Wednesday 26 November 2014

လူမည်း လူငယ်ကို ပစ်သတ် ခဲ့သည့် ရဲအား စွဲချက် မတင်ရန် ဆုံးဖြတ် ပြီးနောက် ဖာဂူဆန် မြို့တွင် ဆန္ဒပြ မှုများ အကြီး အကျယ် ဖြစ်ပွား

Photo: လူမည်း လူငယ်ကို ပစ်သတ် ခဲ့သည့် ရဲအား စွဲချက် မတင်ရန် ဆုံးဖြတ် ပြီးနောက် ဖာဂူဆန် မြို့တွင် ဆန္ဒပြ မှုများ အကြီး အကျယ် ဖြစ်ပွား
Wednesday, November 26, 2014

လူမည်း ဆယ်ကျော်သက် မိုက်ကယ် ဘရောင်း အသတ်ခံ ရခြင်းနှင့် ပတ်သက် ၍ စွဲချက် မတင်ဟု ဂျူရီ အဖွဲ့ တစ်ဖွဲ့က ဆုံးဖြတ် လိုက်ခြင်းကို မကျေနပ်ကြ သခြင့် ဖာဂူဆန်မြို့ ၏ စိန့်လူးဝစ် ဆင်ခြေဖုံး ဒေသတွင် ဆူပူ အုံကြွမှုများ ဖြစ်ပေါ် လာခဲ့ရာ မစ်ဇူရီ ပြည်နယ် အုပ်ချုပ်ရေးမှူး ရုံးက လုံခြုံရေး တပ်ဖွဲ့ဝင် အင် အားကို တိုးချဲ့ ပေးပို့  ထားရကြောင်း နိုဝင်ဘာ ၂၆ရက် ဘီဘီစီ သတင်းတွင် ဖော်ပြသည်။

အမျိုးသား လုံခြုံရေးတပ် အင်အား ၂၂၀၀ ကို စိန့်လူးဝစ် ဆင်ခြေ ဖုံးအရပ် အတွင်းအပြင် ပတ်ပတ် လည်တွင် တပ်ဖြန့် ချထား ရမည် ဖြစ်သည်ဟု ပြည်နယ်
အုပ်ချုပ် ရေးမှုး ဂျေးနီဆွန်က ပြောသည်။ ဖာဂူဆန်မြို့  အတွင်း ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိပြီး အမေရိကန် ပြည်နယ် အချို့ တွင်လည်း ဂျူရီအဖွဲ
့ဆုံးဖြတ်ချက် အပေါ် ဆန္ဒပြ သမှုများ ဖြစ်ပွားသည်။

ဆယ်ကျော်သက် အရွယ် လူမည် တစ်ဦး ဖြစ်သည့် မိုက်ကယ် ဘရောင်းမှာ သြဂုတ်လ အတွင်းက ရဲအရာရှိ တစ်ဦး၏ ပစ်သတ်မှုကို ခံခဲ့ရခြင်း ဖြစ်ကာ ၎င်း အသတ်ခံ ရပြီး နောက်ပိုင်း သြဂုတ်လ အတွင်းတွင် ဖြစ်ပွား ခဲ့သော အကြမ်းဖက် ဆူပူ အုံကြွမှု များထက် မစ်ဇူရီ ပြည်နယ်ရှိ ဖာဂူဆန်မြို့ တွင် ယခု ဖြစ်ပွား လျက် ရှိသော အကြမ်းဖက် မှုမှာ များစွာ ပို၍ ဆိုးလာဖွယ် ရှိကြောင်း ရဲတပ်ဖွဲ့ အကြီး အကဲ တစ်ဦးက ဆိုသည်။

ဆူပူ အကြမ်း ဖက်သူ များသည် သေနတ် ပစ်ခတ်မှု အချက်ပေါင်း ၁၅၀ ခန့် ပြုလုပ် ခဲ့ကြကြောင်း စိန့်လူးဝစ် ကောင်တီ ရဲတပ်ဖွဲ့ အကြီးအကဲ ဂျွန်ဘယ်လ်မာ ကဆိုသည်။ မိုက်ကယ် ဘရောင်းမှာ သြဂုတ်လ ၉ ရက်တွင် လူဖြူ အရာရှိ တစ်ဦးဖြစ် သူဒါရန် ဝီလ်ဆင်၏ ပစ်ခတ် ခြင်းကို ခံခဲ့သူ ဖြစ်သည်။ ထိုဖြစ်ရပ် ကြောင့်ဆန္ဒပြမှု များလည်း ပေါ်ပေါက် လာခဲ့ရသည်။

အာဖရိကန် - အမေရိကန် အသိုင်းအဝိုင်းမှ လူအများအပြားက ဝီလ်ဆင်အား လူသတ်မှုဖြင့် စွဲချက်တင်ရန် တိုက်တွန်း တောင်းဆို ခဲ့ကြ သော်လည်း အမှုကို
ကြာရှည်စွာ စုံးစမ်း လေ့လာ သုံးသပ် ပြီးနောက် ဝီလ်ဆင်အား စွဲချက် မတင်ရန် ခုံသမာဓိ အဖွဲ့ က ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။

သေဆုံး သွားခဲ့သူ လူမည်း ဆယ်ကျော်သက်၏ မိသားစုနှင့် အတူ နိုဝင်ဘာ ၁၄ရက်တွင် သမ္မတ ဘားရတ် အိုဘားမားက အမေရိကန် ပြည်သူများ စိတ်ငြိမ် သက်စွာ ထားကြ ရန်နှင့် အမှုနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချရ မည်မှာ ခုံသမာဓိ သာဖြစ်ကြောင်း လက်ခံကြရန် တိုက်တွန်း ခဲ့သည်။

ခုံသမာဓိ အဖွဲ့ ၏ ဆုံးဖြတ်ချက် နိုဝင်ဘာ ၂၄ ရက်တွင် ထွက်ပေါ်လာခဲ့ပြီးနောက် ဖာဂူဆန် မြို့ တွင် အကြမ်းဖက် ဖျက်ဆီးမှုများ ပေါ်ပေါက် လာခဲ့ရာ သြဂုတ် လအတွင်း ဆူပူ အုံကြွ ခဲ့သည်ထက် ပိုမို ဆိုးရွား သည်ကို မြင်တွေ့ ခဲ့ ရကြောင်း ဘီဘီစီ သတင်းထောက် အာလင်းမ် မက်ဘူးလ်က ဆိုခဲ့သည်။

Mizzima - News in Burmese
လူမည်း ဆယ်ကျော်သက် မိုက်ကယ် ဘရောင်း အသတ်ခံ ရခြင်းနှင့် ပတ်သက် ၍ စွဲချက် မတင်ဟု ဂျူရီ အဖွဲ့ တစ်ဖွဲ့က ဆုံးဖြတ် လိုက်ခြင်းကို မကျေနပ်ကြ သခြင့် ဖာဂူဆန်မြို့ ၏ စိန့်လူးဝစ် ဆင်ခြေဖုံး ဒေသတွင် ဆူပူ အုံကြွမှုများ ဖြစ်ပေါ် လာခဲ့ရာ မစ်ဇူရီ ပြည်နယ် အုပ်ချုပ်ရေးမှူး ရုံးက လုံခြုံရေး တပ်ဖွဲ့ဝင် အင် အားကို တိုးချဲ့ ပေးပို့  ထားရကြောင်း နိုဝင်ဘာ ၂၆ရက် ဘီဘီစီ သတင်းတွင် ဖော်ပြသည်။

အမျိုးသား လုံခြုံရေးတပ် အင်အား ၂၂၀၀ ကို စိန့်လူးဝစ် ဆင်ခြေ ဖုံးအရပ် အတွင်းအပြင် ပတ်ပတ် လည်တွင် တပ်ဖြန့် ချထား ရမည် ဖြစ်သည်ဟု ပြည်နယ် အုပ်ချုပ် ရေးမှုး ဂျေးနီဆွန်က ပြောသည်။ ဖာဂူဆန်မြို့  အတွင်း ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိပြီး အမေရိကန် ပြည်နယ် အချို့ တွင်လည်း ဂျူရီအဖွဲ့ ဆုံးဖြတ်ချက် အပေါ် ဆန္ဒပြ သမှုများ ဖြစ်ပွားသည်။

ဆယ်ကျော်သက် အရွယ် လူမည် တစ်ဦး ဖြစ်သည့် မိုက်ကယ် ဘရောင်းမှာ သြဂုတ်လ အတွင်းက ရဲအရာရှိ တစ်ဦး၏ ပစ်သတ်မှုကို ခံခဲ့ရခြင်း ဖြစ်ကာ ၎င်း အသတ်ခံ ရပြီး နောက်ပိုင်း သြဂုတ်လ အတွင်းတွင် ဖြစ်ပွား ခဲ့သော အကြမ်းဖက် ဆူပူ အုံကြွမှု များထက် မစ်ဇူရီ ပြည်နယ်ရှိ ဖာဂူဆန်မြို့ တွင် ယခု ဖြစ်ပွား လျက် ရှိသော အကြမ်းဖက် မှုမှာ များစွာ ပို၍ ဆိုးလာဖွယ် ရှိကြောင်း ရဲတပ်ဖွဲ့ အကြီး အကဲ တစ်ဦးက ဆိုသည်။

ဆူပူ အကြမ်း ဖက်သူ များသည် သေနတ် ပစ်ခတ်မှု အချက်ပေါင်း ၁၅၀ ခန့် ပြုလုပ် ခဲ့ကြကြောင်း စိန့်လူးဝစ် ကောင်တီ ရဲတပ်ဖွဲ့ အကြီးအကဲ ဂျွန်ဘယ်လ်မာ ကဆိုသည်။ မိုက်ကယ် ဘရောင်းမှာ သြဂုတ်လ ၉ ရက်တွင် လူဖြူ အရာရှိ တစ်ဦးဖြစ် သူဒါရန် ဝီလ်ဆင်၏ ပစ်ခတ် ခြင်းကို ခံခဲ့သူ ဖြစ်သည်။ ထိုဖြစ်ရပ် ကြောင့်ဆန္ဒပြမှု များလည်း ပေါ်ပေါက် လာခဲ့ရသည်။

အာဖရိကန် - အမေရိကန် အသိုင်းအဝိုင်းမှ လူအများအပြားက ဝီလ်ဆင်အား လူသတ်မှုဖြင့် စွဲချက်တင်ရန် တိုက်တွန်း တောင်းဆို ခဲ့ကြ သော်လည်း အမှုကို ကြာရှည်စွာ စုံးစမ်း လေ့လာ သုံးသပ် ပြီးနောက် ဝီလ်ဆင်အား စွဲချက် မတင်ရန် ခုံသမာဓိ အဖွဲ့ က ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။

သေဆုံး သွားခဲ့သူ လူမည်း ဆယ်ကျော်သက်၏ မိသားစုနှင့် အတူ နိုဝင်ဘာ ၁၄ရက်တွင် သမ္မတ ဘားရတ် အိုဘားမားက အမေရိကန် ပြည်သူများ စိတ်ငြိမ် သက်စွာ ထားကြ ရန်နှင့် အမှုနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချရ မည်မှာ ခုံသမာဓိ သာဖြစ်ကြောင်း လက်ခံကြရန် တိုက်တွန်း ခဲ့သည်။

ခုံသမာဓိ အဖွဲ့ ၏ ဆုံးဖြတ်ချက် နိုဝင်ဘာ ၂၄ ရက်တွင် ထွက်ပေါ်လာခဲ့ပြီးနောက် ဖာဂူဆန် မြို့ တွင် အကြမ်းဖက် ဖျက်ဆီးမှုများ ပေါ်ပေါက် လာခဲ့ရာ သြဂုတ် လအတွင်း ဆူပူ အုံကြွ ခဲ့သည်ထက် ပိုမို ဆိုးရွား သည်ကို မြင်တွေ့ ခဲ့ ရကြောင်း ဘီဘီစီ သတင်းထောက် အာလင်းမ် မက်ဘူးလ်က ဆိုခဲ့သည်။

Mizzima - News in Burmese 

No comments:

Post a Comment