Friday 15 August 2014

အူရီဒူး၏ အင်တာနက်အသုံးပြုခအား နေ့စဉ် 30MB အတွက် ကျပ် ၅၀၀ မှ တစ်လလျှင် 1GB သုံးစွဲမှုအတွက် ကျပ် ၁၂၀၀၀ သတ်မှတ်

အူရီဒူး၏ ဖုန်းအင်တာနက်အသုံးပြုခအား 1 Mb လျှင် ၂၅ ကျပ်နှုန်း သတ်မှတ်ထားသော်လည်း ဩဂုတ် ၁၄ ရက်တွင် အခြား Package Plan များကို နေပြည်တော်၌ ပြုလုပ်သော အူရီဒူးမြန်မာ၏ ဈေးကွက်စတင် မိတ်ဆက်ခြင်း အထိမ်းအမှတ်ပွဲတွင် ထုတ်ပြန်ကြေညာခဲ့သည်။

 ယင်းအစီအစဉ်များအရ နေ့စဉ်30 Mb အသုံးပြုခြင်းအတွက် တစ်ရက်လျှင် ကျပ် ၅ဝဝ ကောက်ခံမည့် Plan တွင် Facebook ကို 20 Mb အခမဲ့အသုံးပြုနိုင်မည် ဖြစ်သည်။

တစ်ပတ်လျှင် 200 Mb အသုံးပြုနိုင်ခြင်းအစီအစဉ်တွင်မူ ကျပ် ၃ဝဝဝ ကျသင့် မည်ဖြစ်ပြီး Facebook ကို 120 Mb အထိ အခမဲ့အသုံးပြုခွင့် ရရှိမည်ဖြစ်သည်။ လစဉ် 1 Gb အထိ အသုံးပြုနိုင်သော အစီအစဉ်မှာ တစ်လလျှင် ကျပ် ၁၂ဝဝဝ ကောက်ခံမည်ဖြစ်ပြီး Facebook ကို 600 Mb အထိ အခမဲ့သုံးစွဲနိုင်မည်ဟု သိရသည်။

ထိုသို့အသုံးပြုရန်အတွက် ၂၂၃၈ သို့ 30MB, 200MB, 1GB စသဖြင့် စာရိုက် ပေးပို့ ကာ ဝန်ဆောင်မှုရယူနိုင်ပြီး *133# သို့ ဆက်သွယ်၍ Ooredoo Packs/Internet ကို ရွေးချယ်နိုင်ကြောင်းလည်း သိရသည်။

ယင်းအင်တာနက်အစီအစဉ်များကို ရယူရန် ဖုန်းထဲတွင် ငွေလက်ကျန် လုံလောက် စွာ ရှိရမည်ဖြစ်ပြီး အစီအစဉ်သုံးခုအထိ တစ်ပြိုင်နက်အသုံးပြုနိုင်ကြောင်း လည်း သိရသည်။

2Gb, 3Gb နှင့် အကန့်အသတ်မရှိ သုံးစွဲခြင်းများအတွက် ၎င်းဝက်ဘ်ဆိုက်တွင် ထုတ်ပြန်သွားမည်ဟု သိရသည်။

ထို့ပြင် Viber ကို 5 Mb လျှင်ကျပ် ၁ဝဝ နှုန်းဖြင့် အသုံးပြု၍ စာတိုပို့ခြင်း၊ လက်ခံခြင်းများကို ပြုလုပ်နိုင် ကြောင်း သိရသည်။ထို့ပြင်  Samsung Galaxy V ဟန်းဆက်ကို ကျပ် ၉၇၅ဝဝ ဖြင့် အူရီဒူးဆိုင်များတွင် ဝယ်ယူပါက အခမဲ့ မိနစ် ၃ဝဝ ဖုန်းပြောခွင့်၊ SMS ၃ဝဝ ပို့ခွင့်နှင့် အင်တာနက် တစ်လ လျှင် 100 Mb စီဖြင့် သုံးလဆက်တိုက်သုံးစွဲခွင့်တို့ ရရှိမည်ဖြစ်သည်။

Eleven Media Group 

No comments:

Post a Comment