Saturday 13 December 2014

လက်ပံတောင်း ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့၊ သေနတ် ပစ်ခတ်မှုကြောင့် နှစ်ဦးဒဏ်ရာရ

Photo: လက်ပံတောင်း ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့၊ သေနတ် ပစ်ခတ်မှုကြောင့် နှစ်ဦးဒဏ်ရာရ
Saturday, December 13, 2014

လက်ပံတောင်းဒေသမှာ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဒီကနေ့ နံနက်ပိုင်းက ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသားနှစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

လယ်ယာမြေလျော်ကြေး မယူထားတဲ့ လိပ်ခွံတောင်ကျေးရွာ အရှေ့ဘက် ခြံစည်းရိုးကာရံမယ့် နေရာသို့ ဒေသခံတွေက ဒီနေ့နံနက် ရှစ်နာရီဝန်းကျင်မှာ သွားရောက် တားဆီးရာကနေ ရဲတပ်ဖွဲ့နဲ့ အခြေအတင် ဖြစ်ခဲ့ကြပါတယ်။

အပြန်အလှန် လောက်လေးခွတွေနဲ့ ပစ်ခတ်ခဲ့ရာကနေ ပဋိပက္ခ စတင်ခဲ့တာဖြစ်တယ်လို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသခံတစ်ဦးက ပြောပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုမှာ မိုးကြိုးပြင်မြောက်ရွာ၊ မိုးကြိုးပြင်တောင်ရွာ၊ မိုးကြိုးပြင်အရှေ့ရွာနဲ့ ဆည်တည်းကျေး ရွာတွေက ဒေသခံတစ်ရာကျော် ပါဝင်ပြီး ရဲတပ်ဖွဲ့ဝင် အင်အား၂၀၀ ကနေ ၃၀၀ ကြားမှာရှိတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အဖွဲ့တွေ ပြန်မရောက်သေးတာကြောင့် ဖြစ်စဉ် အသေးစိတ်ကို မသိရသေးဘူးလို့ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေထွန်းက ဒီနေ့ မွန်းလွဲ တစ်နာရီဝန်းကျင်မှာ The Voice သို့ ပြောဆိုပါတယ်။

ဒဏ်ရာရရှိသူတွေဖြစ်တဲ့ မိုးကြိုးပြင် အရှေ့ရွာက ဦးဇော်ထွန်းမှာ လက်မောင်းကို သေနတ်ထိမှန်ခဲ့တာ ဖြစ်ပြီး ဦးပေါဌေးဆိုသူမှာတော့ ပေါင်မှာ ဒဏ်ရာရရှိခဲ့တာလို့ မိုးကြိုးပြင် အရှေ့ရွာမှ ဦးသန်းထွန်းက ပြောပါတယ်။

The Voice Weekly
လက်ပံတောင်းဒေသမှာ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဒီကနေ့ နံနက်ပိုင်းက ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ဆီက နေ သိရှိရပါတယ်။

လယ်ယာမြေလျော်ကြေး မယူထားတဲ့ လိပ်ခွံတောင်ကျေးရွာ အရှေ့ဘက် ခြံစည်းရိုးကာရံမယ့် နေရာသို့ ဒေသခံတွေက ဒီနေ့နံနက် ရှစ်နာရီဝန်းကျင်မှာ သွားရောက် တားဆီးရာကနေ ရဲတပ်ဖွဲ့နဲ့ အခြေအတင် ဖြစ်ခဲ့ကြပါတယ်။

အပြန်အလှန် လောက်လေးခွတွေနဲ့ ပစ်ခတ်ခဲ့ရာကနေ ပဋိပက္ခ စတင်ခဲ့တာဖြစ်တယ်လို့ လက်ပံတောင်း တောင် ကြေးနီစီမံကိန်း ဒေသခံတစ်ဦးက ပြောပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုမှာ မိုးကြိုးပြင်မြောက်ရွာ၊ မိုးကြိုးပြင်တောင်ရွာ၊ မိုးကြိုးပြင်အရှေ့ရွာနဲ့ ဆည်တည်းကျေး ရွာတွေက ဒေသခံတစ်ရာကျော် ပါဝင်ပြီး ရဲတပ်ဖွဲ့ဝင် အင်အား၂၀၀ ကနေ ၃၀၀ ကြားမှာရှိတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အဖွဲ့တွေ ပြန်မရောက်သေးတာကြောင့် ဖြစ်စဉ် အသေးစိတ်ကို မသိရသေး ဘူးလို့ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေထွန်းက ဒီနေ့ မွန်းလွဲ တစ်နာရီဝန်းကျင်မှာ The Voice သို့ ပြောဆိုပါတယ်။

ဒဏ်ရာရရှိသူတွေဖြစ်တဲ့ မိုးကြိုးပြင် အရှေ့ရွာက ဦးဇော်ထွန်းမှာ လက်မောင်းကို သေနတ်ထိမှန်ခဲ့တာ ဖြစ်ပြီး ဦးပေါဌေးဆိုသူမှာတော့ ပေါင်မှာ ဒဏ်ရာရရှိခဲ့တာလို့ မိုးကြိုးပြင် အရှေ့ရွာမှ ဦးသန်းထွန်းက ပြောပါ တယ်။

The Voice Weekly

No comments:

Post a Comment