဲ့ကို အထူးဆုချီးမြှင့်ပေးခဲ့သည်။

ယင်းပြိုင်ပွဲတွင် ရိုက်ကူး ထားသည့် ပြိုင်ပွဲဝင်ဓာတ်ပုံများ ကို ဓာတ်ပုံမာရသွန်ပွဲတော် ၀က်ဘ်ဆိုက်တွင် တင်ပေးထားမည်ဖြစ်ပြီး Non-Profit အဖွဲ့ အစည်းများဖြစ်သည့် NGO အဖွဲ့ အစည်းများ၊ လူမှုရေးလုပ်ငန်း လှုပ်ရှားနေသည့်အဖွဲ့များ၊ ပရဟိတအဖွဲ့များတွင် အသုံးချနိုင်ရန် ပြန်လည်လှူဒါန်းသွားမည် ဖြစ်သည်။

7Day DAILY 

No comments:

Post a Comment