Wednesday 26 November 2014

ဟောင်ကောင် ဆန္ဒပြနေရာ အချို့အား အာဏာပိုင်များ ရှင်းလင်းစဉ် လူ ၈၀ ဦးခန့် ဖမ်းဆီးခံရ

Photo: ဟောင်ကောင် ဆန္ဒပြနေရာ အချို့အား အာဏာပိုင်များ ရှင်းလင်းစဉ် လူ ၈၀ ဦးခန့် ဖမ်းဆီးခံရ
Wednesesday, November 26, 2014

ဟောင်ကောင်ဒေသ မောင်ကော့အရပ်ရှိ ဒီမိုကရေစီ တောင်းဆိုသူများ၏ ဆန္ဒပြနေရာများကို  အာဏာပိုင်များ က ရှင်းလင်းလျှက်ရှိရာ ဖယ်ရှားပေးရန် ငြင်းဆန်သူ ၈၀ ခန့် ဖမ်းဆီးခံခဲ့ရပြီး ရဲများက ငရုပ်ကောင်းရည်များဖြင့် လူအပ်စုကို ဖြန်းခဲ့ကြောင်း သိရသည်။

မောင်ကော့ အရပ်တွင်နေထိုင်ကြသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များက ယင်း ဆန္ဒပြနေရာများကို ဖယ်ရှားပေးရန် တိုင်ကြားမှုများ ရှိခဲ့ပြီးနောက် တရားရုံးက သပိတ်စခန်းများကို ဖယ်ရှားရေးအတွက် အမိန့်တစ်ရပ် ထုတ်ပြန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဟောင်ကောင်ဆန္ဒပြသူများသည် လာမည့် ၂၀၁၇ ခုနှစ် မြို့တော်အုပ်ချုပ်ရေး အကြီးအကဲကို လွတ်လပ်စွာရွေးချယ်ခွင့်ရရေး အတွက် တောင်းဆို၍ ပြီးခဲ့သည့်အောက်တိုဘာလ အစောပိုင်းကတည်းက အဓိကလမ်းများတွင် သပိတ်စခန်းများ ဖွင့်လှစ်ဆန္ဒပြခဲ့ကြသည်။ သို့သော် ပေကျင်းအစိုးရက တင်မြှောက်ထားသည့် ကော်မတီမှ ရွေးချယ်ပေးသူများကို မဲပေးရွေးချယ်ရမည်ဟု တရုတ်အစိုးရ ကပြောကြား ထားသည်။ နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်သည့် ဆန္ဒပြနေရာ ရှင်းလင်းမှုများတွင် စီးပွားရေးအချက်အချာနေရာနှင့် ခရီးသွားဒေသ တစ်ခုဖြစ်သော အာဂိုင်လမ်းနှင့် နာသာလမ်း ၀န်းကျင်နေရာကို အဓိက ရှင်းလင်းနေခြင်းဖြစ်သည်။

“လမ်းတွေကို ပိတ်ဆို့သိမ်းပိုက်ထားသူတွေအနေနဲ့ အခုချိန်မှာ သူတို့ရဲ့ ပစ္စည်းတွေကို သိမ်းဆည်းပြီး ထွက်ခွာသွားသင့်ပါပြီ။ ဒီလိုမှ မဟုတ်ရင်တော့ သူတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို စွန့်ပစ်ပစ္စည်းတွေနဲ့ အမှိုက်တွေအဖြစ် သတ်မှတ်ရပါလိမ့်မယ်” ဟု ယင်းလမ်းနေရာကို ရှင်းလင်းဖယ်ရှားရန် တရားရုံးအမိန့်စာရရှိထားသည့် ဘတ်စ်ကား ကုမ္မဏီတစ်ခုမှ ရှေ့နေတစ်ဦးဖြစ်သည့် မာဂီ ချန်းကပြောကြားခဲ့သည်။

“ကျွန်တော်တို့ အစစ်အမှန်ရွေးကောက်ပွဲတွေ လိုချင်တယ်၊ အစစ်အမှန် မဲပေးပိုင်ခွင့် အလိုရှိတယ်” ဟု ဆန္ဒြ့ပသူအချို့က လည်း အော်ဟစ်ပြော ကြားခဲ့ကြသည်ဟု သိရသည်။ အနည်းငယ်သော ဆန္ဒပြသူများကလည်း လက်သုံးချောင်းထောင်ပြသည့် အမူအရာ ကို ပြသ ခဲ့ကြသည်ဟု South China Morning Post သတင်းစာက ဖော်ပြခဲ့သည်။

အဆိုပါ သင်္ကေတသည် Hunger Games ရုပ်ရှင်စီးရီးတွင် အာဏာပိုင်များကို ဆန့်ကျင်တော်လှန်သည့် အထိမ်းအမှတ်တစ်ခုပင်ဖြစ်ပြီး ယင်းသည် ထိုင်းနိုင်ငံရှိအစိုးရဆန့်ကျင် ဆန္ဒပြသူများအကြားတွင်လည်း ကျော်ကြားသည်။ တရားရေးဌာန ၂၀ ဦးပါ အဖွဲ့တစ်ခု သည် ဒေသ စံတော်ချိန် ၁၀ နာရီခွဲခန့်တွင် ဆန္ဒပြနေရာများကို  စတင်ရှင်းလင်း ခဲ့ကြခြင်းဖြစ်သည်။

အဖြူရောင် ခေါင်းဆောင်းများနှင့် လက်အိတ်များ ၀တ်ဆင်ထားသော အလုပ်သမားများသည်လည်း ယင်းသပိတ်စခန်းများရှိ သစ်သာပြား များနှင့် အခြားအကာအရံပစ္စည်းများကို ဖယ်ရှား၍ လော်ရီကားများဖြင့် သယ်ဆောင်သွားကြသည်ကို တွေ့ရသည်။ ယင်းအချိန်တွင် ရဲများစွာ သည်လည်း အသင့်အနေအထားတွင်ရှိနေခဲ့ကြပြီး ဆန္ဒပြသူများဘက်မှ တစ်စုံတစ်ရာခုခံမှု ရှိခဲ့ပါက ၀င်ရောက်ဖြေရှင်းရန် လုပ်ပိုင်ခွင့်လည်း ရရှိထား သည်ဟုသိရသည်။

Ref: BBC

ဆန္ဒပြနေရအား ရှင်းလင်းမှုတွင် တားဆီးသူများအား ဖမ်းဆီးနေစဉ်။ ဓာတ်ပုံ - AFP
ဆန္ဒပြနေရအား ရှင်းလင်းမှုတွင် တားဆီးသူများအား ဖမ်းဆီးနေစဉ်။ ဓာတ်ပုံ - AFP 
ဟောင်ကောင်ဒေသ မောင်ကော့အရပ်ရှိ ဒီမိုကရေစီ တောင်းဆိုသူများ၏ ဆန္ဒပြနေရာများကို  အာဏာပိုင် များက ရှင်းလင်းလျှက်ရှိရာ ဖယ်ရှားပေးရန် ငြင်းဆန်သူ ၈၀ ခန့် ဖမ်းဆီးခံခဲ့ရပြီး ရဲများက ငရုပ်ကောင်း ရည်များဖြင့် လူအပ်စုကို ဖြန်းခဲ့ကြောင်း သိရသည်။

မောင်ကော့ အရပ်တွင်နေထိုင်ကြသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များက ယင်း ဆန္ဒပြနေရာများကို ဖယ်ရှားပေးရန် တိုင်ကြားမှုများ ရှိခဲ့ပြီးနောက် တရားရုံးက သပိတ်စခန်းများကို ဖယ်ရှားရေးအတွက် အမိန့် တစ်ရပ် ထုတ်ပြန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဟောင်ကောင်ဆန္ဒပြသူများသည် လာမည့် ၂၀၁၇ ခုနှစ် မြို့တော်အုပ်ချုပ်ရေး အကြီးအကဲကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရရေး အတွက် တောင်းဆို၍ ပြီးခဲ့သည့်အောက်တိုဘာလ အစောပိုင်းကတည်းက အဓိက လမ်းများတွင် သပိတ်စခန်းများ ဖွင့်လှစ်ဆန္ဒပြခဲ့ကြသည်။ သို့သော် ပေကျင်းအစိုးရက တင်မြှောက်ထား သည့် ကော်မတီမှ ရွေးချယ်ပေးသူများကို မဲပေးရွေးချယ်ရမည်ဟု တရုတ်အစိုးရ ကပြောကြား ထားသည်။ နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်သည့် ဆန္ဒပြနေရာ ရှင်းလင်းမှုများတွင် စီးပွားရေးအချက်အချာနေရာနှင့် ခရီးသွားဒေသ တစ်ခုဖြစ်သော အာဂိုင်လမ်းနှင့် နာသာလမ်း ၀န်းကျင်နေရာကို အဓိက ရှင်းလင်း နေခြင်းဖြစ်သည်။

“လမ်းတွေကို ပိတ်ဆို့သိမ်းပိုက်ထားသူတွေအနေနဲ့ အခုချိန်မှာ သူတို့ရဲ့ ပစ္စည်းတွေကို သိမ်းဆည်းပြီး ထွက်ခွာသွားသင့်ပါပြီ။ ဒီလိုမှ မဟုတ်ရင်တော့ သူတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို စွန့်ပစ်ပစ္စည်းတွေနဲ့ အမှိုက်တွေအဖြစ် သတ်မှတ်ရပါလိမ့်မယ်” ဟု ယင်းလမ်းနေရာကို ရှင်းလင်းဖယ်ရှားရန် တရားရုံး အမိန့်စာရရှိထားသည့် ဘတ်စ်ကား ကုမ္မဏီတစ်ခုမှ ရှေ့နေတစ်ဦးဖြစ်သည့် မာဂီ ချန်းကပြောကြားခဲ့သည်။

“ကျွန်တော်တို့ အစစ်အမှန်ရွေးကောက်ပွဲတွေ လိုချင်တယ်၊ အစစ်အမှန် မဲပေးပိုင်ခွင့် အလိုရှိတယ်” ဟု ဆန္ဒြ့ပသူအချို့က လည်း အော်ဟစ်ပြော ကြားခဲ့ကြသည်ဟု သိရသည်။ အနည်းငယ်သော ဆန္ဒပြသူများကလည်း လက်သုံးချောင်းထောင်ပြသည့် အမူအရာ ကို ပြသ ခဲ့ကြသည်ဟု South China Morning Post သတင်းစာက ဖော်ပြခဲ့သည်။

အဆိုပါ သင်္ကေတသည် Hunger Games ရုပ်ရှင်စီးရီးတွင် အာဏာပိုင်များကို ဆန့်ကျင်တော်လှန်သည့် အထိမ်းအမှတ်တစ်ခုပင်ဖြစ်ပြီး ယင်းသည် ထိုင်းနိုင်ငံရှိအစိုးရဆန့်ကျင် ဆန္ဒပြသူများအကြားတွင်လည်း ကျော်ကြားသည်။ တရားရေးဌာန ၂၀ ဦးပါ အဖွဲ့တစ်ခု သည် ဒေသ စံတော်ချိန် ၁၀ နာရီခွဲခန့်တွင် ဆန္ဒပြနေရာများကို  စတင်ရှင်းလင်း ခဲ့ကြခြင်းဖြစ်သည်။

အဖြူရောင် ခေါင်းဆောင်းများနှင့် လက်အိတ်များ ၀တ်ဆင်ထားသော အလုပ်သမားများသည်လည်း ယင်းသပိတ်စခန်းများရှိ သစ်သာပြား များနှင့် အခြားအကာအရံပစ္စည်းများကို ဖယ်ရှား၍ လော်ရီကား များဖြင့် သယ်ဆောင်သွားကြသည်ကို တွေ့ရသည်။ ယင်းအချိန်တွင် ရဲများစွာ သည်လည်း အသင့် အနေအထား တွင် ရှိနေခဲ့ကြပြီး ဆန္ဒပြသူများဘက်မှ တစ်စုံတစ်ရာခုခံမှု ရှိခဲ့ပါက ၀င်ရောက်ဖြေရှင်းရန် လုပ်ပိုင်ခွင့်လည်း ရရှိထား သည်ဟုသိရသည်။

Ref: BBC

No comments:

Post a Comment