Saturday 13 December 2014

စီအင်န်အင်န်၏ ကမ္ဘာ့အထင်ကြီးဖွယ်ရာ ဘာသာရေးရုပ်တု ၁၀ဆူတွင် မုံရွာရပ်တော်မူရုပ်ပွားတော်ပါဝင်

ရန်ကုန်- စီအင်န်အင်န်သတင်းဌာနသည် မကြာမီက ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော အထင်ကြီး ကြည်ညို ဖွယ်ဘာသာရေးရုပ်တု ၁၀ ဆူ ကို ရွေးချယ်ခဲ့ရာ မြန်မာနိုင်ငံ မုံရွာမြို့အနီးရှိ ဗောဓိတစ်ထောင်ဆရာ တော်ဘုရားကြီးတည်ထားခဲ့သော လေးကျွန်းစကြာရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကို ထည့်သွင်းရွေးချယ်ခဲ့ သည်။

စီအင်န်အင်န်သတင်းဌာနက ကမ္ဘာတစ်ဝန်းတွင်တည်ထား သော ဘာသာရေးဆိုင်ရာရုပ်ပွား တော် ၁၀ ဆူကို ရွေးချယ်ခဲ့ရာ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမှ ခရစ်တော်ရုပ်တုအပါအ၀င် တရုတ်၊မလေးရှား၊ ဟောင်ကောင်၊ ဘိုလီးဗီးယား၊ ဘူတန်၊ ဂျပန်စသည့်နိုင်ငံများမှ ဗုဒ္ဓရုပ်ပွားတော်၊ ခရစ်တော် ရုပ်ပွားတော် များကို ရွေးချယ်ခဲ့ ခြင်းဖြစ်သည်။ 

စီအင်န်အင်န်သတင်းဌာနတွင် လေးကျွန်းစကြာဂေါတမဗုဒ္ဓ ရုပ်ပွားတော်သည် ကမ္ဘာ့အကြီးဆုံး ရပ်တော် မူရုပ် ပွားတော်တစ် ဆူဖြစ်ပြီး ၁၁၆မီတာ(ပေ၃၈၀) မြင့်မားကြောင်းဖော်ပြထားသည်။

လေးကျွန်းစကြာရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကို ဗောဓိတစ် ထောင်ဆရာတော်ဘုရားကြီးက မုံရွာမြို့ ဗောဓိ တစ်ထောင် သာသနာ့နယ်မြေရှိ ခတ္တကန်ရွာ အနီးတွင် ၁၉၉၆ က စတင် ထည်ထားခဲ့ရာ ၂၀၀၈ တွင် ပြီးစီးခဲ့သည်။

7Day DAILY

No comments:

Post a Comment