Saturday 13 December 2014

ဦးဝင်းတင်ပုံတူရုပ်တုကို ဦးဝင်းတင်ပြတိုက်ဖွင့်လှစ်နိုင်ပါက လွှဲပြောင်းပေးမည်ဟုဆို

Photo: ဦးဝင်းတင်ပုံတူရုပ်တုကို ဦးဝင်းတင်ပြတိုက်ဖွင့်လှစ်နိုင်ပါက လွှဲပြောင်းပေးမည်ဟုဆို
Saturday, December 13, 2014

အမေရိကန်ပန်းပုပညာ ရှင် ထုလုပ်ထားသော စာရေး ဆရာ၊ သတင်းစာဆရာဟံသာဝ တီဦးဝင်းတင်၏ ပုံတူရုပ်တုကို ဦး ၀င်းတင်ပြတိုက်အဖြစ် ပေါ်ပေါက်လာပါက လွှဲပြောင်းပေးအပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

Pen Myanmar ၏နာယက အဖွဲ့ဝင်လည်းဖြစ်သူ ဦးဝင်းတင် ၏ ပုံတူရုပ်တုကို ပန်းပုပညာရှင် Jim MC Nail က ဂုဏ်ပြုထုဆစ် ခဲ့ရာ ထိုပန်းပုရုပ်တုကို ဒီဇင်ဘာ ၁၁ ရက်တွင် Pen Myanmar ရုံးခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ ခြင်း ဖြစ်သည်။

‘‘တကယ်လို့ ဦးဝင်းတင် ပြ တိုက်ဆိုပြီး သတ်သတ်မှတ်မှတ် ပေါ်လာရင် တစ်ချိန်လွှဲပေးမယ်။ ခုကျတော့ အိမ်မှာက ပုံမှန်ဆို ပိတ်ထားတော့ ဒီမှာက လူအ၀င် အထွက်ရှိတော့ ဒီမှာပဲထားမယ်။ ပြတိုက်အဖြစ် နေ့စဉ်နှင့်အမျှ ဖွင့် လှစ်မယ့်နေရာတစ်ခုပေါ်လာရင် လွှဲပေးမယ်’’ဟု Pen Myanmar အဖွဲ့ဥက္ကဋ္ဌ မသီတာ(စမ်းချောင်း) ကဆိုသည်။

ပန်းပုပညာရှင် Jim MC Nailသည် မြန်မာနိုင်ငံတွင်း ဖြစ်ရပ် များတွင် နှစ်ပေါင်း ၂၀ နီးပါး ပါဝင်ပတ်သက်ခဲ့ပြီး ဒေါ်အောင် ဆန်းစုကြည်၊ မင်းကိုနိုင်၊ ဇာဂနာ၊ပါပါကြီးနှင့် ပါပါလေးနှုတ်ခမ်း မွေးညီနောင်နှင့် ဒေါက်တာ စင်သီယာမောင်တို့ကဲ့သို့သော အထင်ကရ ဒီမိုကရေစီရေးကြိုး ပမ်းသူများစွာ၏ ပုံတူပန်းပုရုပ်တု များကို ထုလုပ်ခဲ့သည်။

အဆိုပါပန်းပုရုပ်တုအားလုံး ကို အီတလီမြေစေးနီနှင့် မြန်မာ့ မြေကြီးကို ရောစပ်၍ ပုံသွင်းထု လုပ်ခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်တော်မြတ်နိုးသော လူပုဂ္ဂိုလ်များ၊ ကျွန်တော့်ကို လှုံ့ ဆော်မှုပေးနိုင်တဲ့ လူပုဂ္ဂိုလ်များရဲ့ ပန်းပုလက်ရာများဖြစ်ပါတယ်။ စာရေးဆရာများနဲ့ ပန်းချီပန်းပု အနုပညာရှင်များရဲ့အလေးထားမှု ကို ခံထိုက်သော လူတစ်ယောက် ရှိခဲ့ဖူးတယ်ဆိုရင် ထိုပုဂ္ဂိုလ်မှာ ဦး ၀င်းတင်ဖြစ်ပါတယ်’’ဟု အမေရိ ကန်ပန်းပုဆရာကဆိုသည်။

7Day DAILY 

ဦးဝင်းတင်ရုပ်တုကို လွှဲပြောင်းပေးအပ်နေစဉ် (ဓာတ်ပုံ − ဇေနွေထွန်း)
ဦးဝင်းတင်ရုပ်တုကို လွှဲပြောင်းပေးအပ်နေစဉ် (ဓာတ်ပုံ − ဇေနွေထွန်း)
အမေရိကန်ပန်းပုပညာရှင် ထုလုပ်ထားသော စာရေးဆရာ၊ သတင်းစာဆရာဟံသာဝ တီဦးဝင်းတင်၏ ပုံတူ ရုပ်တုကို ဦးဝင်းတင်ပြတိုက်အဖြစ်ပေါ်ပေါက်လာပါက လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်းသတင်းရရှိသည်။

Pen Myanmar ၏နာယက အဖွဲ့ဝင်လည်းဖြစ်သူ ဦးဝင်းတင် ၏ ပုံတူရုပ်တုကို ပန်းပုပညာရှင် Jim MC Nail က ဂုဏ်ပြုထုဆစ် ခဲ့ရာ ထိုပန်းပုရုပ်တုကို ဒီဇင်ဘာ ၁၁ ရက်တွင် Pen Myanmar ရုံးခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ ခြင်း ဖြစ်သည်။

‘‘တကယ်လို့ ဦးဝင်းတင် ပြ တိုက်ဆိုပြီး သတ်သတ်မှတ်မှတ် ပေါ်လာရင် တစ်ချိန်လွှဲပေးမယ်။ ခုကျတော့ အိမ်မှာက ပုံမှန်ဆို ပိတ်ထားတော့ ဒီမှာက လူအ၀င် အထွက်ရှိတော့ ဒီမှာပဲထားမယ်။ ပြတိုက်အဖြစ် နေ့စဉ်နှင့်အမျှ ဖွင့် လှစ်မယ့်နေရာတစ်ခုပေါ်လာရင် လွှဲပေးမယ်’’ဟု Pen Myanmar အဖွဲ့ဥက္ကဋ္ဌ မသီတာ(စမ်းချောင်း) ကဆိုသည်။

ပန်းပုပညာရှင် Jim MC Nailသည် မြန်မာနိုင်ငံတွင်း ဖြစ်ရပ်များတွင် နှစ်ပေါင်း ၂၀ နီးပါး ပါဝင် ပတ်သက် ခဲ့ပြီး ဒေါ်အောင် ဆန်းစုကြည်၊ မင်းကိုနိုင်၊ ဇာဂနာ၊ပါပါကြီးနှင့် ပါပါလေးနှုတ်ခမ်း မွေးညီနောင်နှင့် ဒေါက်တာ စင်သီယာမောင်တို့ကဲ့သို့သော အထင်ကရ ဒီမိုကရေစီရေးကြိုး ပမ်းသူများစွာ၏ ပုံတူပန်းပု ရုပ်တု များကို ထုလုပ်ခဲ့သည်။

အဆိုပါပန်းပုရုပ်တုအားလုံး ကို အီတလီမြေစေးနီနှင့် မြန်မာ့ မြေကြီးကို ရောစပ်၍ ပုံသွင်းထု လုပ်ခဲ့ခြင်းဖြစ် သည်။

‘‘ကျွန်တော်မြတ်နိုးသော လူပုဂ္ဂိုလ်များ၊ ကျွန်တော့်ကို လှုံ့ ဆော်မှုပေးနိုင်တဲ့ လူပုဂ္ဂိုလ်များရဲ့ ပန်းပုလက်ရာ များဖြစ်ပါတယ်။ စာရေးဆရာများနဲ့ ပန်းချီပန်းပု အနုပညာရှင်များရဲ့အလေးထားမှုကို ခံထိုက်သော လူ တစ်ယောက်ရှိခဲ့ဖူးတယ်ဆိုရင် ထိုပုဂ္ဂိုလ်မှာ ဦးဝင်းတင်ဖြစ်ပါတယ်’’ဟု အမေရိကန်ပန်းပုဆရာကဆိုသည်။

7Day DAILY 

No comments:

Post a Comment