Saturday 13 December 2014

မဲစာရင်း များကို အွန်လိုင်းမှ တိုက်ရိုက် ကြည့်နိုင်မည့် စနစ် ရန်ကုန်တိုင်းဒေသကြီးတွင် စတင် စမ်းသပ်နေ

Photo: မဲစာရင်း များကို အွန်လိုင်းမှ တိုက်ရိုက် ကြည့်နိုင်မည့် စနစ် ရန်ကုန်တိုင်းဒေသကြီးတွင် စတင် စမ်းသပ်နေ
Saturday, December 13, 2014

မဲဆန္ဒရှင်များ အွန်လိုင်းမှ မဲစာရင်း ကြည့်ရှု နိုင်ရေး အတွက် ရန်ကုန်တိုင်း ဒေသကြီးတွင် စတင် စမ်းသပ် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ  ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည် က ပြောသည်။ လတ်တလောမှာ ရွေးကောက်ပွဲ  ကလည်း မကျင်းပသေးတော့ ကျယ် ကျယ် ပြန့်ပြန့်တော့ မလုပ် ဖြစ်သေးဘူး။ အခု စပြီးတော့ လုပ်ဆောင်နေ ပါပြီ။ ရွေးကောက်ပွဲ စပြီ ဆိုတာနဲ့ ဒါတွေက အဆင်သင့် ဖြစ်နေပါပြီ ဟု ဦးဝင်းကြည် က ပြောသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး အတွင်း စမ်းသပ် လုပ်ဆောင်ရန် ရွေးချယ် ထားသည့် ဆယ်မြို့နယ်မှာ ဒဂုံ ဆိပ်ကမ်း မြို့နယ်၊ ဒဂုံ၊ လသာ၊ ဆိပ်ကြီး ခနောင်တို၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ လမ်းမတော်၊ ဒေါပုံနှင့် ကမာရွတ် မြို့နယ် ဖြစ်ပြီး အွန်လိုင်းမှ ကြည့်ရှု နိုင်မည့် စနစ်ကို ဒဂုံ ဆိပ်ကမ်း မြို့နယ်တွင် စတင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်း အခြေခံ မဲဆန္ဒရှင်များ စာရင်း ပြုစုခြင်းနှင့် စာရင်း များကို ကွန်ပျူတာတွင်း  ထည့်သွင်းခြင်း စနစ် တို့ကို ဆောင်ရွက် သွားမည် ဖြစ်သည့် အပြင် အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင်လည်း အဆိုပါ စနစ်ကို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ထံမှ သိရသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် နိုင်ငံရေး ပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ မီဒီယာ များနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ပြီး၊ နိုင်ငံတကာမှ လေ့လာသူများ ကိုလည်း ခေါ် ယူ သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။

ထို့ပြင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ တွင် တရား မျှတစွာ ကျင်းပခွင့် ရရှိနိုင်ရေး အတွက်  ဆောင်ရွက်နေပြီး၊  အဆိုပါ  ရွေးကောက်ပွဲ သည် ၎င်း၏ မှတ်တိုင် တစ်ခုအဖြစ် ကျန်ရှိမည့် ရွေးကောက်ပွဲ တစ်ခု ဖြစ်သောကြောင့် တရား မျှတမှု ရှိစေရမည် ဖြစ်ကြောင်း ဦးတင်အေးက ပြောကြား ထားသည်။

Messenger News Journal
မဲဆန္ဒရှင်များ အွန်လိုင်းမှ မဲစာရင်း ကြည့်ရှု နိုင်ရေး အတွက် ရန်ကုန်တိုင်း ဒေသကြီးတွင် စတင် စမ်းသပ် လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည်က ပြောသည်။

လတ်တလောမှာ ရွေးကောက်ပွဲ  ကလည်း မကျင်းပသေးတော့ ကျယ်ကျယ်ပြန့်ပြန့်တော့ မလုပ်ဖြစ်သေး ဘူး။ အခု စပြီးတော့ လုပ်ဆောင်နေ ပါပြီ။ ရွေးကောက်ပွဲ စပြီ ဆိုတာနဲ့ ဒါတွေက အဆင်သင့် ဖြစ်နေပါပြီ ဟု ဦးဝင်းကြည် က ပြောသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး အတွင်း စမ်းသပ် လုပ်ဆောင်ရန် ရွေးချယ် ထားသည့် ဆယ်မြို့နယ်မှာ ဒဂုံ ဆိပ်ကမ်း မြို့နယ်၊ ဒဂုံ၊ လသာ၊ ဆိပ်ကြီး ခနောင်တို၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ လမ်းမတော်၊ ဒေါပုံနှင့် ကမာရွတ် မြို့နယ် ဖြစ်ပြီး အွန်လိုင်းမှ ကြည့်ရှု နိုင်မည့် စနစ်ကို ဒဂုံ ဆိပ်ကမ်း မြို့နယ်တွင် စတင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်း အခြေခံ မဲဆန္ဒရှင်များ စာရင်း ပြုစုခြင်းနှင့် စာရင်း များကို ကွန်ပျူတာတွင်း  ထည့်သွင်းခြင်း စနစ် တို့ကို ဆောင်ရွက် သွားမည် ဖြစ်သည့် အပြင် အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင်လည်း အဆိုပါ စနစ်ကို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ထံမှ သိရသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် နိုင်ငံရေး ပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ မီဒီယာ များနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ပြီး၊ နိုင်ငံတကာမှ လေ့လာသူများ ကိုလည်း ခေါ် ယူ သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။

ထို့ပြင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် တရားမျှတစွာ ကျင်းပခွင့်ရရှိနိုင်ရေးအတွက်  ဆောင်ရွက်နေပြီး၊  အဆိုပါ  ရွေးကောက်ပွဲသည် ၎င်း၏မှတ်တိုင်တစ်ခုအဖြစ် ကျန်ရှိမည့် ရွေးကောက်ပွဲတစ်ခု ဖြစ်သော ကြောင့် တရား မျှတမှု ရှိစေရမည် ဖြစ်ကြောင်း ဦးတင်အေးက ပြောကြားထားသည်။

Messenger News Journal 

No comments:

Post a Comment