Saturday 13 December 2014

နေပြည်တော်ရှိဆေးဆိုင်များအား ယခုလ ဒုတိယပတ်မှ စတင်စစ်ဆေးမည်

နေပြည်တော်မြို့မဈေး၊ သပြေကုန်းဈေး၊ ပျဉ်းမနား၊ လယ်ဝေးနှင့်တပ်ကုန်းမြို့များရှိ ဆေးဆိုင်များကို ယခုလ ဒုတိယ ပတ်မှစတင်ကာ လက်ရှိရောင်းချ နေသောဆေးဝါးများ သက်တမ်း ကုန်ခြင်းရှိ၊ မရှိ၊ လိုင် စင်ရှိ၊ မရှိနှင့် တရားဝင်မှတ်ပုံတင်ထားခြင်းရှိ၊ မရှိတို့ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါဆေးဝါးများရောင်း ချသည်ကိုတွေ့ရှိပါက ပစ္စည်း သိမ်းခြင်း၊ အသိပညာပေးခြင်း များပြုလုပ် သွားမည်ဖြစ်ပြီး တစ်ဆိုင်တည်း၌ တစ်ကြိမ်ထက်ပို တွေ့ရှိလျှင် လိုင်စင်ပိတ်သိမ်း ခြင်းနှင့် အမျိုးသား ဆေးဝါးဥပဒေ ပုဒ်မ (၁၈)အရ အရေးယူဆောင် ရွက်သွားမည်ဖြစ်သည်။

‘‘နေပြည်တော်ကိုတော့ သေချာလုပ်တယ်။ အဲဒီမှာက အစိုးရဝန်ထမ်းတွေက အနည်းစု ပဲရှိပေမယ့် ကျန်တာက ကျေးရွာတွေပဲ။ ဆေးရုံတွေမှာ ဆေးစစ်ပေးတယ်။ ဆေးဝါးပေးတယ်ဆို ပေမယ့် ဆေးရုံ မလာနိုင်တော့ ဆေးဆိုင်တွေကို အားကိုးပြီး စပ်ဆေးတွေမရှိလာအောင်လို့ လုပ် ငန်းတစ်ရပ်အနေနဲ့ ဆောင်ရွက် မှာပါ’’ဟု မြန်မာနိုင်ငံ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဌာန (FDA)မှ ဆေးဝါးကွပ်ကဲ ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသိင်္ဂီဇင်က ပြောကြား သည်။

မြန်မာနိုင်ငံသို့  နယ်စပ်ထွက် ပေါက်များမှတစ်ဆင့် တရား မဝင်ဆေးဝါးများဝင်ရောက်လာမှု များရှိနေပြီး ယင်းကဲ့သို့ တရားမဝင်၊ မှတ်ပုံတင်မထားသည့် ဆေးဝါးများ ဈေးကွက်တွင်းဝင်ရောက်လာမှုများသည် အရည် အသွေး အာမခံချက် မရှိခြင်းကြောင့် ဆေးဝါးအရည်အသွေးမပြည့်မီခြင်း၊ ရောဂါပျောက်ကင်းမှု မရှိခြင်းနှင့် ဆေးယဉ်ပါးပြဿနာဖြစ်ပေါ်ခြင်းစသည့် အကျိုး ဆက်များ ဖြစ်ပေါ်လာနိုင်သည်ဟု ဆေးပညာ အသိုင်းအဝိုင်းက သုံးသပ်ပြောကြားကြသည်။

7Day DAILY 

No comments:

Post a Comment