Saturday 13 December 2014

ရန်ကင်းသူလေး မွေးစားသူပေါ်ပြီ

ဒဂုံအရှေ့ပိုင်းမြို့နယ် အတွင်း၌ မိဘများစွန့်ပစ်သွားသောကြောင့် မျက်နှာတွင် ပုရွက်ဆိတ်များအကိုက် ခံရကာရန် ကင်းကလေးဆေးရုံတွင် ဆေးကုသမှုခံယူနေသောကလေးငယ် (ရန်ကင်းသူ)ကို မွေးစားခွင့် တောင်းခံသူရှိသောကြောင့် ယာယီမွေးစားခွင့်ပေးထားကြောင်း သတင်းရရှိသည်။

‘‘ကလေးလေးရဲ့ ကံပါပဲ။ စွန့်ပစ်ခံရတဲ့ကလေးတွေ အများ ကြီးရှိတာ သူကတော့ အလှူငွေတွေရသလို အထောက်အပံ့တွေလည်း အများကြီးရတယ်။ မွေးစားချင်တဲ့သူတွေကလည်း သူ့ကိုချီပြီးကတည်းက အရမ်း ချစ်သွားတော့ သူ့ကုသိုလ်ကံကောင်းလို့ ပါ’’ဟု ရန်ကင်းကလေးဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ 

မွေးစားသူများ၏အမည်အတိအကျကိုမူ ကလေး၏ရှေ့ ရေးကိုရည်ရွယ်၍ ပြောပြနိုင်မည် မဟုတ်သော် လည်း ကလေးအတွက် အာမခံချက်ပြည့်ပြည့်ဝဝပေးနိုင်မည့်သူလက်ထဲသို့ ရောက်ရှိသွားသောကြောင့် ဝမ်းသာရကြောင်း အထက်ပါတာဝန်ရှိသူကဆိုသည်။

‘‘မွေးစားမယ့်ကိစ္စနဲ့ပတ်သက်ပြီး ဆေးရုံဘုတ်အဖွဲ့ဝင်တွေ အစည်းအဝေးလုပ်တယ်။ နောက်ပြီး မွေးစားမယ့် လူတွေရဲ့ နောက်ကြောင်းကို သေသေချာချာစုံစမ်းပြီးမှ ယာယီမွေးစားခွင့် ပေးလိုက်တာပါ’’ဟု ၎င်းက ပြော သည်။

အဆိုပါကလေးငယ်ကလေးကို နိုဝင်ဘာ ၃၀ ရက်တွင် ဒဂုံအရှေ့ပိုင်းမြို့နယ်၌ စည်ပင်ဝန်ထမ်းတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး စတင်တွေ့ရှိချိန်တွင် ကလေး၏မျက်နှာ၌ ပုရွက်ဆိတ်များ ကိုက်သည့်ဒဏ်ရာများ ရရှိနေသောကြောင့် ရန်ကင်းကလေးဆေးရုံတွင် ဆေးကုသမှုခံယူခဲ့သည်။

၎င်းကလေးငယ်၏ သတင်းများမှာ လူမှုကွန်ရက်စာမျက်နှာ များမှတစ်ဆင့် လူအများအကြား ပျံ့နှံ့ခဲ့ပြီး ယင်းသတင်းများကြောင့် အဆိုပါကလေးငယ်လေးကို ကရုဏာသက်၍ ငွေကြေးနှင့် အဝတ်အထည်များ လာရောက်လှူခဲ့ကြသည်။ ‘‘သူ့ကို လှူထားတဲ့ပစ္စည်းတွေကိုတောင်ယူမသွားဘူး။ အဲဒါကြောင့် ဆေးရုံမှာ လာပြီး ဆေးကုသမှုခံယူနေတဲ့သူတွေထဲက ဆင်းရဲချို့တဲ့သူတွေကို လှူပေးနေတယ်’’ဟု အထက်ပါ တာဝန်ရှိ သူက ပြောသည်။

7Day DAILY

No comments:

Post a Comment