Saturday 13 December 2014

ရှင်ကျန်းပြည်နယ် မြို့တော် အူရမ်ကီတွင် မွတ်စလင် အမျိုးသမီးများ ဘာရ်ကာခြုံခွင့် တားမြစ်

Photo: ရှင်ကျန်းပြည်နယ် မြို့တော် အူရမ်ကီတွင် မွတ်စလင် အမျိုးသမီးများ ဘာရ်ကာခြုံခွင့် တားမြစ်
Saturday, December 13, 2014

ရှင်ကျန်းဒေသတွင် ခွဲခြားဆက်ဆံမှုများ ပြုလုပ်နေသည်ဟု ဝေဖန်ခံနေရသော တရုတ်အစိုးရသည် ပြင်း ထန်သည့် အရေးယူဆောင်ရွက်မှု များနှင့်အတူ အကြမ်းဖက် တိုက်ခိုက်မှု များနှင့်လည်း ထိပ်တိုက် တိုးလျက် ရှိသည်။

ရှင်ကျန်းပြည်နယ် မြို့တော် အူရမ်ကီတွင် ဘာရ်ကာ ၀တ်ဆင်ကာ သွားလာနေသူ အမျိုးသမီး နှစ်ဦး။ ထိုသို့ သွားလာခြင်းကို တားမြစ်လိုက်ပြီ ဖြစ်ရာ နောက်ပိုင်းတွင် မြို့တော်၏ လမ်းများပေါ်၌ ယင်းသို့ သွားလာနိုင်တော့မည် မဟုတ်ပေ။

အများပြည်သူ သွားလာသောနေရာများတွင် မွတ်စလင်အမျိုးသမီးများ ၀တ်ဆင်သည့် မျက်လုံးမှလွဲ၍ မျက်နှာနှင့် ကိုယ်လုံးကိုခြုံရသည့် ၀တ်ရုံ ဘာရ်ကာ (burqa) ၀တ်ဆင်ခွင့်ကို တားမြစ်ပိတ်ပင်ရန် ရှင်ကျန်းဒေ သ၏ မြို့တော်အာဏာပိုင်များက မဲပေးခဲ့ကြသည်ဟု ဒီဇင်ဘာ ၁၁ရက်တွင် မီဒီယာကထုတ်ပြန်ခဲ့သည်။

မြို့တော် အူရမ်ကီ ဥပဒေပြု လွှတ်တော်အဖွဲ့က ဒီဇင်ဘာ ၁၀ ရက်တွင် အူရမ်ကီရှိ အများပြည်သူ သွားလာ သော နေရာများတွင် ဘာရ်ကာ ခြုံမှုများကို တားမြစ်သော စည်းမျဉ်းစည်းကမ်းကို လက်ခံခဲ့ကြောင်း စိန သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ယင်းစီမံချက်ကို ဆန်းစစ်လေ့လာမှုပြုရန် ဒေသဆိုင်ရာ ဥပဒေပြုလွှတ်တော်သို့ ထပ်မံတင်သွင်းသွားမည် ဖြစ်ပြီး ယင်းနောက်တွင် စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၀က်ဘ် ဆိုက်တွင် ပြောကြားထားသည်။

တရုတ် အစိုးရသည် ယခင်က မွတ်စလင်အမျိုးသမီးများ ၎င်းတို့၏မျက်နှာများ ဖုံးကွယ်ထားခြင်းများကို အား မပေးရန် ဆောင်ရွက်ခဲ့ သေးသည်။ လုံခြုံရေး အရာရှိများက အမျိုးသမီးများ ဇဘာရ်ကာခြုံခြင်း၊ မျက်လုံးများ၊ မျက်နှာနှင့် ခန္ဓာကိုယ်ကို ဖုံးကွယ် ထားသော အ၀တ်များ ၀တ်ဆင်မှု အ သေးစိတ် အချက်လက် များကို မှတ်တမ်း ရေးသွင်းခဲ့သည်။

ရှင်ကျန်းဒေသရှိ ကာရာမေမြို့ အာဏာပိုင်များသည် သြဂုတ်လက မျက်နှာကို ဖုံးကွယ်သော အ၀တ်များ၊ ဘာရ်ကာများ ၀တ်ဆင်ခြင်းအပြင် ဒေသတွင်း ဘတ်စ်ကားများတွင် အစ္စလာမ်္မစ်ကြယ်နှင့် လခြမ်း ပုံများပါ သော အ၀တ်များ ၀တ်ဆင်ခြင်းကို တားမြစ်ခဲ့သည်။

Ref: AFP
Mizzima - News in Burmese
ရှင်ကျန်းဒေသတွင် ခွဲခြားဆက်ဆံမှုများ ပြုလုပ်နေသည်ဟု ဝေဖန်ခံနေရသော တရုတ်အစိုးရသည် ပြင်း ထန်သည့် အရေးယူဆောင်ရွက်မှု များနှင့်အတူ အကြမ်းဖက် တိုက်ခိုက်မှု များနှင့်လည်း ထိပ်တိုက် တိုးလျက် ရှိသည်။

ရှင်ကျန်းပြည်နယ် မြို့တော် အူရမ်ကီတွင် ဘာရ်ကာ ၀တ်ဆင်ကာ သွားလာနေသူ အမျိုးသမီး နှစ်ဦး။ ထိုသို့ သွားလာခြင်းကို တားမြစ်လိုက်ပြီဖြစ်ရာ နောက်ပိုင်းတွင် မြို့တော်၏ လမ်းများပေါ်၌ ယင်းသို့ သွားလာနိုင် တော့မည် မဟုတ်ပေ။

အများပြည်သူ သွားလာသောနေရာများတွင် မွတ်စလင်အမျိုးသမီးများ ၀တ်ဆင်သည့် မျက်လုံးမှလွဲ၍ မျက်နှာနှင့် ကိုယ်လုံးကိုခြုံရသည့် ၀တ်ရုံ ဘာရ်ကာ (burqa) ၀တ်ဆင်ခွင့်ကို တားမြစ်ပိတ်ပင်ရန် ရှင်ကျန်း ဒေသ၏ မြို့တော်အာဏာပိုင်များက မဲပေးခဲ့ကြသည်ဟု ဒီဇင်ဘာ ၁၁ရက်တွင် မီဒီယာကထုတ်ပြန်ခဲ့သည်။

မြို့တော် အူရမ်ကီ ဥပဒေပြု လွှတ်တော်အဖွဲ့က ဒီဇင်ဘာ ၁၀ ရက်တွင် အူရမ်ကီရှိ အများပြည်သူ သွားလာ သော နေရာများတွင် ဘာရ်ကာ ခြုံမှုများကို တားမြစ်သော စည်းမျဉ်းစည်းကမ်းကို လက်ခံခဲ့ကြောင်း စိန သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ယင်းစီမံချက်ကို ဆန်းစစ်လေ့လာမှုပြုရန် ဒေသဆိုင်ရာ ဥပဒေပြု လွှတ်တော်သို့ ထပ်မံတင်သွင်းသွားမည် ဖြစ်ပြီး ယင်းနောက်တွင် စီမံချက်ကို အကောင်အထည် ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၀က်ဘ် ဆိုက်တွင် ပြောကြားထားသည်။

တရုတ် အစိုးရသည် ယခင်က မွတ်စလင်အမျိုးသမီးများ ၎င်းတို့၏မျက်နှာများ ဖုံးကွယ်ထားခြင်းများကို အား မပေးရန် ဆောင်ရွက်ခဲ့ သေးသည်။ လုံခြုံရေး အရာရှိများက အမျိုးသမီးများ ဇဘာရ်ကာခြုံခြင်း၊ မျက်လုံး များ၊ မျက်နှာနှင့် ခန္ဓာကိုယ်ကို ဖုံးကွယ် ထားသော အ၀တ်များ ၀တ်ဆင်မှု အသေးစိတ် အချက်လက် များကို မှတ်တမ်း ရေးသွင်းခဲ့သည်။

ရှင်ကျန်းဒေသရှိ ကာရာမေမြို့ အာဏာပိုင်များသည် သြဂုတ်လက မျက်နှာကို ဖုံးကွယ်သော အ၀တ်များ၊ ဘာရ်ကာများ ၀တ်ဆင်ခြင်းအပြင် ဒေသတွင်း ဘတ်စ်ကားများတွင် အစ္စလာမ်္မစ်ကြယ်နှင့် လခြမ်း ပုံများပါ သော အ၀တ်များ ၀တ်ဆင်ခြင်းကို တားမြစ်ခဲ့သည်။

Ref: AFP
Mizzima - News in Burmese 

No comments:

Post a Comment