Friday 29 August 2014

အမေရိကန် ရင်းနှီးမြှုပ်နှံမှုအနည်းဆုံး အာဆီယံသုံးနိုင်ငံတွင် မြန်မာပါဝင်

Photo: အမေရိကန် ရင်းနှီးမြှုပ်နှံမှုအနည်းဆုံး အာဆီယံသုံးနိုင်ငံတွင် မြန်မာပါဝင်
Friday, August 29, 2014

 အာဆီယံနိုင်ငံများ တွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှု အနည်းဆုံး သုံးနိုင်ငံစာရင်းတွင် မြန်မာပါဝင်နေကြောင်း အမေရိ ကန်နိုင်ငံခြားရေးဌာန စီးပွားရေး နှင့် စီးပွားရေးလုပ်ငန်းရေးရာဌာန မှ သတင်းရရှိသည်။

အမေရိကန် ရင်းနှီးမြှုပ်နှံမှု အနည်းဆုံး နိုင်ငံမှာ လာအိုဖြစ်ပြီး ဘရူနိုင်းမှာ ဒုတိယဖြစ်ကာ တတိယ အနည်းဆုံးနိုင်ငံမှာ မြန်မာဖြစ်သည်။

အမေရိကန်နိုင်ငံမှ မြန်မာ နိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုပမာဏသည် ကန်ဒေါ်လာ ၃ ဘီလီယံကျော်ရှိပြီး အာဆီယံ နိုင်ငံများသို့ ဝင်ရောက်သော ပမာဏ၏ ၀ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်သည်။ အမေရိကန်၏ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အများဆုံး ရရှိသော နိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်ပြီး ကန်ဒေါ်လာ ၂၂၉ ဘီလီယံကျော်ရှိကာ အာဆီ ယံသို့ ဝင်ရောက်သောပမာဏ၏ ၅၀ ဒသမ ၉ ရာခိုင်နှုန်းရှိသည်။

မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံကြသော  ကုမ္ပဏီ ပေါင်း ၁၉ ခုရှိပြီဖြစ်ပြီး စွမ်းအင် ကဏ္ဍ၊ စားသောက်ကုန်လုပ်ငန်း များ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ အီလက်ထရွန်နစ် လုပ်ငန်းများ တွင် ရင်းနှီးမြှုပ်နှံနေကြသည်။

လက်ရှိ ၂၀၁၄ ခုနှစ် ဧပြီ အထိ မြန်မာနိုင်ငံအတွင်း အမေရိ ကန်ကုမ္ပဏီများ၏ စုစုပေါင်းရင်း နှီးမြှုပ်နှံမှုခွင့်ပြုထားသော နိုင်ငံ ခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာ ဏသည် အမေရိကန်ဒေါ်လာ ၂၄၃ သန်းကျော်ရှိသည်။

ထို့အပြင် စီးပွားရေးပိတ်ဆို့ မှုများ ရှိနေဆဲဖြစ်သော်လည်း အမေရိကန် - မြန်မာ ကုန်သွယ်မှု ပမာဏသည် ပြီးခဲ့သည့်နှစ်များ နှင့် နှိုင်းယှဉ်ပါက ၂၀၁၃ အတွင်း ကန်ဒေါ်လာ သန်းတစ်ရာကျော် မြင့်တက်လာခဲ့သည်။

အမေရိကန်နိုင်ငံက ၂၀၁၃ တွင် ကုန်သွယ်ရေးဆိုင်ရာ ဖြေလျှော့မှုများပြုလုပ်ပေးခဲ့၍ မြန်မာနိုင်ငံမှ အမေရိကန်သို့ ပို့ကုန်တန်ဖိုးမှာ ယခင်နှစ်ထက် ကန်ဒေါ်လာသန်းတစ်ရာနီးပါး မြင့်တက်ခဲ့သည်။

မြန်မာနိုင်ငံမှ အမေရိကန် သို့တင်ပို့သော ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄၅ သန်း ကျော်အထိရှိပြီး သွင်းကုန်မှာ အမေရိကန်ဒေါ်လာသန်း ၃၀ ကျော်ရှိသည်။

သို့သော် မြန်မာနိုင်ငံမှထွက် ရှိသော ကျောက်စိမ်းနှင့် ကျောက် စိမ်းဖြင့်ပြုလုပ်သော ပစ္စည်းများ၊ ပတ္တမြားများတင်သွင်းမှုကို ဆက် လက်တားမြစ်ထားဆဲဖြစ်သည်။

7Day DAILY 

အမေရိကန်ကားကုမ္ပဏီဖြစ်သော ဖို့ဒ်ကားကုမ္ပဏီ၏ မြန်မာနိုင်ငံ ကားအရောင်းပြ ခန်းကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
အမေရိကန်ကားကုမ္ပဏီဖြစ်သော ဖို့ဒ်ကားကုမ္ပဏီ၏ မြန်မာနိုင်ငံ ကားအရောင်းပြခန်းကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
 အာဆီယံနိုင်ငံများ တွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှု အနည်းဆုံး သုံးနိုင်ငံစာရင်းတွင် မြန်မာပါဝင်နေကြောင်း အမေရိ ကန်နိုင်ငံခြားရေးဌာန စီးပွားရေး နှင့် စီးပွားရေးလုပ်ငန်းရေးရာဌာန မှ သတင်းရရှိသည်။
အမေရိကန် ရင်းနှီးမြှုပ်နှံမှု အနည်းဆုံး နိုင်ငံမှာ လာအိုဖြစ်ပြီး ဘရူနိုင်းမှာ ဒုတိယဖြစ်ကာ တတိယ အနည်းဆုံးနိုင်ငံမှာ မြန်မာဖြစ်သည်။

အမေရိကန်နိုင်ငံမှ မြန်မာ နိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုပမာဏသည် ကန်ဒေါ်လာ ၃ ဘီလီယံကျော်ရှိပြီး အာဆီယံ နိုင်ငံများသို့ ဝင်ရောက်သော ပမာဏ၏ ၀ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်သည်။ အမေရိကန်၏ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အများဆုံး ရရှိသော နိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်ပြီး ကန်ဒေါ်လာ ၂၂၉ ဘီလီယံကျော်ရှိကာ အာဆီ ယံသို့ ဝင်ရောက်သောပမာဏ၏ ၅၀ ဒသမ ၉ ရာခိုင်နှုန်းရှိသည်။

မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံကြသော  ကုမ္ပဏီ ပေါင်း ၁၉ ခုရှိပြီဖြစ်ပြီး စွမ်းအင်ကဏ္ဍ၊ စားသောက်ကုန်လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ အီလက်ထရွန်နစ် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနေ ကြသည်။

လက်ရှိ ၂၀၁၄ ခုနှစ် ဧပြီ အထိ မြန်မာနိုင်ငံအတွင်း အမေရိ ကန်ကုမ္ပဏီများ၏ စုစုပေါင်းရင်း နှီးမြှုပ်နှံမှုခွင့်ပြု ထားသော နိုင်ငံ ခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာ ဏသည် အမေရိကန်ဒေါ်လာ ၂၄၃ သန်းကျော်ရှိသည်။

ထို့အပြင် စီးပွားရေးပိတ်ဆို့ မှုများ ရှိနေဆဲဖြစ်သော်လည်း အမေရိကန် - မြန်မာ ကုန်သွယ်မှု ပမာဏသည် ပြီးခဲ့သည့်နှစ်များ နှင့် နှိုင်းယှဉ်ပါက ၂၀၁၃ အတွင်း ကန်ဒေါ်လာ သန်းတစ်ရာကျော် မြင့်တက်လာခဲ့သည်။

အမေရိကန်နိုင်ငံက ၂၀၁၃ တွင် ကုန်သွယ်ရေးဆိုင်ရာ ဖြေလျှော့မှုများပြုလုပ်ပေးခဲ့၍ မြန်မာနိုင်ငံမှ အမေရိ ကန် သို့ ပို့ကုန်တန်ဖိုးမှာ ယခင်နှစ်ထက် ကန်ဒေါ်လာသန်းတစ်ရာနီးပါး မြင့်တက်ခဲ့သည်။

မြန်မာနိုင်ငံမှ အမေရိကန် သို့တင်ပို့သော ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄၅ သန်း ကျော်အထိရှိပြီး သွင်းကုန်မှာ အမေရိကန်ဒေါ်လာသန်း ၃၀ ကျော်ရှိသည်။

သို့သော် မြန်မာနိုင်ငံမှထွက် ရှိသော ကျောက်စိမ်းနှင့် ကျောက် စိမ်းဖြင့်ပြုလုပ်သော ပစ္စည်းများ၊ ပတ္တမြားများ တင်သွင်းမှုကို ဆက် လက်တားမြစ်ထားဆဲဖြစ်သည်။

7Day DAILY

No comments:

Post a Comment