Wednesday 26 November 2014

သုံးနှစ်အတွင်း အီးယူက မြန်မာအား တစ်နှစ်လျှင် ယူရိုသန်း ၂၅၀ စီ ထောက်ပံ့မည်

ဥရောပသမဂ္ဂက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ကျန်း မာရေး၊ ပညာရေးအပါအ၀င်ကဏ္ဍ ခြောက်ခုအတွက် ၂၀၁၄ မှ ၂၀၁၆ အထိ တစ်နှစ်လျှင် ယူရိုသန်း၂၅၀ စီ သုံးနှစ်တာ ထောက်ပံ့ကူ ညီမည်ဖြစ်ကြောင်း မြန်မာအစိုးရ က တရားဝင်သတင်းထုတ်ပြန် သည်။

အီးယူ၏ မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မဟာဗျူ ဟာ (၂၀၁၄-၂၀၁၆)ကို နိုဝင်ဘာ၂၄ ရက်က ထုတ်ပြန်ကြေညာခဲ့ ပြီး ယင်းဗျူဟာအရ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပရေးအပါအ၀င် ကဏ္ဍအားလုံး တွင် သုံးနှစ်တာအတွင်း စုစုပေါင်း ယူရိုသန်း ၇၅၀ အကူအညီပေး အပ်မည် ဖြစ်သည်။

အီးယူက အဆိုပါထောက်ပံ့ ငွေများအား မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းစဉ်၊ စီမံ အုပ်ချုပ်မှု လုပ်ငန်းစဉ်၊ ကျေး လက်ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာ ရေး၊ ပညာရေး၊ ကုန်သွယ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးစသည့် ကဏ္ဍကြီး ခြောက်ခုတို့အတွက် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ဥရောပသမဂ္ဂသည် မြန်မာ နိုင်ငံကို ပိတ်ဆို့မှုများဖြေလျှော့ ပေးခဲ့သည့် အစောဆုံးအဖွဲ့ဖြစ်ပြီး အထူး ကုန်သွယ်မှု ကင်းလွတ်ခွင့် အခွင့်အရေးကိုလည်း ပြန်လည် ပေးအပ်ထားသည်။ မြန်မာနိုင်ငံ လူ့အခွင့် အရေးဆိုင်ရာ ဆုံးဖြတ် ချက်ကို ယနေ့အထိ ကုလသမဂ္ဂ တွင် တင်သွင်းနေသော်လည်း ရို ဟင်ဂျာများကို နိုင်ငံသားအခွင့်အ ရေးပေးရန် တိုက်တွန်းမှုမှလွဲ၍ ကျန်သည့် လူ့အခွင့်အရေးဆိုင် ရာ တင်ပြချက်များကို မြန်မာအစိုး ရနှင့် အပေးအယူသဘောမျိုးညှိ နှိုင်း၍ တင်သွင်းနေခြင်းဖြစ်ကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်တစ်ဦးက ပြောသည်။

‘‘EU နဲ့ကတော့ နောက်ပိုင်း မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို လည်း နားလည်စာနာပြီး လက် တွဲလုပ်ကိုင်တာတွေရှိတယ်။ တစ်ခုပဲ။ လူ့အခွင့်အရေး Resolution ကို UN ကိုတင်တယ်။ တင်တဲ့ အခါမှာ အရင်လို မဲခွဲဆုံးဖြတ်တာ မျိုးမလုပ်တော့ဘဲနဲ့ ဒီဆုံးဖြတ် ချက်ထဲမှာ မြန်မာဘက်က ဘယ် အချက်တွေကို မထည့်ချင်ဘူးဆို တာမျိုး ညှိနှိုင်းပြီး တင်နေတာဖြစ် တယ်။ ဒီ ရိုဟင်ဂျာကိစ္စကို အခု ထည့်တာကလည်း အရေးယူမှု မပါဘူး။ ဖိအားပေးတဲ့သဘောပဲ’’ ဟု ၎င်းက ပြောကြားသည်။

ယခု အီးယူမြန်မာပူးပေါင်း ဆောင်ရွက်ရေး မဟာဗျူဟာအရ ဥရောပသမဂ္ဂနှင့် မိတ်ဖက်များကစုစုပေါင်း ယူရိုငွေ သန်း ၂၅၀ ခန့် နှစ်စဉ် ပံ့ပိုးပေးသွားမည့်အပြင် ဥရောပသမဂ္ဂငွေကြေးဆိုင်ရာ အင်စတီ ကျူးရှင်းများက ချေးငွေများ ထုတ်ပေးသွားမည် ဖြစ်သည်။ အီးယူ၏ တစ်နှစ်စာထောက်ပံ့ငွေ ယူရိုသန်း ၂၅၀ တွင် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးလုပ် ငန်းများအတွက် ယူရိုသန်း ၃၀၊ စီမံအုပ်ချုပ်မှု ကဏ္ဍအတွက် ယူရို ၃၁ သန်း၊ ကျေးလက်ဒေသဖွံ့ဖြိုး ရေးအတွက် ယူရိုသန်း ၇၀၊ ကျန်း မာရေးအတွက် ယူရိုသန်း ၄၀၊ ပညာရေးအတွက် ယူရို ၄၄ သန်း၊ ကုန်သွယ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ယူရို ၁၄ သန်း၊ လူ့အခွင့်အရေးနှင့် အ ရပ်ဘက်အဖွဲ့အစည်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ယူရို ၂၁ သန်းဖြစ်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော် ပြထားသည်။

ဥရောပသမဂ္ဂသည် မြန်မာ့ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး ဗဟိုဌာနသို့ ယူရို ၁၀ သန်း ထောက်ပံ့ ကူညီ ထားပြီး မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲ ရေးအတွက် ယူရို ငါးသန်းထောက်ပံ့ ကူညီထားသည်။ ထို့ပြင် အစိုးရ နှင့် အရပ်ဘက်အဖွဲ့အစည်းများ အားလုံး ဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဒေါ်လာ ၁ဒသမ၃ ဘီလီယံ ကူညီရန်ရှိကြောင်း ဥရောပသမဂ္ဂ သံအမတ်ကြီးက 7 Day Daily နှင့် သီး သန့်တွေ့ဆုံမှုတွင် ပြောကြားထားသည်။

မြန်မာနိုင်ငံအတွင်း အီးယူ၏ ပံ့ပိုးကူညီမှုများနှင့် ပတ်သက်၍ ဝေဖန်မှုအချို့ရှိသော်လည်း ၂၀၁၅ ရွေးကောက်ပွဲအပါအ၀င် မြန်မာ နိုင်ငံ၏ ကြီးမားသည့် ပြုပြင်ပြောင်းလဲမှုများ၌ အီးယူအနေဖြင့် ပူးပေါင်း ဆောင်ရွက်သွားရန်ရှိကြောင်း အီးယူသံအမတ်ကြီး ရိုလန်ကိုဘီး ယားက မဟာဗျူဟာ ထုတ်ပြန်ပွဲ တွင်ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

7Day DAILY 

No comments:

Post a Comment