Wednesday 26 November 2014

နိုင်ငံတော်သမ္မတဦးသိန်းစိန် သမ္မတသက်တမ်းအတွင်း မွေးရပ်ကျုံကူး ကျေးရွာသို့ ပထမဆုံးအကြိမ်သွားရောက်၊ ရွှေတိဂုံပုံစံတူစေတီတော်ကို စိန်ဖူးတော်တင်လှူ

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် မွေးရပ်ဒေသဖြစ်သော ကျုံကူးကျေးရွာသို့ သွားရောက်ကာ ယင်း ကျေးရွာတွင် တည်ထားကိုးကွယ်မည့် ရွှေတိဂုံပုံစံ တူစေတီတော်၏ စိန်ဖူးတော်တင် လှူခြင်းအခမ်း အနားသို့ တက်ရောက် ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် သည် သမ္မတသက်တမ်းအတွင်း ပထမဆုံး အကြိမ်အဖြစ် မွေးရပ်ဇာတိ ဒေသသို့ နိုဝင်ဘာ ၂၅ရက်က သွား ရောက်ခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ငပု တောမြို့နယ်၊ ကျုံကူးကျေးရွာရှိ ဓမ္မပါလဘုန်းတော်ကြီး ကျောင်းဝင်း အတွင်း၌ ရွှေတိဂုံပုံစံတူစေတီတော် သမုဒ္ဒရံသီစေတီကို ဥာဏ်တော် ၁၈ တောင်ဖြင့် တည်ထားကိုးကွယ်ခဲ့ ခြင်းဖြစ်သည်။

''နိုင်ငံတော်သမ္မတကြီးက ဒီနေ့ နံနက် ၇နာရီခွဲလောက်မှာ ရောက် လာပါတယ်။ နံနက် ၈နာရီမှာ တရား နာရေစက်ချအခမ်းအနားပြုလုပ်ပြီး ၉နာရီ ၃၆မိနစ်မှာ ဘုရားဌာပနာ တိုက်ကိုပိတ်ပြီးတော့ စိန်ဖူးတော် တင်လှူတဲ့အခမ်းအနားကို တက် ရောက်ပါတယ်။ နောက်သမ္မတကြီး က ဆွေမျိုးတွေနဲ့တွေ့ဆုံပြီး မွန်းလွဲ ၁နာရီလောက်မှာ ပြန်သွားပါတယ်''ဟု ကျုံကူးကျေးရွာတွင် ပရဟိတ လုပ်ငန်းများလုပ်ဆောင်နေသည့် ဦးအောင်စိုးထွေးက ဒီမိုကရေစီတူ ဒေးသတင်းစာသို့ ပြောသည်။

''ဒီကို သမ္မတဦးသိန်းစိန်က ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင် နေတုန်းက နာဂစ်ဖြစ်ပြီးနောက် ကျုံ ကူးကိုလာခဲ့သေးတယ်။ ဒါပေမဲ့ ရွာကိုမဝင်မခဲ့ဘူး။ ရဟတ်ယာဉ်ကို ခဏရပ်နားချိန်မှာ ရဟတ်ယာဉ်ပေါ် ကပဲ မှာစရာရှိတာတွေ မှာသွားခဲ့တာပါ။ အခုမှ ရွာကိုလာတာပါ။ ဒေသခံတွေက ဝိုင်းဝန်းကြိုဆိုကြ ပါတယ်''ဟု ဒေသခံအမျိုးသမီးကြီး တစ်ဦးက ပြောသည်။

''ဒီဒေသမှာ ဘုရားစေတီတွေရှိ ပေမယ့် ရွှေတိဂုံပုံစံတူ ဘုရားမရှိ ပါဘူး။ နောက်ပြီး ဒီဘုန်းတော်ကြီး ကျောင်းကလဲ သမ္မတကြီးရဲ့အဖေ နောက်ဆုံး ဘုန်းတော်ကြီးဘဝနဲ့သ တင်းသုံးခဲ့ပြီးမှ ပျံလွန်တော်မူသွားခဲ့ တဲ့ကျောင်းဖြစ်ပါတယ်။ ဒါကြောင့် အခုလို ဘုရားတည်ဖို့ဆောင်ရွက် တာပါ။ ဘုန်းကြီးကျောင်းအတွင်း က ကန်တော်မင်္ဂလာနဲ့သိမ်ကျောင်း ကိုလည်း ပြန်ပြုပြင်ထားပါတယ်''ဟု ကျုံကူးကျေးရွာဒေသခံတစ်ဦးက ပြောသည်။

အဆိုပါစေတီတော်ကို ဒေသခံ ရွာသူရွာသားများ၏ အလှူငွေဖြင့် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။

စေတီတော် ဒီဇိုင်းရေးဆွဲမှုကို ဗိသုကာပညာရှင်ဒေါက်တာလှသန်း က ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၄ ခုနှစ် ဧပြီ ၄ရက်က မွေးမြူရေး၊ ရေလုပ် ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန် ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးအုန်း မြင့်မှ စေတီတော်ကိုအုတ်မြစ်ချပေး ခဲ့သည်။

Yangon Media Group 

No comments:

Post a Comment