Saturday 13 December 2014

ဒေါ်လာ ၂၅ မီလီယံတန်ကြေးရှိတဲ့ Ehibitionist ဇိမ်ခံသင်္ဘောကြီး

Photo: ဒေါ်လာ ၂၅ မီလီယံတန်ကြေးရှိတဲ့ Ehibitionist ဇိမ်ခံသင်္ဘောကြီး
Saturday, December 13, 2014

ဘီလီယံနာသူဌေးတွေအဖို့ ကစားစရာအရုပ်တွေ များလာသလိုပါပဲ။ superhero ရဲ့ အဆင့်အတန်းနဲ့ နီးနိုင်သမျှ အနားကပ်နိုင်ရင် ကျေနပ်စရာဖြစ်နေတာပေါ့။  Xhibitionist ခေါ်တဲ့ မဟာသင်္ဘောကြီးက အမြန်ယာဉ် Batmobile ဖြစ်လာပါပြီ။ ဒါပေမယ့် ပင်လယ်ရေပြင်မြင့်တွေအတွက်ပါ။  ဆွီဒင်အခြေစိုက် ကားဒီဇိုင်နာ Eduard Gray of Gray Design က ဖန်းတီးထားတဲ့ ဒီဇိမ်ခံသင်္ဘောကြီးရဲ့ တန်ဖိုးက ဒေါ်လာ ၂၅ မီလီယံရှိပါတယ်။

စပို့စ်ကားပုံစံ အပြည့်ဖမ်းထားပြီး သူ့ရဲ့တမူထူးခြားတဲ့ အောက်ခြေဝမ်းဗိုက်မှာ ရေထုနဲ့ အနီးတကပ်တည်ရှိပြီး အတည်တပ်ဆင်ထားတဲ့ ဆိုလာပြားတွေနဲ့အတူ ချောမွတ်တောက်ပြောင်နေတဲ့ အသွင်သဏ္ဍာန်နဲ့ပါ။ ဆိုလာပြားတွေမှာ သင်္ဘောကုန်းပတ်အောက်ခြေ ထိရှည်လျားပြီး သင်္ဘောကို စွမ်းအင်ပံ့ပိုးပေးဖို့ နဲ့ ဟယ်လီကော်ပတာတွေ အဆင်းအတက်ပြုတဲ့နရာနဲ့ တေးဂီတဖျော်ဖြေဖို့ နေရာလပ် အဖြစ်အသုံးပြုနိုင်တယ်။ အပေါ်ဆုံးထပ်မှာ Jacuzzi ရေချိုးကန်တစ်ခုနဲ့ အပန်းဖြေရှုခင်းတွေ ကြည့်ရှုခံစားနိုင်မယ့် နေရာအလုံအလောက်ပါရှိပါတယ်။

အောက်ခြေမှာတော့ လင်းလက်တောက်ပြောင်ပြီး တခြားဘယ်နေရာမှာမှ မရှိနိုင်တဲ့ ပရိဘောဂ အသုံးဆောင်တွေ ဆင်မြန်းထားတဲ့ အနုပညာလက်ရာ တစ်ခုပါရှိပါတယ်။ အရှေ့ဘက်ဝမ်းဗိုက်ပိုင်းမှာတော့ သီးသန့်ဆောက်ထားတဲ့ အခန်းငယ်လေးကြောင့် ပင်လယ်ပြင်ကို တမျှော်တခေါ်ကြီးကြည့်ရှုခံစားနိုင်ပြီး ရေသတ္တဝါတွေရဲ့ဘဝလှုပ်ရှားမှုမျိုးစုံကို ကြည့်ရှုခံစားနိုင်အောင်လည်း ဖန်တီးပေးထားတယ်။

ကွယ်ဝှက်ထားမယ့်အစား အင်ဂျင်တွေကို မှန်နံရံအကာရဲ့ အနောက်ဘက်ခြမ်းမှာ မြင်သာထင်သာအောင် ထားရှိခဲ့လို့ အလွယ်တကူ ထိန်းချုပ်နိုင်စေပါတယ်။

Ref:foxnews.com
Trend Myanmar
ဘီလီယံနာသူဌေးတွေအဖို့ ကစားစရာအရုပ်တွေ များလာသလိုပါပဲ။ superhero ရဲ့ အဆင့်အတန်းနဲ့ နီးနိုင်သမျှ အနားကပ်နိုင်ရင် ကျေနပ်စရာဖြစ်နေတာပေါ့။  Xhibitionist ခေါ်တဲ့ မဟာသင်္ဘောကြီးက အမြန်ယာဉ် Batmobile ဖြစ်လာပါပြီ။ ဒါပေမယ့် ပင်လယ်ရေပြင်မြင့်တွေအတွက်ပါ။  ဆွီဒင်အခြေစိုက် ကားဒီဇိုင်နာ Eduard Gray of Gray Design က ဖန်းတီးထားတဲ့ ဒီဇိမ်ခံသင်္ဘောကြီးရဲ့ တန်ဖိုးက ဒေါ်လာ ၂၅ မီလီယံရှိပါတယ်။

စပို့စ်ကားပုံစံ အပြည့်ဖမ်းထားပြီး သူ့ရဲ့တမူထူးခြားတဲ့ အောက်ခြေဝမ်းဗိုက်မှာ ရေထုနဲ့ အနီးတကပ် တည်ရှိပြီး အတည်တပ်ဆင်ထားတဲ့ ဆိုလာပြားတွေနဲ့အတူ ချောမွတ်တောက်ပြောင်နေတဲ့ အသွင် သဏ္ဍာန်နဲ့ပါ။ ဆိုလာပြားတွေမှာ သင်္ဘောကုန်းပတ်အောက်ခြေ ထိရှည်လျားပြီး သင်္ဘောကို စွမ်းအင်ပံ့ပိုး ပေးဖို့ နဲ့ ဟယ်လီကော်ပတာတွေ အဆင်းအတက်ပြုတဲ့နရာနဲ့ တေးဂီတဖျော်ဖြေဖို့ နေရာလပ် အဖြစ် အသုံးပြုနိုင်တယ်။ အပေါ်ဆုံးထပ်မှာ Jacuzzi ရေချိုးကန်တစ်ခုနဲ့ အပန်းဖြေရှုခင်းတွေ ကြည့်ရှုခံစားနိုင်မယ့် နေရာအလုံအလောက်ပါရှိပါတယ်။

အောက်ခြေမှာတော့ လင်းလက်တောက်ပြောင်ပြီး တခြားဘယ်နေရာမှာမှ မရှိနိုင်တဲ့ ပရိဘောဂ အသုံး ဆောင်တွေ ဆင်မြန်းထားတဲ့ အနုပညာလက်ရာ တစ်ခုပါရှိပါတယ်။ အရှေ့ဘက် ဝမ်းဗိုက်ပိုင်းမှာတော့ သီးသန့်ဆောက်ထားတဲ့ အခန်းငယ်လေးကြောင့် ပင်လယ်ပြင်ကို တမျှော်တခေါ်ကြီး ကြည့်ရှုခံစားနိုင်ပြီး ရေသတ္တဝါတွေရဲ့ဘဝလှုပ်ရှားမှုမျိုးစုံကို ကြည့်ရှုခံစားနိုင်အောင်လည်း ဖန်တီး ပေးထားတယ်။

ကွယ်ဝှက်ထားမယ့်အစား အင်ဂျင်တွေကို မှန်နံရံအကာရဲ့ အနောက်ဘက်ခြမ်းမှာ မြင်သာထင်သာအောင် ထားရှိခဲ့လို့ အလွယ်တကူ ထိန်းချုပ်နိုင်စေပါတယ်။

Ref:foxnews.com
Trend Myanmar

No comments:

Post a Comment