Wednesday 26 November 2014

Samsung Galaxy S5 ရောင်းအား ၄ဝ ရာခိုင်နှုန်း ကျဆင်းသဖြင့် အလုပ် အမှုဆောင် အဖွဲ့အား အပြောင်းအလဲ လုပ်ရန် Samsung မှ စဉ်းစားနေ

Samsung Galaxy S5 ရောင်းအားသည် ကုမ္ပဏီမျှော်မှန်း ချက်ထက် ၄ဝ ရာခိုင်နှုန်းကျဆင်း လာပြီးနောက် Samsung ၏ ထိပ်တန်းအလုပ်အမှုဆောင် အဖွဲ့ကို အ ပြောင်းအလဲလုပ်ရေး စဉ်းစားစရာ များဖြစ်လာခဲ့ပြီဟု Wall Street Journal သတင်းများတွင် ဖော်ပြ ထားသည်။ ယခုနှစ်အတွင်း လူသိ များပြီးအထင်ကရဖြစ်သည့် S5 ၏ ရောင်းအားသည် ၁၂သန်းဝန်းကျင် ရှိပြီး Galaxy S4 ၏ ရောင်းအားမှာ ၁၆ သန်းရှိသည်။

S5 ၏ ဆွဲဆောင်မှု၏ ရလဒ် အနေဖြင့် ွော်ကညါ ကုမ္ပဏီသည် ၄င်းတို့၏တွဲဖက် CEO နှင့် မိုဘိုင်း နှင့်ပတ်သက်ပြီး ကြီးကြပ်ပေးရန် ခန့်အပ်ထားသော မိုဘိုင်းခေါင်း ဆောင်ဂျေကေရှင်တို့၏လုပ်ဆောင် မှုအပေါ်စောင့်ကြည့်နေခဲ့ သည်။ မို ဘိုင်းနှင့်ဆက်စပ်နေသောကြီးကြပ် မှုများသည် လက်ရှိ Samsung ပစ္စည်းများ၊ ကိုရီးယားကုမ္ပဏီများ အတွက် အသုံးတည့်သော TV နှင့် သက်ဆိုင်သည့် စီးပွားရေးလုပ်ငန်း များကို ဦးဆောင်သူတွဲဖက် CEO B,K ထံသို့ မကြာမီ ကျရောက်လာ မည်ဖြစ်သည်။

စီမံခန့်ခွဲရေးအဖွဲ့ သည်လည်း မကြာသေးခင်ကထွက် ရှိသော Galaxy ပစ္စည်းများအပါအ ဝင် Samsung ပစ္စည်းများသည် အ မေရိကန်တွင် ရောင်းအားကောင်း မွန်ဆဲဖြစ်သော်လည်း တရုတ်အပါ အဝင် တခြား သော ဈေးကွက်များတွင် ရောင်းအားကျဆင်းနေသည်ကို တွေ့ရသည် ။ Samsung ပစ္စည်းများက ဈေး ကွက်တွင် ဦးဆောင်နေဆဲဖြစ် သော်လည်း ကုမ္ပဏီအနေဖြင့် မိုဘိုင်းစီးပွားရေးကို အပြောင်းအလဲ ဖြစ် စေရေး တစ်စုံတစ်ခုပြုလုပ်ရန် လိုအပ်သည်။

ယခုကြုံတွေ့နေရသောပြဿ နာကို Samsung မှ ဖြေရှင်းသည့် အစိတ်အပိုင်း အဖြစ် ၄င်း၏ Galaxy ပစ္စည်းများကို ဝယ်ယူအားပေးသူ များ စိတ်ကြိုက် ပုံစံဖန်တီးပေး မည် ဖြစ်ပြီး သင့်တင့်သောဈေးနှုန်းများ ဖြင့် Samsung ပစ္စည်းများသည် အပျက်အစီးပိုများခဲ့ပြီး အသုံးပြုသူ များအနေဖြင့် ၄င်းတို့၏ ပစ္စည်း ကို ရွေးချယ်ရာတွင် စိတ်မချဖြစ်စေခဲ့ သည်။

Ref;AFP
Yangon Media Group 

No comments:

Post a Comment