Wednesday 26 November 2014

မဲစာရင်းတွင် နာဂစ်နှင့် သေဆုံးသူများ ပါဝင်ခဲ့မှု ဒီချုပ်အမတ် ထောက်ပြ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အတည်ပြုနိုင်ရန်  လူထုဆန္ဒခံယူပွဲပြုလုပ်စဉ်က နာဂစ် မုန်တိုင်းကြောင့် သေဆုံးခဲ့ရသူများ၏အမည်စာရင်းများ မဲပေးခဲ့ရသူများ စာရင်းတွင် ပါရှိနေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးသိန်းဆွေက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်သို့ ဆွေးနွေးတင်ပြ လိုက်သည်။

‘‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆန္ဒခံယူပွဲနဲ့ ပတ်သက်ပြီး တော့လည်း မေးခွန်းထုတ်စရာ အများအပြား ရှိပါတယ်။ ကျွန် တော့်ရဲ့ မဲဆန္ဒနယ်မြေမှာ နာဂစ် မုန်တိုင်းကြောင့် သေဆုံးခဲ့ရသူ တွေရဲ့အမည်နာမ တွေဟာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအတည် ပြုရေးမဲပေးခဲ့ရသူတွေရဲ့ စာရင်း မှာ ပါဝင်နေတာကို တွေ့ရှိရ ပါ တယ်’’ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေက နို ၀င်ဘာ ၂၄ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ တင် ပြခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတည်ပြုစဉ်က ကာလနှင့် ၂၀၁၄ လူဦးရေနှင့် အိမ်အကြောင်း အရာစာရင်း ကောက်ယူမှုတွင် လူဦးရေကွာဟ မှုဖြစ်နေသည်ကိုလည်း ၎င်းက လွှတ်တော်သို့ တင်ပြ ဆွေးနွေးခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုနိုင်ရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရာတွင် ဆန္ဒမဲပေးသည့် မဲဆန္ဒရှင် ၂၂,၄၉၆,၆၆၀ ဦးအနက်၂၀,၇၉၆,၅၈၆ ဦး တို့ကထောက်ခံဆန္ဒမဲပေးသည့် အ တွက် ထောက်ခံ သည့် ရာခိုင်နှုန်းမှာ ၉၂ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်ကြောင်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင် က သတင်းထုတ်ပြန်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ၁၉၉၃ အမျိုးသား ညီလာခံမှ စတင်ခဲ့ခြင်းဖြစ်ကာ လူထုမှ ရွေး ကောက်တင်မြောက်သည့် ကိုယ်စားလှယ်အရေအ တွက်နည်းပါးစွာ ပါဝင်ခဲ့ခြင်းအတွက် ဒီမိုကရေစီ စံနှုန်း နှင့် ကိုက်ညီမှုမရှိသည့် ဥပဒေတစ်ခုဖြစ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စား လှယ် များက ထောက်ပြထားကြသည်။

7Day DAILY 

No comments:

Post a Comment