Saturday 13 December 2014

စစ်တွေကျင်းပမည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနား အစမ်းလေ့ကျင့်မှုပြုလုပ်

Photo: စစ်တွေကျင်းပမည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနား အစမ်းလေ့ကျင့်မှုပြုလုပ်
Saturday, December 13, 2014

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကျင်းပမည့် နှစ် (၄၀) ပြည့်မြောက် ရခိုင်ပြည်နယ်နေ့ ဖွင့်ပွဲ အခမ်းအနားအတွက် အစမ်းလေ့ကျင့်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။

စစ်တွေမြို့  ဝေသာလီအားကစားကွင်း၌ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်ကို ခန်းနားကြီးကျယ်စွာ ကျင်းပ ပြုလုပ်ရန် စီစဉ်နေရာ ယခုအခါ ဖွင့်ပွဲအခမ်းအနားအတွက် အစမ်းလေ့ကျင့်မှုများကို ဆက်တိုက်ပြုနေခြင်း ဖြစ်ကြာင်း သိရသည်။

ရခိုင်ပြည်နယ်နေ့တွင် စစ်တွေ အပါအ၀င် မြို့အချို့တွင် မဟာဓါတ်အားလိုင်းမှ မီး ၂၄ နာရီ ရရှိရေးရေး အထိမ်းအမှတ် ဖွင့်ပွဲကို တစ်ပြိုင်တည်းကျင်းပမည်ဖြစ်သည်ဟု သိရသည်။
ဒီဇင်္ဘာလ ၁၂ ရက်နေ့ ညနေပိုင်းက ပြုလုပ်သော  အစမ်းလေ့ကျင့်မှု အခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း ကိုယ်တိုင် တက်ရောက်ခဲ့ပြီး အားပေးစကား ပြောကြားခဲ့သည်။လာမည့် ဒီဇင်ဘာ ၁၅ ရက်နေ့တွင်  ရခိုင်ပြည်နယ်အတွက် ခန်းနားကြီးကျယ်သော မီးလင်းရေးနေ့ကြီး ဖြစ်သဖြင့် ရခိုင်တိုင်းရင်းသားများ၏ ဂုဏ်သိက္ခာ၊ ရခိုင်ပြည်နယ်၏ ဂုဏ်သိက္ခာကို ပြသသည့် အနေဖြင့် ယခု အခမ်းအနားအား ပြည်နယ်အစိုးရက အကောင်းဆုံးဖြစ်အောင် စီစဉ်ပြုလုပ်ထားကြောင်း ပြောဆိုသည်။

ဒီဇင်ဘာ ၁၂ ရက်နေ့ အစမ်းလေ့ကျင့် ကပြရာတွင် မီးလင်းပွဲအတွက် အကများအပြင် ရခိုင်ရိုးရာ ကျင်ကကွက်များကို ပြသခြင်း၊ ကျင်ယိမ်းအက၊ ဗျာယ်လအက၊ လေးဝတီသီချင်းနောက်ခံအက၊ ဝေသာလီအက၊ရိုးမရံစီသီချင်း နောက်ခံအက တိုင်းရင်းသားပေါင်းစုံစုပေါင်းအကများဖြင့် ကပြသည့်အပြင် ရခိုင်အဆိုတော် ညာစိမ်းခိုင်၊ ရီလှိုင်းပြာတို့နှင့် ရခိုင်ရိုးရအဖွဲ့မှ ဆရာဦးကျော်စံမောင်တို့က နောက်ခံသီချင်းများကို သီဆိုထားခဲ့ကြသည်။

နိရဉ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကျင်းပမည့် နှစ် (၄၀) ပြည့်မြောက် ရခိုင်ပြည်နယ်နေ့ ဖွင့်ပွဲ အခမ်းအနား အတွက် အစမ်းလေ့ကျင့်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။

စစ်တွေမြို့  ဝေသာလီအားကစားကွင်း၌ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်ကို ခန်းနားကြီးကျယ်စွာ ကျင်းပ ပြုလုပ်ရန် စီစဉ်နေရာ ယခုအခါ ဖွင့်ပွဲအခမ်းအနားအတွက် အစမ်းလေ့ကျင့်မှု များကို ဆက်တိုက်ပြုနေခြင်း ဖြစ်ကြာင်း သိရသည်။

ရခိုင်ပြည်နယ်နေ့တွင် စစ်တွေ အပါအ၀င် မြို့အချို့တွင် မဟာဓါတ်အားလိုင်းမှ မီး ၂၄ နာရီ ရရှိရေးရေး အထိမ်းအမှတ် ဖွင့်ပွဲကို တစ်ပြိုင်တည်းကျင်းပမည်ဖြစ်သည်ဟု သိရသည်။ ဒီဇင်္ဘာလ ၁၂ ရက်နေ့ ညနေ ပိုင်းက ပြုလုပ်သော  အစမ်းလေ့ကျင့်မှု အခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း ကိုယ်တိုင် တက်ရောက်ခဲ့ပြီး အားပေးစကား ပြောကြားခဲ့သည်။လာမည့် ဒီဇင်ဘာ ၁၅ ရက်နေ့တွင်  ရခိုင်ပြည်နယ် အတွက် ခန်းနားကြီးကျယ်သော မီးလင်းရေးနေ့ကြီး ဖြစ်သဖြင့် ရခိုင်တိုင်းရင်းသားများ၏ ဂုဏ် သိက္ခာ၊ ရခိုင်ပြည်နယ်၏ ဂုဏ်သိက္ခာကို ပြသသည့် အနေဖြင့် ယခု အခမ်းအနားအား ပြည်နယ် အစိုးရက အကောင်းဆုံးဖြစ်အောင် စီစဉ်ပြုလုပ်ထားကြောင်း ပြောဆိုသည်။

ဒီဇင်ဘာ ၁၂ ရက်နေ့ အစမ်းလေ့ကျင့် ကပြရာတွင် မီးလင်းပွဲအတွက် အကများအပြင် ရခိုင်ရိုးရာ ကျင်ကကွက် များကို ပြသခြင်း၊ ကျင်ယိမ်းအက၊ ဗျာယ်လအက၊ လေးဝတီသီချင်းနောက်ခံအက၊ ဝေသာလီ အက၊ရိုးမရံစီသီချင်း နောက်ခံအက တိုင်းရင်းသားပေါင်းစုံစုပေါင်းအကများဖြင့် ကပြသည့်အပြင် ရခိုင် အဆိုတော် ညာစိမ်းခိုင်၊ ရီလှိုင်းပြာတို့နှင့် ရခိုင်ရိုးရအဖွဲ့မှ ဆရာဦးကျော်စံမောင်တို့က နောက်ခံ သီချင်း များကို သီဆိုထားခဲ့ကြသည်။

နိရဉ္စရာ

No comments:

Post a Comment