Wednesday 26 November 2014

အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်း (၁၂)ကြိမ်မြောက် လွှတ်တော်တွင် တင်သွင်းရန် သဘောတူ

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည့်ဥပဒေမူကြမ်းကို လာမည့် (၁၂)ကြိမ်မြောက်လွှတ်တော်အစည်း အဝေးတွင် တင် သွင်းရန် နိုဝင်ဘာ ၂၅ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ် တော်က သဘောတူ ဆုံးဖြတ်လိုက်သည်။

ယခုကျင်းပဆဲ (၁၁)ကြိမ် မြောက်လွှတ်တော်အစည်းအဝေး များ နိုဝင်ဘာလကုန်တွင် ပြီးစီး မည်ဖြစ်ပြီး လာမည့် (၁၂)ကြိမ် မြောက်လွှတ်တော်အစည်းအဝေး ကို ၂၀၁၅ ဇန်န၀ါရီတွင် ပြန် လည် စတင်ကျင်းပ နိုင်ဖွယ်ရှိ ကြောင်း လွှတ်တော်ကိုယ်စား လှယ်အချို့ထံမှ သိရသည်။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေ ခံဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)ကို (၁၂)ကြိမ်မြောက် ပြည်ထောင်စု လွှတ်တော်အစည်း အဝေးသို့ တင်သွင်းဆွေးနွေးဆုံး ဖြတ်နိုင်ရန် ပြည်ထောင်စု လွှတ်တော်ကို တိုက်တွန်း ကြောင်းအဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုဆုံးဖြတ်ပေးနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက အဆိုတင်သွင်းခဲ့ရာ ယင်းအဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်နိုင်ရေးအတွက် ပြည်ထောင် စုလွှတ်တော်တွင် ယခုလ ၁၃ရက် မှ ၂၅ရက် အထိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအ ပါအ၀င် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးရေ ၁၄၀ဦးက ၀င်ရောက်ဆွေးနွေးမှုများကို ပြု လုပ်ခဲ့သည်။

လာမည့် ၂၀၁၅ခုနှစ်၊ မေ လအတွင်း ဖွဲ့စည်းပုံအခြေခံဥပ ဒေပြင်ဆင်နိုင်ရေးနှင့်ပတ်သက် ၍ လူထုဆန္ဒခံ ယူပွဲများ ကျင်းပပြုလုပ်ပေးမည်ဖြစ်သည်ဟု ပြည်ထောင်စုလွှတ်တော် နာယကသူရဦးရွှေမန်းက ပြောကြားထားသည်။

7Day DAILY 

No comments:

Post a Comment