Wednesday 26 November 2014

ဆေးထိုးမှား၍ အသက်(၃)နှစ်အရွယ်ကလေးငယ် ခြေချောင်းလေးများ ဖြတ်လိုက်ရ

Photo: ဆေးထိုးမှား၍ အသက်(၃)နှစ်အရွယ်ကလေးငယ် ခြေချောင်းလေးများ ဖြတ်လိုက်ရ
Wednesday, November 26, 2014

တံတားဦးမြို့နယ်ဆေးရုံတွင် ချွဲ ကျပ်ရောဂါနှင့် ဆေးကုသမှုခံယူနေ ရင်း အသက် ၃ နှစ်အရွယ်မိန်းကလေး တစ်ဦး ခြေချောင်းငယ်လေးများ ဖြတ် လိုက်ရသည်။

၎င်းကလေးငယ်မှာ မန္တလေးတိုင်း ဒေသကြီး တံတားဦးမြို့နယ်၊ လက်ဆောင် ယူကျေးရွာတွင် နေထိုင်ပြီး ယခုလ ၉ ရက်နေ့တွင် ချွဲကျပ်ရောဂါဖြင့် မိဘများ က တံတားဦး မြို့နယ် ဆေးရုံသို့ပို့ဆောင် ကုသမှုခံယူစဉ် ယခုကဲ့သို့ ဖြစ်သွားရ သည်ဟုကာယကံရှင်၏မိသားစုကဆို သည်။

ကလေးငယ်ကို တံတားဦးမြို့နယ် ဆေးရုံကဆေးကုသရာတွင် ကလေး၏ လက်မောင်းတွင် တပ်ဆင်ရသော အကြောအတွင်းသို့ ဆေးထိုးအပ်သွင်း သည့် ဆေးသွင်း ပြွန်ကို ခြေထောက်သို့ ပြောင်းကာဆေးထိုးခဲ့ပြီးနောက် ကလေး ငယ်၏ ခြေချောင်းလေးများမှာ ညိုမည်း သွားခဲ့သည်။ ထို့အတွက်ကြောင့် လူနာရှင်များက ဆရာဝန်များအား ခွင့် တောင်းပြီး မန္တလေးမြို့ ခုတင် ၅၅ဝ ဆံ့ဆေးရုံသို့ ပြောင်းရွှေ့ကုခဲ့ရသည်ဟု ကလေးငယ်၏ ဦးလေးတော်စပ်သူက ပြောသည်။

”ကလေးက လက်မှာတပ်တာကို ငိုတယ်လေ။ ဒါကြောင့် ဆရာဝန်တွေက ခြေထောက်ကိုပြောင်းပေးလိုက်တာ”ဟု ၄င်းက ပြောသည်။

ထိုကဲ့သို့ ညိုမည်းလာရခြင်းမှာ အကြော အတွင်းသို့ ဆေးထိုးရမည့်အစား အသား အတွင်းသို့ မှားထိုးမိသော ကြောင့် ညိုပုပ်လာပြီး ဖြတ်ထုတ်ရ မည်ဖြစ်ကြောင်း မန္တလေးခုတင် ၅၅ဝဆေးရုံမှ ဆရာဝန် များကပြော၍ ပထမတွင် ခြေချောင်းသုံးချောင်းဖြတ်ခဲ့ရကြောင်း ၄င်းက ပြောသည်။

”ယူကျုံးမရဖြစ်တာပေါ့ဗျာ။ ကျွန် တော့်မှာ ဒီတူမလေးတစ်ယောက်တည်း ရှိတာ။ သူ့ပဲဝိုင်းချစ်နေရတာ။ ပထမက သုံးချောင်း၊ ခု နောက်နှစ်ချောင်းပါဖြတ် ထုတ်ရတော့ မယ်”ဟု ဦးလေးတော်စပ် သူက ပြောသည်။

ထိုကဲ့သို့ အကြောနှင့်အသားဆေး ထိုးမှားမှုဖြစ်စဉ်မှာ ကလေးသည် အလွန် ငယ်သေးကာ အကြောများမှာ နုနယ်ပြီး လှုပ်ရှားမှုပြုလုပ်လျှင် ညိုပုပ်လာပြီး ဖြတ်ထုတ် ရနိုင်ကြောင်း သို့သော် တစ် ချောင်းပြီးတစ်ချောင်း ဖြတ်ထုတ်ရသည့်ဖြစ်စဉ်မျိုး မကြုံဖူးသေးကြောင်း၊ မန္တလေး တိုင်းဒေသကြီး ကျန်းမာရေး ညွှန်ကြားမှု ဦးစီးဌာနမှ လက်ေ ထာက်ညွှန်ကြား ရေးမှူး ဒေါက်တာ ဂျီဆိုင်းကဖြေကြား သည်။

တံတားဦးမြို့နယ်ဆေးရုံမှ လက် ထောက်ဆရာဝန်တစ်ဦးက ယခုဖြစ်စဉ် သည် ¤င်းတို့နှင့်မဆိုင်ကြောင်း၊ ဆေး ပညာအရရှင်းပြစရာတွေ အများကြီးရှိ နေ၍ ရှင်းမပြနို င်ကြောင်း ပေါ်ပြူလာ နယူးစ်သို့ပြောသည်။

ယနေ့ညနေ ၆ နာရီခန့်တွင် တံတားဦးမြို့နယ် ဆေးရုံအုပ်ကြီးနှင့်အတူ ဆရာဝန်များမှ အထက်ပါကလေး ငယ်အား လာရောက်ကြည့်ရှုသွားခဲ့ပြီး ကုန်ကျစရိတ်အား လုံးကို တာဝန်ယူမည် ဖြစ်ကြောင်း ၄င်း၏ဦးလေးတော်စပ်သူ မှဆက်သွယ်သတင်းပေးပို့သည်။

ဖိုးလပြည့်
Popular News Journal
တံတားဦးမြို့နယ်ဆေးရုံတွင် ချွဲ ကျပ်ရောဂါနှင့် ဆေးကုသမှုခံယူနေ ရင်း အသက် ၃ နှစ်အရွယ်မိန်းကလေး တစ်ဦး ခြေချောင်းငယ်လေးများ ဖြတ် လိုက်ရသည်။

၎င်းကလေးငယ်မှာ မန္တလေးတိုင်း ဒေသကြီး တံတားဦးမြို့နယ်၊ လက်ဆောင် ယူကျေးရွာတွင် နေထိုင်ပြီး ယခုလ ၉ ရက်နေ့တွင် ချွဲကျပ်ရောဂါဖြင့် မိဘများ က တံတားဦး မြို့နယ် ဆေးရုံသို့ပို့ဆောင် ကုသမှုခံယူစဉ် ယခုကဲ့သို့ ဖြစ်သွားရ သည်ဟုကာယကံရှင်၏မိသားစုကဆို သည်။

ကလေးငယ်ကို တံတားဦးမြို့နယ် ဆေးရုံကဆေးကုသရာတွင် ကလေး၏ လက်မောင်းတွင် တပ်ဆင် ရသော အကြောအတွင်းသို့ ဆေးထိုးအပ်သွင်း သည့် ဆေးသွင်း ပြွန်ကို ခြေထောက်သို့ ပြောင်းကာဆေးထိုး ခဲ့ပြီးနောက် ကလေး ငယ်၏ ခြေချောင်းလေးများမှာ ညိုမည်း သွားခဲ့သည်။ ထို့အတွက်ကြောင့် လူနာရှင် များက ဆရာဝန်များအား ခွင့် တောင်းပြီး မန္တလေးမြို့ ခုတင် ၅၅ဝ ဆံ့ဆေးရုံသို့ ပြောင်းရွှေ့ကုခဲ့ရသည်ဟု ကလေးငယ်၏ ဦးလေးတော်စပ်သူက ပြောသည်။

”ကလေးက လက်မှာတပ်တာကို ငိုတယ်လေ။ ဒါကြောင့် ဆရာဝန်တွေက ခြေထောက်ကိုပြောင်းပေး လိုက်တာ”ဟု ၄င်းက ပြောသည်။

ထိုကဲ့သို့ ညိုမည်းလာရခြင်းမှာ အကြော အတွင်းသို့ ဆေးထိုးရမည့်အစား အသား အတွင်းသို့ မှားထိုးမိ သော ကြောင့် ညိုပုပ်လာပြီး ဖြတ်ထုတ်ရ မည်ဖြစ်ကြောင်း မန္တလေးခုတင် ၅၅ဝဆေးရုံမှ ဆရာဝန် များက ပြော၍ ပထမတွင် ခြေချောင်းသုံးချောင်းဖြတ်ခဲ့ရကြောင်း ၄င်းက ပြောသည်။

”ယူကျုံးမရဖြစ်တာပေါ့ဗျာ။ ကျွန် တော့်မှာ ဒီတူမလေးတစ်ယောက်တည်း ရှိတာ။ သူ့ပဲဝိုင်းချစ်နေရတာ။ ပထမက သုံးချောင်း၊ ခု နောက်နှစ်ချောင်းပါဖြတ် ထုတ်ရတော့ မယ်”ဟု ဦးလေးတော်စပ် သူက ပြော သည်။

ထိုကဲ့သို့ အကြောနှင့်အသားဆေး ထိုးမှားမှုဖြစ်စဉ်မှာ ကလေးသည် အလွန် ငယ်သေးကာ အကြောများမှာ နုနယ်ပြီး လှုပ်ရှားမှုပြုလုပ်လျှင် ညိုပုပ်လာပြီး ဖြတ်ထုတ် ရနိုင်ကြောင်း သို့သော် တစ် ချောင်းပြီးတစ်ချောင်း ဖြတ်ထုတ်ရသည့်ဖြစ်စဉ်မျိုး မကြုံဖူးသေးကြောင်း၊ မန္တလေး တိုင်းဒေသကြီး ကျန်းမာရေး ညွှန်ကြားမှု ဦးစီးဌာနမှ လက်ေ ထာက်ညွှန်ကြား ရေးမှူး ဒေါက်တာ ဂျီဆိုင်းကဖြေကြား သည်။

တံတားဦးမြို့နယ်ဆေးရုံမှ လက် ထောက်ဆရာဝန်တစ်ဦးက ယခုဖြစ်စဉ် သည် ¤င်းတို့နှင့်မဆိုင်ကြောင်း၊ ဆေး ပညာအရရှင်းပြစရာတွေ အများကြီးရှိ နေ၍ ရှင်းမပြနို င်ကြောင်း ပေါ်ပြူလာ နယူးစ်သို့ပြောသည်။

ယနေ့ညနေ ၆ နာရီခန့်တွင် တံတားဦးမြို့နယ် ဆေးရုံအုပ်ကြီးနှင့်အတူ ဆရာဝန်များမှ အထက်ပါကလေး ငယ်အား လာရောက်ကြည့်ရှုသွားခဲ့ပြီး ကုန်ကျစရိတ်အား လုံးကို တာဝန်ယူမည် ဖြစ်ကြောင်း ၄င်း၏ဦးလေး တော်စပ်သူ မှဆက်သွယ်သတင်းပေးပို့သည်။

ဖိုးလပြည့်
Popular News Journal 

No comments:

Post a Comment