Friday 29 August 2014

နိုင်ငံတော်သမ္မတက မြန်မာယူ-၁၉ အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်ပေး မည်

Photo: နိုင်ငံတော်သမ္မတက မြန်မာယူ-၁၉ အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်ပေး မည်
Friday, August 29, 2014

နိုင်ငံတော်သမ္မတက ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲချန်ပီ ယံမြန်မာယူ-၁၉ အသင်း အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ (ဩဂုတ် ၂၉ ရက်)တွင် နေပြည် တော်၌ ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်း စိန်ကိုယ်တိုင် လာရောက်ချီးမြှင့် မည့် အဆိုပါဂုဏ်ပြုပွဲ အခမ်းအ နားကို နေပြည်တော်ရှိ မြန်မာ ကွန်ဗင်းရှင်းစင်တာ(၂)တွင် ဩဂုတ် ၂၉ ရက် ညနေ ၆ နာရီ ၌ ပြုလုပ်မည်ဖြစ်ကြောင်း အားကစားဝန်ကြီး ဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘နိုင်ငံတော်သမ္မတက မြန်မာယူ-၁၉ အသင်းကို ဂုဏ်ပြုပွဲအ ခမ်းအနားမှာ အလှူရှင်တွေက ဆုချီးမြှင့်မယ့် အစီအစဉ်လည်း ပါဝင်မယ်လို့ သိရပါတယ်’’ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ဩဂုတ် ၂၃ ရက်က ဘရူနိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၁၄ ဘရူနိုင်းဘုရင့် ဖလား ဗိုလ်လုပွဲ၌ မြန်မာယူ-၁၉ အသင်းသည် ဗီယက်နမ် လူငယ်အသင်းကို (၄-၃)ဂိုးဖြင့် အနိုင်ယူကာ ပြိုင်ပွဲတစ်လျှောက် ပထမဆုံးချန်ပီယံ ဖြစ် သည့် မြန်မာအသင်းအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့သည်။ ထို့အပြင် မြန်မာယူ-၁၉ အသင်းအနေဖြင့် ယခုပြိုင်ပွဲ၏ အသန့်ရှင်းဆုံးအသင်းဆုကိုလည်း ရရှိခဲ့သည်။

မြန်မာယူ-၁၉ အသင်းသည် ယခုနှစ် ဘရူနိုင်းဘုရင့်ဖလားပြိုင် ပွဲတွင် အုပ်စုပွဲစဉ်များမှ ဗိုလ်လုပွဲ စဉ်အထိ ရှုံးပွဲမရှိခဲ့ဘဲ ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြန်မာယူ-၁၉ အသင်းသည် ချန်ပီယံဆုဖလားနှင့်အတူ ဆုကြေးငွေဘရူနိုင်း ဒေါ်လာနှစ် သောင်းရရှိခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်သည် မြန်မာယူ-၁၉ အသင်း ရန်ကုန်သို့ ပြန် လည်ရောက်ရှိ သည့် ဩဂုတ် ၂၄ ရက်ညတွင်ပင် သုဝဏ္ဏအားကစားကွင်း၌ ဂုဏ်ပြုပွဲအခမ်းအနား ပြုလုပ်ပေးခဲ့ သည်။

လက်ရှိအချိန်ထိ အောင်ပွဲ ရ မြန်မာယူ-၁၉ အသင်းသည် အလှူရှင်များမှ ချီးမြှင့်ငွေကျပ် သိန်းနှစ်ထောင်ကျော်နှင့် ကန် ဒေါ်လာ ၄,၃၀၀ ရရှိထားပြီးဖြစ် ကြောင်း သတင်းရရှိသည်။

7Day DAILY 

ဖိတ်ခေါ်ပြိုင်ပွဲတစ်ခုဖြစ်သော ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲချန်ပီယံ ယူ-၁၉ အသင်း ရန်ကုန်မြို့သို့ပြန်ရောက်လာစဉ်(ဓာတ်ပုံ − ကျော်ဇင်သန်း)
ဖိတ်ခေါ်ပြိုင်ပွဲတစ်ခုဖြစ်သော ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲချန်ပီယံ ယူ-၁၉ အသင်း ရန်ကုန်မြို့သို့ပြန်ရောက် လာစဉ်(ဓာတ်ပုံ − ကျော်ဇင်သန်း)
နိုင်ငံတော်သမ္မတက ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲချန်ပီ ယံမြန်မာယူ-၁၉ အသင်း အား ဂုဏ်ပြုပွဲအခမ်းအနား ကို ယနေ့ (ဩဂုတ် ၂၉ ရက်)တွင် နေပြည် တော်၌ ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် လာရောက်ချီးမြှင့်မည့် အဆိုပါဂုဏ်ပြုပွဲ အခမ်းအနား ကို နေပြည်တော် ရှိ မြန်မာ ကွန်ဗင်းရှင်းစင်တာ(၂)တွင် ဩဂုတ် ၂၉ ရက် ညနေ ၆ နာရီ ၌ ပြု လုပ် မည်ဖြစ်ကြော င်း အားကစား ဝန်ကြီး ဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘နိုင်ငံတော်သမ္မတက မြန်မာယူ-၁၉ အသင်းကို ဂုဏ်ပြုပွဲအ ခမ်းအနားမှာ အလှူရှင်တွေက ဆုချီးမြှင့်မယ့် အစီအစဉ်လည်း ပါဝင်မယ်လို့ သိရပါတယ်’’ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ဩဂုတ် ၂၃ ရက်က ဘရူနိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၁၄ ဘရူနိုင်းဘုရင့်ဖလား ဗိုလ်လုပွဲ၌ မြန်မာ ယူ-၁၉ အသင်းသည် ဗီယက်နမ် လူငယ်အသင်းကို (၄-၃)ဂိုးဖြင့် အနိုင်ယူကာ ပြိုင်ပွဲတစ်လျှောက် ပထမဆုံး ချန်ပီယံ ဖြစ် သည့် မြန်မာအသင်းအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့သည်။ ထို့အပြင် မြန်မာယူ-၁၉ အသင်း အနေဖြင့် ယခုပြိုင်ပွဲ၏ အသန့်ရှင်းဆုံးအသင်းဆုကိုလည်း ရရှိခဲ့သည်။

မြန်မာယူ-၁၉ အသင်းသည် ယခုနှစ် ဘရူနိုင်းဘုရင့်ဖလားပြိုင် ပွဲတွင် အုပ်စုပွဲစဉ်များမှ ဗိုလ်လုပွဲ စဉ်အထိ ရှုံးပွဲမရှိခဲ့ဘဲ ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြန်မာယူ-၁၉ အသင်းသည် ချန်ပီယံဆု ဖလားနှင့်အတူ ဆုကြေးငွေဘရူနိုင်း ဒေါ်လာနှစ် သောင်းရရှိခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်သည် မြန်မာယူ-၁၉ အသင်း ရန်ကုန်သို့ ပြန် လည်ရောက်ရှိ သည့် ဩဂုတ် ၂၄ ရက်ညတွင်ပင် သုဝဏ္ဏအားကစားကွင်း၌ ဂုဏ်ပြုပွဲအခမ်းအနား ပြုလုပ်ပေးခဲ့ သည်။

လက်ရှိအချိန်ထိ အောင်ပွဲရ မြန်မာယူ-၁၉ အသင်းသည် အလှူရှင်များမှ ချီးမြှင့်ငွေကျပ် သိန်းနှစ်ထောင်ေ ကျာ်နှ င့် ကန် ဒေါ်လာ ၄,၃၀၀ ရရှိထားပြီးဖြစ် ကြောင်း သတင်းရရှိသည်။

7Day DAILY

No comments:

Post a Comment