Friday 29 August 2014

စာနယ်ဇင်းကောင်စီနှင့် တရားစီရင်ရေးတို့ စက်တင်ဘာ ပထမပတ်တွင် တွေ့မည်

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့ စက်တင်ဘာလ ပထမပတ် တွင် တွေ့ ဆုံ ဆွေးနွေးနိုင်ရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ စာပေးပို့ထားကြောင်း ကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေက မဇ္ဈိမကို ပြောသည်။
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး နှင့် စတုတ္ထမဏ္ဍိုင်တို့ စက်တင်ဘာနောက်ဆုံးပတ်တွင် မဏ္ဍိုင်လေးရပ်ဆွေးနွေးပွဲပြုလုပ်မည်ဖြစ်၍ တရားစီရင်ရေးမဏ္ဍိုင်မှ ပြည်ထောင်စုတရားလွှတ်တော် နှင့် တွေ့ ဆုံ ဆွေးနွေး ရန် စာပေးပို့ခဲ့ခြင်းဖြစ် သည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က တရားသူကြီးချုပ် (ပြည်ထောင်စု တရားလွှတ်တော်)ထံ သြဂုတ်လ ၂၂ ရက်က စာပေးပို့ခဲ့ခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ သောကြာနေ့က စာပို့ထားတာပါ။ စာထဲမှာ စက်တင်ဘာလဆန်းပိုင်း ပထမပတ်အတွင်း တွေ့ဆုံနို င်ဖို့ ပါပါတယ်။ ယူနတီ၊ Bi မွန်းတည့်နေ ကိစ္စနဲ့ပတ်သတ်ပြီး ဆွေးနွေးသွားဖို့ တွေလည်း ရှိပါတယ်။ အခုထိတော့ တစ်စုံတစ်ရာ အကြောင်းပြန်တာမရှိသေးပါဘူး”ဟု ၎င်းက ပြောသည်။

တရားစီရင်ရေးမဏ္ဍိုင်နှင့် ကောင်စီ တွေ့ဆုံစဉ် သတင်းမီဒီယာနှင့်ပတ်သတ်သည့် တရားစီရင်ရေးကိစ္စများ အကြောင်း ဆွေးနွေးသွားမည်ဟု ဦးကျော်မင်းဆွေက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ သြဂုတ် ၁ ရက်တွင် လည်းကောင်း၊ သြဂုတ် ၁၆ရက်တွင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နှင့် လည်းကောင်း၊ သြဂုတ် ၂ဝ ရက် ကပြည်ထောင်စု လွှတ်တော် နာယကသူရဦးရွှေမန်း (ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ)၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့နှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးနှင့် တွေ့ဆုံမှု အပြီးတွင် မဏ္ဍိုင်လေးရပ်ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး နှင့် စတုတ္ထမဏ္ဍိုင်(မီဒီယာ) တို့ပါဝင်သည့် မဏ္ဍိုင်လေးရပ်ဆွေးနွေးပွဲကို စက်တင်ဘာ လကုန် တွင် ကျင်းပမည် ဖြစ်သည်။

စာနယ်ဇင်းကောင်စီ နှင့် သမ္မတ ဦးသိန်းစိန်တို့ သြဂုတ်လ ၁ ရက်က တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် စတုတ္ထမဏ္ဍိုင်(မီဒီယာ)တို့ အကြားတာဝန်ဝတ္တရား နှင့် ကျင့်ဝတ် စည်းကမ်းများကို အပြန်အလှန်နားလည်စေမှုနှင့် နိုင်ငံသားအားလုံး၏ သတင်းသိပိုင်ခွင့် ကို ဖြည့် ဆည်းပေးနိုင်ရန်အတွက် မဏ္ဍိုင်လေးရပ်ဆွေးနွေးပွဲများ ကျင်းပသွားရန် သဘောတူညီချက် ရရှိခဲ့သည် ဟု ကောင် စီ ၏ သဘောထားကြေညာချက်တွင် ထည့်သွင်းထုတ်ပြန်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment