Wednesday 26 November 2014

ယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်းစာရင်းဝင်ကားများ ဒီဇင်ဘာ ၃၁ရက် နောက်ဆုံးထားအပ်နှံရမည် =====အစားထိုးပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခ လျှော့ပေါ့ပေးမှုဖြင့် ကနဦးမှတ်ပုံတင်ကို ၂ဝ၁၅ခုနှစ် မတ်လ ၃၁ရက်အထိ ဆောင်ရွက်ပေးမည်

ယာဉ်အိုယာဉ်ဟောင်းအဖြစ် ဖျက် သိမ်းစာရင်းဝင်မော်တော်ကားပိုင်ရှင် များအနေဖြင့် မိမိတို့၏ကားများကို ယခုနှစ်ဒီဇင်ဘာ၃၁ရက် နောက်ဆုံး ထားပြီး သက်ဆိုင်ရာသို့အပ်နှံရမည် ဖြစ်ပြီး အဆိုပါယာဉ်များအတွက် အစားထိုး တင်သွင်းမှုအား ၂ဝ၁၅ မတ် ၃၁ရက်အထိသာ ပြည်ပတင် သွင်း ယာဉ်မှတ်ပုံတင်ခ လျှော့ပေါ့ပေး မှုဖြင့် ကနဦးမှတ်ပုံတင်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၂၅ရက်တွင် ကျင်း ပသည့် ပြည်သူ့လွှတ်တော်(၁၁)ကြိမ် မြောက် ပုံမှန်အစည်းအဝေးတွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးချန်မောင်က ယာဉ်အိုယာဉ် ဟောင်းအပ်နှံမှုဆိုင်ရာ ဆောင်ရွက်မည့် အခြေအနေနှင့်စပ်လျဉ်းပြီး ယင်းကဲ့ သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

စက်မှုဇုန်ထုတ်ကားများ၊ သုံး ဘီးကားများနှင့် နှစ်နှစ်ဆယ်ကျော် ကားကို ယာဉ်အိုယာဉ်ဟောင်းအဖြစ် သတ်မှတ်ပြီး သက်ဆိုင်ရာကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံး များသို့ ယခု နှစ်ဒီဇင်ဘာ ၃၁ရက် နောက် ဆုံးထားအပ်နှံရန် သတ်မှတ်ထားသည်။

ယင်းသို့ သတ်မှတ်ထားမှုအပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်က ယာဉ်အိုဟောင်း ပိုင်ရှင်များအဆင်ပြေစေရန် ယင်းသတ် မှတ်ချက်ကို ၂ဝ၁၅ခုနှစ် ဒီဇင်ဘာလ အထိတိုးမြှင့်ပေးနိုင်ရန် အစီအစဉ်ရှိ မရှိ မေးမြန်းမှုအပေါ် ရထားပို့ဆောင်ရေး ဒုတိယဝန်ကြီးက ယင်းကဲ့သို့ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

''ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံ ရမည့်သူများအနေဖြင့် အစားထိုး ယာဉ်အဖြစ် ပြည်ပတင်သွင်းယာဉ် တင်သွင်းမည်ဆိုပါက ပြည်ပယာဉ် တင်သွင်းခ မှတ်ပုံတင်ခ လျှော့ပေါ့မှု ရရှိရန်အတွက် အဆိုပါယာဉ်များအပ်နှံ ရေးအား ၃၁.၁၂.၂ဝ၁၄ ဟု သတ်မှတ်ထားသော်လည်း အပ်နှံ ထားသောယာဉ်များ အတွက် အစား ထိုးတင်သွင်းခွင့်ရရှိသောထောက်ခံ ချက်ပုံစံ(ဃ)အား အသုံးပြုပြီး ယာဉ် တင်သွင်းမှုအား နောက်ထပ်သုံးလ အချိန်ပေးထားပြီး ၃၁. ၃.၂ဝ၁၅ အထိ ပြည်ပတင်သွင်းယာဉ်မှတ်ပုံ တင်ခလျှော့ပေါ့ မှုဖြင့် ကနဦးမှတ်ပုံ တင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း'' ရထားပို့ဆောင်ရေးဝန်ကြီးဌာနဒုတိယ ဝန်ကြီး ဦးချန်မောင်က ပြောသည်။

ယာဉ်အိုယာဉ်ဟောင်းပိုင်ရှင်များ အနေဖြင့် ဖျက်သိမ်းခံယာဉ်များ ကြောင့် ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် အစားထိုးယာဉ်တင်သွင်းခွင့်နှင့်မှတ် ပုံတင်ခလျှော့ပေါ့ပေးခြင်းများကို အစိုးရမှ ဆောင်ရွက်ပေးနေသော် လည်း အချို့စီးပွားရေးသမားများသည် ယင်းအခြေအနေအပေါ် အခွင့်ကောင်း ယူပြီး ဝယ်ယူဈေးကစားမှုများ ပြုလုပ် သဖြင့် အများခေါ်စလစ်ဈေးကြီးမြင့် မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒုတိယ ဝန်ကြီးဦးချန်မောင်က ပြောသည်။

''စလစ်ဈေးကြီးမြင့်မှုကြောင့် ယာဉ်အမှန်တကယ်ဝယ်ယူလိုသူများ အနေဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်လာခဲ့ပါ တယ်''ဟုရထားပို့ဆောင်ရေးဝန်ကြီး ဌာနဒုတိယဝန်ကြီးဦးချန်မောင်ကပြော ဆိုခဲ့ပြီး ယင်းအကြောင်း များကြောင့် ယခုကဲ့သို့ ရက်သတ်မှတ်ရခြင်းဖြစ် ကြောင်း ယင်းကပြောသည်။

ယာဉ်အိုယာဉ်ဟောင်းများ ကြောင့် အန္တရာယ်မဖြစ်ပေါ်စေရေး အတွက် ယာဉ်အိုယာဉ်ဟောင်းများကို ပြန်လည်အပ်နှံရန်သက်ဆိုင်ရာ ဝန်ကြီးဌာနမှ သတ်မှတ်ခဲ့ပြီး အပ်နှံ ရန်စာရင်းဝင်ယာဉ်စီးရေ အနေဖြင့် ဇုန်ထုတ်ယာဉ် ၈၄၄၂၉ စီး၊ သုံးဘီး ယာဉ် ၇၁ဝစီးနှင့် နှစ်နှစ်ဆယ်ကျော် ယာဉ် ၈၉၇၅၉စီးကျော် ကျန်ရှိနေသေး ကြောင်း ဒုတိယဝန်ကြီး၏ ပြောကြား ချက်အရ သိရသည်။

Yangon Media Group 

No comments:

Post a Comment