Wednesday 26 November 2014

IS စစ်သွေးကြွ အယောက် ၁၀၀ လောက်အထိ သြစီက ပစ်သတ်ခဲ့

Photo: IS စစ်သွေးကြွ အယောက် ၁၀၀ လောက်အထိ သြစီက ပစ်သတ်ခဲ့
Wednesday, November 26, 2014

သြစတြေးလျနိုင်ငံကနေ ဦးဆောင်ပြုလုပ်ခဲ့တဲ့ ဝေဟင်တိုက်ခိုက်မှုအတွင်း IS အစ္စလာမ်မစ် တပ်သား အယောက်ပေါင်း ၁၀၀ လောက် သေဆုံးသွားပါတယ်။

အီရတ်နိုင်ငံ Kirkuk မြို့ကို သြစတြေးလျ တပ်တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အဲဒီမတိုင်ခင် အကြမ်းဖက်သမားတွေ အသုံးပြုတဲ့ ဗုံးထုတ်လုပ်ရေး စက်ရုံတစ်ခုကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ သြစတြေးလျနိုင်ငံ ကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။

Kirkuk မြို့အနားမှာ ထိုးစစ်ဆင်နေတုန်း IS စစ်သွေးကြွအဖွဲ့တွေက အသုံးပြုတဲ့ ဂူတွေ၊ ဗန်ကာဗုံးကျင်းတွေကို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

IS စစ်သွေးကြွ တပ်ဖွဲ့တွေဟာ တောင်စောင်းတစ်နေရာကို သွားပြီး ပျောက်ပျောက် သွားတာကို သတိထားမိပြီး သင်္ကာမကင်းဖြစ်ရာက စုံစမ်းရာကနေ မြေအောက် ကွန်ယက် စခန်းရှိကြောင်း သိရှိရတာ ဖြစ်ပါတယ်။

အခိုင်အမာတည်ဆောက်ထားတဲ့ နေရာမှာ အကြမ်းဖက်သမားတွေ စုပေါင်းနေတာကြောင့် အခုလို IS အဖွဲ့ဝင်တွေ သေဆုံးမှု များတာ ဖြစ်တယ်လို့ သြစတြေးလျနိုင်ငံ ကာကွယ်ရေးဝန်ကြီး David Johnston က ပြောပြခဲ့ပါတယ်။

သြစတြေးလျ တပ်က ဝေဟင်ကနေ ၄၄ ကြိမ် ပစ်ခတ်ပြီး Kurdish တပ်တွေက မြေပြင်ကနေ ဝိုင်းဝန်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီမတိုင်ခင် Mosul မြို့အနားက ဗုံးထုတ်လုပ်တဲ့ စက်ရုံတစ်ခုကိုလည်း သြစတြေးလျ တပ်တွေက ဖျက်ဆီးနိုင်ခဲ့ပါတယ်။ 

ABC Radio Australia

သြစတြေးလျက အသုံးပြုတဲ့ တိုက်လေယာဉ် (Credit: ABC licensed)
သြစတြေးလျက အသုံးပြုတဲ့ တိုက်လေယာဉ် (Credit: ABC licensed) 
သြစတြေးလျနိုင်ငံကနေ ​ဦးဆောင်ပြုလုပ်ခဲ့တဲ့ ​ဝေဟင်တိုက်ခိုက်မှုအတွင်း ​IS ​အစ္စလာမ်မစ် ​တပ်သား ​အယောက်ပေါင်း ​၁၀၀ ​လောက် ​သေဆုံးသွားပါတယ်။

အီရတ်နိုင်ငံ ​Kirkuk ​မြို့ကို ​သြစတြေးလျ ​တပ်တွေက ​တိုက်ခိုက်ခဲ့တာ ​ဖြစ်ပြီး ​အဲဒီမတိုင်ခင် ​အကြမ်းဖက် သမားတွေ ​အသုံးပြုတဲ့ ​ဗုံးထုတ်လုပ်ရေး ​စက်ရုံတစ်ခုကိုလည်း ​ဖျက်ဆီးနိုင်ခဲ့တယ်လို့ ​သြစတြေးလျနိုင်ငံ ​ကာကွယ်ရေးဝန်ကြီးက ​ဆိုပါတယ်။

Kirkuk ​မြို့အနားမှာ ​ထိုးစစ်ဆင်နေတုန်း ​IS ​စစ်သွေးကြွအဖွဲ့တွေက ​အသုံးပြုတဲ့ ​ဂူတွေ၊ ​ဗန်ကာ ဗုံးကျင်းတွေကို ​တွေ့ရှိခဲ့တာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

IS ​စစ်သွေးကြွ ​တပ်ဖွဲ့တွေဟာ ​တောင်စောင်းတစ်နေရာကို ​သွားပြီး ​ပျောက်ပျောက် ​သွားတာကို ​သတိထားမိပြီး ​သင်္ကာမကင်းဖြစ်ရာက ​စုံစမ်းရာကနေ ​မြေအောက် ​ကွန်ယက် ​စခန်းရှိကြောင်း ​သိရှိရတာ ​ဖြစ်ပါတယ်။

အခိုင်အမာတည်ဆောက်ထားတဲ့ ​နေရာမှာ ​အကြမ်းဖက်သမားတွေ ​စုပေါင်းနေတာကြောင့် ​အခုလို ​IS ​အဖွဲ့ဝင်တွေ ​သေဆုံးမှု ​များတာ ​ဖြစ်တယ်လို့ ​သြစတြေးလျနိုင်ငံ ​ကာကွယ်ရေးဝန်ကြီး ​David ​Johnston ​က ​ပြောပြခဲ့ပါတယ်။

သြစတြေးလျ ​တပ်က ​ဝေဟင်ကနေ ​၄၄ ​ကြိမ် ​ပစ်ခတ်ပြီး ​Kurdish ​တပ်တွေက ​မြေပြင်ကနေ ​ဝိုင်းဝန်း ​တိုက်ခိုက်ခဲ့တာ ​ဖြစ်ပါတယ်။

အဲဒီမတိုင်ခင် ​Mosul ​မြို့အနားက ​ဗုံးထုတ်လုပ်တဲ့ ​စက်ရုံတစ်ခုကိုလည်း ​သြစတြေးလျ ​တပ်တွေက ​ဖျက်ဆီးနိုင်ခဲ့ပါတယ်။ 

ABC Radio Australia

No comments:

Post a Comment