Wednesday 26 November 2014

အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ် ရာထူးမှ နုတ်ထွက်

Photo: အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ် ရာထူးမှ နုတ်ထွက်
Wednesday, November 26, 2014

သမ္မတ အိုဘားမားအစိုးရကို ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး မဟာဗျူဟာနှင့် ပတ်သက်ပြီး မေးခွန်းထုတ်မှုများ ပြုလုပ်နေလျက်ရှိစဉ် လက်ရှိ အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်က ရာထူးမှ နုတ်ထွက်သွားခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

ရီပတ်ဘလစ်ကန် ဆီးနိတ်လွှတ်တော် အမတ်တစ်ဦးဖြစ်သော ချက်ဟေဂယ်သည် အမေရိကန် ကာကွယ်ရေးဝန်ကြီး ရာထူးကို ၂ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီး ကာကွယ်ရေး ဘတ်ဂျက်ကို လျှော့သုံးကာ နိုင်ငံခြားရှိ အမေရိကန် စစ်တပ် များကိုလည်း ပြန်လည် ဆုတ်ခွာရသည့် ကာလတွင် တာဝန်ယူရခြင်း ဖြစ်သည်။

သို့သော် အမေရိကန် ပြည်ထောင်စုသည် စစ်ပွဲတစ်ပွဲနှင့် ပါဝင်ပတ်သက်ရပြီ ဖြစ်သည်။

အစ္စလာမ္မစ် နိုင်ငံတော် IS အဖွဲ့သည် ဆီးရီးယားနှင့် အီရတ်တို့တွင် အခြေပြု သောင်းကျန်းလျက် ရှိရာတွင် ပင်တဂွန် စစ်ဌာနချုပ် အကြီးအကဲ အမေရိကန် ကာကွယ်ရေးဝန်ကြီး အနေနှင့် ရှုပ်ထွေးသော စစ်ရေးလှုပ်ရှားမှုများကို ကိုင်တွယ်ခဲ့ရကာ အိုဘားမားက ဟေဂယ်သည် အဆိုပါ တာဝန်နှင့် မသင့်လျော်ကြောင်း ပြောကြားခဲ့သည်။

အသက် ၆၈ နှစ် ရှိပြီဖြစ်သော ဗီယက်နက်စစ်ပြန် ချက်ဟေဂယ်သည် အိမ်ဖြူတော်၌ သမ္မတ အိုဘားမားနှင့် တွေ့ဆုံခဲ့ပြီး ၎င်းနုတ်ထွက်မည့် သတင်းကို အတည်ပြုပေးခဲ့သည်။

“ချက်ကို ကာကွယ်ရေးဝန်ကြီး အဖြစ် တာဝန်ယူပေးနိုင်မလားလို့ ကျွန်တော် မေးမြန်းခဲ့စဉ်တုန်းက ကျွန်တော်တို့တွေဟာ အပြောင်းအလဲ ကာလကို ဖြတ်သန်း နေရပါတယ်။ အာဖဂန်က တပ်တွေကို ပြန်ရုပ်ရမယ်၊ ခက်ခဲတဲ့ ဘဏ္ဍာရေး ရွေးချယ်မှုတွေကြားမှာ ကျွန်တော်တို့ တပ်မတော်ကိုလည်း အားကောင်းပြီး အသင့်အနေအထား ဖြစ်နေအောင် ပြင်ဆင်နေရတယ်” ဟု အိုဘားမားက ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့လတုန်းက ချက်က ကျွန်တော့်ဆီကို လာခဲ့ပြီးတော့ ဒီအပြောင်းအလဲ ကာလတွေမှာ သူတာဝန်ယူရတဲ့ ဝန်ကြီးဌာနက ဘယ်လို လုပ်ဆောင်ခဲ့ရတယ် ဆိုတာကို ဆွေးနွေးခဲ့ပါတယ်။ ယခု ကာလဟာ သူ့ရဲ့ လုပ်ငန်းတာဝန်တွေကို အဆုံးသတ်ခွင့်ပြုဖို့ သင့်တော်တဲ့ အချိန်ပါ” ဟု အိုဘားမားက ကာကွယ်ရေးဝန်ကြီး နုတ်ထွက်မှုနှင့် ပတ်သက်ပြီး သဘောထား မှတ်ချက်ပြုခဲ့သည်။

ဝန်ကြီးဟေဂယ်က အိုဘားမားနှင့် ခင်မင်မှု၊ ၎င်း၏ ခေါင်းဆောင်မှုတို့အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ကာ လက်ရှိ အမေရိကန် တပ်မတော်ကို အားကောင်းပြီး တည်ငြိမ်သော လမ်းကြောင်းပေါ်သို့ တင်နိုင်ခဲ့သည်ဟု အိမ်ဖြူတော် ကြေညာချက်တွင် ပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီး အသစ်အဖြစ် မည်သူ့ကို ခန့်အပ်မည် ဆိုသည်ကို အိမ်ဖြူတော်က ကြေညာခြင်း မပြုသေးဘဲ သုံးဦးကို လျာထားလျက် ရှိသည်ဟုသာ အရိပ်အမြွတ် ပြောကြားထားသည်။

The Voice Weekly
သမ္မတ အိုဘားမားအစိုးရကို ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး မဟာဗျူဟာနှင့် ပတ်သက်ပြီး မေးခွန်းထုတ်မှုများ ပြုလုပ်နေလျက်ရှိစဉ် လက်ရှိ အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်က ရာထူးမှ နုတ်ထွက် သွားခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

ရီပတ်ဘလစ်ကန် ဆီးနိတ်လွှတ်တော် အမတ်တစ်ဦးဖြစ်သော ချက်ဟေဂယ်သည် အမေရိကန် ကာကွယ် ရေးဝန်ကြီး ရာထူးကို ၂ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီး ကာကွယ်ရေး ဘတ်ဂျက်ကို လျှော့သုံးကာ နိုင်ငံခြားရှိ အမေရိကန်စစ်တပ်များကိုလည်း ပြန်လည် ဆုတ်ခွာရသည့် ကာလတွင် တာဝန်ယူရခြင်း ဖြစ်သည်။

သို့သော် အမေရိကန် ပြည်ထောင်စုသည် စစ်ပွဲတစ်ပွဲနှင့် ပါဝင်ပတ်သက်ရပြီ ဖြစ်သည်။

အစ္စလာမ္မစ် နိုင်ငံတော် IS အဖွဲ့သည် ဆီးရီးယားနှင့် အီရတ်တို့တွင် အခြေပြု သောင်းကျန်းလျက် ရှိရာတွင် ပင်တဂွန် စစ်ဌာနချုပ် အကြီးအကဲ အမေရိကန် ကာကွယ်ရေးဝန်ကြီး အနေနှင့် ရှုပ်ထွေးသော စစ်ရေးလှုပ်ရှားမှုများကို ကိုင်တွယ်ခဲ့ရကာ အိုဘားမားက ဟေဂယ်သည် အဆိုပါ တာဝန်နှင့် မသင့်လျော် ကြောင်း ပြောကြားခဲ့သည်။

အသက် ၆၈ နှစ် ရှိပြီဖြစ်သော ဗီယက်နက်စစ်ပြန် ချက်ဟေဂယ်သည် အိမ်ဖြူတော်၌ သမ္မတ အိုဘားမား နှင့် တွေ့ဆုံခဲ့ပြီး ၎င်းနုတ်ထွက်မည့် သတင်းကို အတည်ပြုပေးခဲ့သည်။

“ချက်ကို ကာကွယ်ရေးဝန်ကြီး အဖြစ် တာဝန်ယူပေးနိုင်မလားလို့ ကျွန်တော် မေးမြန်းခဲ့စဉ်တုန်းက ကျွန်တော်တို့တွေဟာ အပြောင်းအလဲ ကာလကို ဖြတ်သန်း နေရပါတယ်။ အာဖဂန်က တပ်တွေကို ပြန်ရုပ် ရမယ်၊ ခက်ခဲတဲ့ ဘဏ္ဍာရေး ရွေးချယ်မှုတွေကြားမှာ ကျွန်တော်တို့ တပ်မတော်ကိုလည်း အားကောင်းပြီး အသင့်အနေအထား ဖြစ်နေအောင် ပြင်ဆင်နေရတယ်” ဟု အိုဘားမားက ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့လတုန်းက ချက်က ကျွန်တော့်ဆီကို လာခဲ့ပြီးတော့ ဒီအပြောင်းအလဲ ကာလတွေမှာ သူတာဝန် ယူရတဲ့ ဝန်ကြီးဌာနက ဘယ်လို လုပ်ဆောင်ခဲ့ရတယ် ဆိုတာကို ဆွေးနွေးခဲ့ပါတယ်။ ယခု ကာလဟာ သူ့ရဲ့ လုပ်ငန်းတာဝန်တွေကို အဆုံးသတ်ခွင့်ပြုဖို့ သင့်တော်တဲ့ အချိန်ပါ” ဟု အိုဘားမားက ကာကွယ်ရေးဝန်ကြီး နုတ်ထွက်မှုနှင့် ပတ်သက်ပြီး သဘောထား မှတ်ချက်ပြုခဲ့သည်။

ဝန်ကြီးဟေဂယ်က အိုဘားမားနှင့် ခင်မင်မှု၊ ၎င်း၏ ခေါင်းဆောင်မှုတို့အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ကာ လက်ရှိ အမေရိကန် တပ်မတော်ကို အားကောင်းပြီး တည်ငြိမ်သော လမ်းကြောင်းပေါ်သို့ တင်နိုင်ခဲ့သည်ဟု အိမ်ဖြူတော် ကြေညာချက်တွင် ပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီး အသစ်အဖြစ် မည်သူ့ကို ခန့်အပ်မည် ဆိုသည်ကို အိမ်ဖြူတော်က ကြေညာခြင်း မပြုသေးဘဲ သုံးဦးကို လျာထားလျက် ရှိသည်ဟုသာ အရိပ်အမြွတ် ပြောကြားထားသည်။

The Voice Weekly 

No comments:

Post a Comment