Wednesday 26 November 2014

ဖုန်းခေါ်ဆိုခနှုန်းထားများ ကွာဟမှုမရှိစေရန် အမြင့်ဆုံးနှင့် အနိမ့်ဆုံးဈေးများ သတ်မှတ်ထား

Photo: ဖုန်းခေါ်ဆိုခနှုန်းထားများ ကွာဟမှုမရှိစေရန် အမြင့်ဆုံးနှင့် အနိမ့်ဆုံးဈေးများ သတ်မှတ်ထား
Wednesday, November 26, 2014

ဖုန်းခေါ်ဆိုခနှုန်းထားများ ကွာဟမှုမရှိစေရန် အမြင့်ဆုံးနှင့် အနိမ့်ဆုံးဈေးများ သတ်မှတ်ထားကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်၏ ပြောကြားချက်အရ သိရသည်။

“ဈေးနှုန်းကွာဟမှု မရှိအောင်ဆိုတာက ကျွန်တော်တို့ Regulator ကတော့ အမြင့်ဆုံးရယ်၊ အနိမ့်ဆုံးရယ် သတ်မှတ်တယ်။ အဲဒီဟာကိုပဲ ကျွန်တော်တို့က Regulate လုပ်တယ်။ သူတို့ကို ဈေးနှုန်းချဖို့လည်း ကျွန်တော်တို့က Regulate (သတ်မှတ်) မလုပ်ဘူး။ မြှင့်ဖို့လည်း Regulate မလုပ်ဘူး။ သူတို့ရဲ့ ဈေးကွက်ပြိုင်ဆိုင်မှုပဲ” ဟု ဦးသန်းထွန်းအောင်က ပြောသည်။

လက်ရှိတွင် ဖုန်းခေါ်ဆိုခ နှုန်းထားများနှင့် ပတ်သက်၍ ပြောကြားခြင်းဖြစ်သည်။ ဖုန်းခေါ်ဆိုခ နှုန်းထားများအား နှိုင်းယှဉ်ပါက ပြည်ပအော်ပရေတာ နှစ်ခုထက် ပြည်တွင်းအော်ပရေတာ MPT ၏ ခေါ်ဆိုနှုန်းထား မြင့်လျက် ရှိသည်။

“ဥပမာပြောမယ်ဆိုလို့ရှိရင် အခုအော်ပရေတာ သုံးယောက်ရှိပြီ။ MPT ကများနေလို့ မသုံးဘူးဆိုရင် သူ့ဆီက Customer တွေ သူများဆီရောက်သွားမှာပေါ့။ အဲဒါကြောင့်မို့ MPT ကိုယ်တိုင်လည်း ဈေးကွက်ပြိုင်ဆိုင်မှု Demand အရ ဈေးချဖို့ပြင်နေပါတယ်” ဟု သုံးသပ်ပြောကြားသည်။

အင်တာနက်ဂျာနယ်
ဖုန်းခေါ်ဆိုခနှုန်းထားများ ကွာဟမှုမရှိစေရန် အမြင့်ဆုံးနှင့် အနိမ့်ဆုံးဈေးများ သတ်မှတ်ထားကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်၏ ပြောကြားချက်အရ သိရသည်။

“ဈေးနှုန်းကွာဟမှု မရှိအောင်ဆိုတာက ကျွန်တော်တို့ Regulator ကတော့ အမြင့်ဆုံးရယ်၊ အနိမ့်ဆုံးရယ် သတ်မှတ်တယ်။ အဲဒီဟာကိုပဲ ကျွန်တော်တို့က Regulate လုပ်တယ်။ သူတို့ကို ဈေးနှုန်းချဖို့လည်း ကျွန်တော် တို့က Regulate (သတ်မှတ်) မလုပ်ဘူး။ မြှင့်ဖို့လည်း Regulate မလုပ်ဘူး။ သူတို့ရဲ့ ဈေးကွက် ပြိုင်ဆိုင်မှုပဲ” ဟု ဦးသန်းထွန်းအောင်က ပြောသည်။

လက်ရှိတွင် ဖုန်းခေါ်ဆိုခ နှုန်းထားများနှင့် ပတ်သက်၍ ပြောကြားခြင်းဖြစ်သည်။ ဖုန်းခေါ်ဆိုခ နှုန်းထားများ အား နှိုင်းယှဉ်ပါက ပြည်ပအော်ပရေတာ နှစ်ခုထက် ပြည်တွင်းအော်ပရေတာ MPT ၏ ခေါ်ဆိုနှုန်းထား မြင့်လျက် ရှိသည်။

“ဥပမာပြောမယ်ဆိုလို့ရှိရင် အခုအော်ပရေတာ သုံးယောက်ရှိပြီ။ MPT ကများနေလို့ မသုံးဘူးဆိုရင် သူ့ဆီ က Customer တွေ သူများဆီရောက်သွားမှာပေါ့။ အဲဒါကြောင့်မို့ MPT ကိုယ်တိုင်လည်း ဈေးကွက်ပြိုင် ဆိုင်မှု Demand အရ ဈေးချဖို့ပြင်နေပါတယ်” ဟု သုံးသပ်ပြောကြားသည်။

အင်တာနက်ဂျာနယ်

No comments:

Post a Comment