Wednesday 26 November 2014

လျှပ်စစ်ဓာတ်အားလိုနေသည့် အိမ်ထောင်စု ခုနစ်သန်းကျော်အားထောက်ပံ့ရန် ဒေါ်လာငါးဘီလီယံကျော် လိုအပ်

Photo: လျှပ်စစ်ဓာတ်အားလိုနေသည့် အိမ်ထောင်စု ခုနစ်သန်းကျော်အားထောက်ပံ့ရန် ဒေါ်လာငါးဘီလီယံကျော် လိုအပ်
Wednesday, November 26, 2014

လျှပ်စစ်ဓာတ်အားလို အပ်ချက်ရှိနေသော အိမ်ထောင်စု ၇ ဒသမ ၂ သန်းအား ဆယ်ခြောက် နှစ်အတွင်း ထောက်ပံ့ပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ဘီလီယံလိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သတင်းရရှိသည်။

လျှပ်စစ်ဓာတ်အားလိုအပ် ချက်ရှိနေသော အိမ်ထောင်စု ၇ ဒသမ ၂ သန်းအား အစိုးရလျှပ်စစ် ဓာတ်အားမှ ၉၈ ရာခိုင်နှုန်းခန့် ဖြည့်ဆည်းပေးရန် လျာထားပြီး ကျန်လျှပ်စစ်ဓာတ်အားများကို တစ်ပိုင်တစ်နိုင်သုံး ပြန်ပြည့်မြဲစွမ်းအင်များနှင့် အသေးစားလျှပ်စစ်ဓာတ်အားလုပ်ငန်းများမှ ဖြန့်ဖြူးပေးရန် လျာထားသည်ဟု သတင်းရရှိသည်။

အစိုးရက ထိုသို့လျာထား သော်လည်း စီမံချက်အတွက် ကုန်ကျစရိတ်သည် အမေရိကန် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံရှိ သောကြောင့် အစိုးရဘတ်ဂျက် က ဖြည့်ဆည်းပေးနိုင်ခြင်းမရှိ သည်ကိုတွေ့ရကြောင်း၊ ထို့ ကြောင့် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနအနေဖြင့် ပြည်တွင်းနှင့် ပြည်ပမှ ပုဂ္ဂလိကလျှပ်စစ်ဓာတ် အားထုတ်လုပ်သည့် လုပ်ငန်းရှင် များကို ဖိတ်ခေါ်ရန်လျာထား ကြောင်း၊ ရှေ့တောင်အာရှနိုင်ငံ များပူးပေါင်းပါဝင်သည့် အသေး စား၊ အလတ်စားနှင့် ပြန်ပြည့်မြဲ စွမ်းအင်ထုတ်လုပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် လျှပ်စစ် စွမ်းအားဝန်ကြီးဌာနက တရားဝင် ပြောဆိုလိုက်သည်။

‘‘လက်ရှိ လျှပ်စစ်ဓာတ် အားထုတ်လုပ်ခြင်းကဏ္ဍမှာ လည်း အစိုးရနဲ့ ပြည်တွင်းလုပ် ငန်းရှင်တွေထက် ပြည်ပလုပ်ငန်း ရှင်တွေက ပိုများတယ်။ လျှပ်စစ် လုပ်ငန်း ၉၇ ရာခိုင်နှုန်းလောက် ကို ပြည်ပက လာရင်းနှီးမြှုပ်နှံနေ ကြတယ်’’ဟု ရေအားလျှပ်စစ်စီမံ ကိန်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်စိမ့်ဝင့်က ပြောသည်။

မြန်မာနိုင်ငံ၌ ယခုလက်ရှိ ထုတ်လုပ်နေသည့် ရေအားလျှပ် စစ်၊ ကျောက်မီးသွေး၊ သဘာဝ ဓာတ်ငွေ့နှင့် ပြန်ပြည့်မြဲစွမ်းအင် ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် ငွေကြေးစိုက်ထုတ်လုပ်ကိုင်နေ သောအဖွဲ့မှာ အစိုးရ၊ ပြည်တွင်း လုပ်ငန်းရှင်နှင့် ပြည်ပလုပ်ငန်း ရှင်သုံးဦးရှိသည့်အနက် ပြည်ပ လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု သည် အများဆုံးဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သတင်းရရှိသည်။

လက်ရှိမြန်မာနိုင်ငံ၏ လျှပ် စစ်ဓာတ်အားထုတ်ယူမှုမှာ ရေ အားလျှပ်စစ်မှ ၂,၇၇၃ မဂ္ဂါဝပ် (၇၂ ရာခိုင်နှုန်း)၊ သဘာဝဓာတ် ငွေ့မှ ၁,၄၅၂ မဂ္ဂါဝပ် (၁၈ ရာခိုင် နှုန်း)၊ ကျောက်မီးသွေးမှ ၂၈၅ မဂ္ဂါဝပ် (၈ ရာခိုင်နှုန်း)၊ ဒီဇယ် လျှပ်စစ်မှ ၆၀ မဂ္ဂါဝပ် (၂ ရာခိုင် နှုန်း)စုစုပေါင်း မဂ္ဂါဝပ် ၄,၅၇၀ ထုတ်ယူနိုင်သည့် စက်တပ်အင် အားဖြင့် လည်ပတ်နေသည်။

မြန်မာနိုင်ငံ၏ လက်ရှိလျှပ် စစ်ဓာတ်အားသုံးစွဲမှုမှာ မဂ္ဂါဝပ် ၃၆,၀၀၀ ကျော်မှ နိုင်ငံပိုင်စက် ရုံ၊ အိမ်၊ ရုံး၊ ဆေးရုံ၊ ကျောင်း များက ၆၁ ရာခိုင်နှုန်း၊ သမဝါ ယမက ၂၅ ရာခိုင်နှုန်း၊ ပုဂ္ဂလိက က ၁၄ ရာခိုင်နှုန်းသုံးစွဲနေသည်ဟု အစိုးရထုတ်ပြန်သော စာရင်း ဇယားများတွင် ဖော်ပြထားသည်။

တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ် အားသုံးစွဲရန် နှစ်စဉ်လိုအပ်ချက် မှာ မဂ္ဂါဝပ် ၁,၀၀၀ ကျော်ရှိနေ သည်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှု မှာ တစ်နှစ်လျှင် စုစုပေါင်းထုတ် နေသည့် ပမာဏတွင် ၁၅ ရာခိုင် နှုန်းတိုးနေကြောင်း လျှပ်စစ်စွမ်း အားဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အစိုးရ အကောင်အထည် ဖော်ရန် လျာထားသည့် ရေအား လျှပ်စစ်စီမံကိန်း ၆၃ ခုရှိသည်။ ယင်းတို့အနက် ဝန်ကြီး ဌာနက စီမံကိန်း ၁၁ ခုကို ကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး ကျန်ကြီးမား သည့် ရေအားလျှပ်စစ်စီမံကိန်း ကြီးများကို B.O.T စနစ်ဖြင့် ငါးခု၊ B.O.T နှင့် JV တို့ဖြင့် ၄၇ ခု လုပ်ကိုင်ရန်ရှိသည်ဟု သတင်းရရှိသည်။

7Day DAILY

ဆိုလာအသုံးပြု လျှပ်စစ်မီး ရယူထားသည့် နေအိမ်တစ်အိမ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ဆိုလာအသုံးပြု လျှပ်စစ်မီး ရယူထားသည့် နေအိမ်တစ်အိမ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
လျှပ်စစ်ဓာတ်အားလို အပ်ချက်ရှိနေသော အိမ်ထောင်စု ၇ ဒသမ ၂ သန်းအား ဆယ်ခြောက် နှစ်အတွင်း ထောက်ပံ့ပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ဘီလီယံလိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှ သတင်းရရှိသည်။

လျှပ်စစ်ဓာတ်အားလိုအပ် ချက်ရှိနေသော အိမ်ထောင်စု ၇ ဒသမ ၂ သန်းအား အစိုးရလျှပ်စစ် ဓာတ်အားမှ ၉၈ ရာခိုင်နှုန်းခန့် ဖြည့်ဆည်းပေးရန် လျာထားပြီး ကျန်လျှပ်စစ်ဓာတ်အားများကို တစ်ပိုင်တစ်နိုင်သုံး ပြန်ပြည့်မြဲစွမ်းအင်များနှင့် အသေးစားလျှပ်စစ်ဓာတ်အားလုပ်ငန်းများမှ ဖြန့်ဖြူးပေးရန် လျာထားသည်ဟု သတင်းရရှိသည်။

အစိုးရက ထိုသို့လျာထား သော်လည်း စီမံချက်အတွက် ကုန်ကျစရိတ်သည် အမေရိကန် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံရှိ သောကြောင့် အစိုးရဘတ်ဂျက် က ဖြည့်ဆည်းပေးနိုင်ခြင်းမရှိ သည်ကိုတွေ့ရကြောင်း၊ ထို့ ကြောင့် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနအနေဖြင့် ပြည်တွင်းနှင့် ပြည်ပမှ ပုဂ္ဂလိကလျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ရန်လျာထား ကြောင်း၊ ရှေ့တောင်အာရှနိုင်ငံ များပူးပေါင်း ပါဝင်သည့် အသေး စား၊ အလတ်စားနှင့် ပြန်ပြည့်မြဲ စွမ်းအင်ထုတ်လုပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် လျှပ်စစ် စွမ်းအားဝန်ကြီးဌာနက တရားဝင် ပြောဆိုလိုက်သည်။

‘‘လက်ရှိ လျှပ်စစ်ဓာတ် အားထုတ်လုပ်ခြင်းကဏ္ဍမှာ လည်း အစိုးရနဲ့ ပြည်တွင်းလုပ် ငန်းရှင်တွေထက် ပြည်ပ လုပ်ငန်း ရှင်တွေက ပိုများတယ်။ လျှပ်စစ် လုပ်ငန်း ၉၇ ရာခိုင်နှုန်းလောက်ကို ပြည်ပက လာရင်းနှီးမြှုပ်နှံနေ ကြတယ်’’ဟု ရေအားလျှပ်စစ်စီမံ ကိန်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်စိမ့်ဝင့်က ပြောသည်။

မြန်မာနိုင်ငံ၌ ယခုလက်ရှိ ထုတ်လုပ်နေသည့် ရေအားလျှပ် စစ်၊ ကျောက်မီးသွေး၊ သဘာဝ ဓာတ်ငွေ့နှင့် ပြန်ပြည့်မြဲစွမ်းအင် ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် ငွေကြေးစိုက်ထုတ်လုပ်ကိုင်နေ သောအဖွဲ့မှာ အစိုးရ၊ ပြည်တွင်း လုပ်ငန်းရှင်နှင့် ပြည်ပလုပ်ငန်း ရှင်သုံးဦးရှိသည့်အနက် ပြည်ပ လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု သည် အများဆုံးဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သတင်းရရှိသည်။

လက်ရှိမြန်မာနိုင်ငံ၏ လျှပ် စစ်ဓာတ်အားထုတ်ယူမှုမှာ ရေ အားလျှပ်စစ်မှ ၂,၇၇၃ မဂ္ဂါဝပ် (၇၂ ရာခိုင်နှုန်း)၊ သဘာဝဓာတ် ငွေ့မှ ၁,၄၅၂ မဂ္ဂါဝပ် (၁၈ ရာခိုင် နှုန်း)၊ ကျောက်မီးသွေးမှ ၂၈၅ မဂ္ဂါဝပ် (၈ ရာခိုင်နှုန်း)၊ ဒီဇယ် လျှပ်စစ်မှ ၆၀ မဂ္ဂါဝပ် (၂ ရာခိုင် နှုန်း)စုစုပေါင်း မဂ္ဂါဝပ် ၄,၅၇၀ ထုတ်ယူနိုင်သည့် စက်တပ်အင် အားဖြင့် လည်ပတ်နေသည်။

မြန်မာနိုင်ငံ၏ လက်ရှိလျှပ် စစ်ဓာတ်အားသုံးစွဲမှုမှာ မဂ္ဂါဝပ် ၃၆,၀၀၀ ကျော်မှ နိုင်ငံပိုင်စက် ရုံ၊ အိမ်၊ ရုံး၊ ဆေးရုံ၊ ကျောင်း များက ၆၁ ရာခိုင်နှုန်း၊ သမဝါ ယမက ၂၅ ရာခိုင်နှုန်း၊ ပုဂ္ဂလိက က ၁၄ ရာခိုင်နှုန်းသုံးစွဲနေ သည်ဟု အစိုးရထုတ်ပြန်သော စာရင်း ဇယားများတွင် ဖော်ပြထားသည်။

တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ် အားသုံးစွဲရန် နှစ်စဉ်လိုအပ်ချက် မှာ မဂ္ဂါဝပ် ၁,၀၀၀ ကျော်ရှိနေ သည်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှု မှာ တစ်နှစ်လျှင် စုစုပေါင်းထုတ် နေသည့် ပမာဏတွင် ၁၅ ရာခိုင် နှုန်းတိုးနေ ကြောင်း လျှပ်စစ်စွမ်း အားဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အစိုးရ အကောင်အထည် ဖော်ရန် လျာထားသည့် ရေအား လျှပ်စစ်စီမံကိန်း ၆၃ ခုရှိသည်။ ယင်းတို့အနက် ဝန်ကြီး ဌာနက စီမံကိန်း ၁၁ ခုကို ကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး ကျန်ကြီးမား သည့် ရေအားလျှပ်စစ်စီမံကိန်း ကြီးများကို B.O.T စနစ်ဖြင့် ငါးခု၊ B.O.T နှင့် JV တို့ဖြင့် ၄၇ ခု လုပ်ကိုင်ရန်ရှိသည်ဟု သတင်းရရှိသည်။

7Day DAILY

No comments:

Post a Comment