Wednesday 26 November 2014

အဆင့်မြင့်ပညာရေးဥပဒေမူကြမ်းကို ဒီဇင်ဘာတွင် တက္ကသိုလ်ကျောင်းသား များအား ရှင်းလင်းမည်

ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားသော အဆင့်မြင့် ပညာရေးဥပဒေကြမ်းကို လာမည့် ဒီဇင်ဘာကျောင်း ဖွင့် ချိန်တွင် ကျောင်းသားများအား ချပြရှင်း လင်းသွားမည်ဖြစ်ကြောင်း တက္က သိုလ်ပါမောက္ခချုပ်တစ်ဦးက ပြောကြားသည်။

အဆင့်မြင့်ပညာရေးဥပဒေ ကြမ်းကို ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား ရှင်း လင်းပြသ ထားပြီးဖြစ်ကာ တက္က သိုလ်ကျောင်းသားများအား ရှင်း လင်းရန် ကျန်ရှိနေသေးကြောင်း ၎င်းကဆိုသည်။

‘‘ဆရာ၊ ဆရာမတွေနဲ့ ၀န် ထမ်းတွေကို ပြပြီးပါပြီ။ ကျောင်း သားတွေပဲ ကျန်ပါတော့တယ်။ ကျွန်တော်တို့ တက္ကသိုလ်တွေမှာ တက္ကသိုလ်ပဋိဉာဉ်လည်း ရေးဆွဲ ပြီးပါပြီ’’ဟု ၎င်းကဆက်လက် ပြောကြားသည်။

အဆင့်မြင့်ပညာရေးဥပဒေ မူကြမ်းတွင် တက္ကသိုလ်များကို အမျိုးသားတက္ကသိုလ်များ၊ ဒေသအလိုက် တက္ကသိုလ်များ၊ သီးခြား ရပ်တည်နိုင်သော နိုင်ငံပိုင်တက္က သိုလ်များ၊ ထူးခြားသော လုပ်ငန်း သဘာဝအရ အစိုးရအဖွဲ့၏ သီး ခြားခွင့်ပြုချက်ဖြင့် သာသနာရေး ၀န်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ က ထူထောင်ဖွင့်လှစ်ထားသည့် အဆင့်မြင့် ပညာသင်ကျောင်း များဟူ၍ အမျိုးအစားသတ်မှတ် ထားသည်။ အသွင်ကူးပြောင်းရေး ကာလတွင် တက္ကသိုလ်ဝန်ထမ်းများ ပြောင်းရွေ့တာဝန်ထမ်း ဆောင်ခွင့်နှင့် နိုင်ငံ့ဝန်ထမ်းအဖြစ် ဆက်လက် ရပ်တည်ခွင့် အချက် တို့သည် အဆင့်မြင့်ပညာရေးဥပ ဒေကြမ်းတွင် အကျေအလည် ဆွေးနွေးအဖြေ ရှာနေရသော အချက်များဖြစ်ကြောင်း သိရသည်။

အမျိုးသားပညာရေးဥပဒေ အတည်ပြု   ပြဋ္ဌာန်းလိုက်ပြီး နောက်  ယခုအခါနည်းဥပဒေ၊ အဆင့်မြင့် ပညာရေးဥပဒေ၊ ဆရာအတတ်သင်ပညာဥပဒေ၊ အခြေခံပညာဥပဒေတို့ကို မူကြမ်းရေးဆွဲဆောင်ရွက် လျက်ရှိ ပြီး အများပြည်သူကိုချပြသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောထာားသည်။

လက်ရှိအချိန်တွင် တက္ကသိုလ်ကျောင်းသားများသည် အမျိုးသားပညာရေးဥပဒေကို ကျောင်းသားသမဂ္ဂ များ တည်ထောင်ဖွဲ့စည်းခွင့်ကို ထည့်သွင်း ပြဋ္ဌာန်းထားမှုမရှိခြင်း၊ အစိုးရ အုပ်ချုပ်ရေးပိုင်းအား ပါဝင်ထိန်း ချုပ်ခွင့်ပေးထားခြင်းစသည့် အ ကြောင်းပြချက်များဖြင့် သပိတ် မှောက်ဆန့်ကျင်ထားသည်။

7Day DAILY 

No comments:

Post a Comment