Saturday 13 December 2014

တောင်တရုတ် ပင်လယ်အရေး တရုတ်နှင့် ဗီယက်နမ်တို့ ထပ်မံ ပဋိပက္ခဖြစ်ပွား

Photo: တောင်တရုတ် ပင်လယ်အရေး တရုတ်နှင့် ဗီယက်နမ်တို့ ထပ်မံ ပဋိပက္ခဖြစ်ပွား
Saturday, December 13, 2014

တောင်တရုတ် ပင်လယ်ပြင် နယ်မြေ ပိုင်ဆိုင်မှု ကိစ္စရပ်များနှင့် ပတ်သက်၍ တရုတ် နှင့် ဗီယက်နမ် နိုင်ငံတို့ သည် ထပ်မံ အငြင်းပွားခဲ့ ကြသည်ဟု သိရသည်။

နယ်မြေ အငြင်းပွားမှုနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေကာ ရေပြင် ပိုင်နက်များတွင်လည်း မကြာခဏ ထိပ်တိုက် တွေ့ဆုံခဲ့ကြသည်။ ပုံမှာ တရုတ် ကမ်းခြေစောင့် တပ်က ရေအမြောက်ဖြင့် ဗီယက်နမ် ကမ်းခြေစောင့်တပ် သင်္ဘောကို တိုက်ခိုက်နေပုံ ဖြစ်သည်။

နိုင်ငံအများစု ပါဝင်ပတ်သက်နေသော ယင်းနယ်မြေပိုင်ဆိုင်ခွင့် အငြင်းပွားမှုများနှင့် ပတ်သက်၍ ဖိလစ်ပိုင် နိုင်ငံက နိုင်ငံတကာခုံရုံးသို့ စတင်တင်ပြခဲ့ပြီး ယခုအခါ ဗီယက်နမ်နိုင်ငံက ယင်းအငြင်းပွားမှုအပေါ် ယင်း ၏ ရပ်တည်ချက်ကို တင်ပြခဲ့ခြင်း ဖြစ်သည်။ နယ်သာလန် နိုင်ငံ ဟေ့ဂ်မြို့ အခြေစိုက် နိုင်ငံတကာတရားရုံးသို့ ယခုအငြင်းပွားမှုကိုတင်ပြဖြေရှင်းမှုတွင် ပူးပေါင်းပါဝင်မည် မဟုတ်ဟု တရုတ်နိုင်ငံက ထပ်ခါတလဲလဲ ပြောကြားထားခဲ့သည်။ ယင်းသို့ တင်ပြမှုသည် မိမိတို့နိုင်ငံ၏ နယ်မြေပိုင်ဆိုင်မှုအပေါ် နိုင်ငံရေးအရ ဖိအားပေးရန် တိတ်တဆိတ် ကြိုးပမ်းခြင်းဖြစ် သည်ဟု တရုတ်နိုင်ငံက ပြောကြားသည်။

ဗီယက်နမ်တို့အနေဖြင့် သမိုင်းကြောင်း အထောက်အထားများ ရှိထားသည့် တရုတ်တို့၏ အချုပ်အခြာအာ ဏာ ပိုင်ဆိုင်မှုကို လေးစားရန်လိုသည်ဟု တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ တရုတ် နိုင်ငံသည် ယခုကဲ့သို့ ခုံရုံးသို့ တင်ပြဖြေရှင်းမှုတွင် ပါဝင်မည်မဟုတ်ဟု ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ပြင် ကျွန်းစုများ အရေးတွင် ယင်း၏ပိုင်ဆိုင်ခွင့်နှင့် အကျိုး အမြတ်များကို အလေးထားမည့် သဘောထားအမြင်ကို တရားရုံးသို့ တင်ပြခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောကြားခဲ့သည်။ ဗီယက်နမ်နိုင်ငံတွင် ယင်း ကျွန်းစုများကို ပိုင်ဆိုင်သည့် သမိုင်းကြောင်း အထောက်အထားများနှင့် ဥပဒေ ရေးရာ အခြေခံအကြောင်းရင်းများ ရှိထားပြီး တရုတ်တို့၏ တစ်ဖက်သတ် ပြောကြားချက်များကို ဗီယက်နမ် နိုင်ငံက ပယ်ချခဲ့သည်။

တရုတ်နိုင်ငံပိုင် CNOOC ရေနံကုမ္ပဏီက ပိုင်ဆိုင်သော ကန်ဒေါ်လာ ၁ ဘီလီယံရှိ ရေနံတူးစင် တစ်ခုကို ဗီယက်နမ် ကမ်းရိုးတန်း၏ မိုင် ၁၅၀ ခန့်တွင် လာရောက်ထားရှိခဲ့ပြီး နောက်ပိုင်း မေလက ဗီယက်နမ်နိုင်ငံ တွင် တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။

တောင်တရုတ်ပင်လယ်ပြင် နယ်မြေ ၉၀ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်သည်ဟု တရုတ်တို့က ပြောကြားထား ချိန်တွင် မလေးရှား၊ ဘရူနိုင်းနှင့် ထိုင်ဝမ်တို့ကလည်း ယင်းနယ်မြေများတွင် တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ကြ ကြောင်း ပြောကြားခဲ့ကြသည်။

Ref: Reuters
Mizzima - News in Burmese
တောင်တရုတ် ပင်လယ်ပြင် နယ်မြေ ပိုင်ဆိုင်မှု ကိစ္စရပ်များနှင့် ပတ်သက်၍ တရုတ် နှင့် ဗီယက်နမ် နိုင်ငံ တို့ သည် ထပ်မံ အငြင်းပွားခဲ့ ကြသည်ဟု သိရသည်။

No comments:

Post a Comment