Friday 29 August 2014

ယူကရိန်း သူပုန်များဘက်မှ ရုရှားတို့ ဝင်ရောက် တိုက်ခိုက်ပေးလျက် ရှိသည်ဟု ယူကရိန်း သူပုန်ခေါင်းဆောင် ပြောကြား

Photo: ယူကရိန်း သူပုန်များဘက်မှ ရုရှားတို့ ဝင်ရောက် တိုက်ခိုက်ပေးလျက် ရှိသည်ဟု ယူကရိန်း သူပုန်ခေါင်းဆောင် ပြောကြား
Friday, August 29, 2014

ယူကရိန်းနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်သူပုန်များနှင့် အစိုးရ တပ်ဖွဲ့ များ၏ တိုက်ပွဲများတွင် ယူကရိန်း သူပုန်များဘက်မှ ရုရှားနိုင်ငံသား ၃၀၀၀ မှ ၄၀၀၀ ခန့် ပါဝင် တိုက်ခိုက်လျက်ရှိကြောင်း ယူကရိန်း သူပုန်ခေါင်းဆောင် တစ်ဦးက ပြောကြားလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ယူကရိန်း သူပုန်ခေါင်းဆောင်တစ်ဦး ဖြစ်သော အလက်ဇန္ဒာဇခါချန်ကိုက ရုရှားတီဗီ ရုပ်မြင်သံကြားသတင်းကို ပြောကြားရာတွင် သူပုန်များဘက်မှ ပါဝင် တိုက်ခိုက်နေသော ရုရှားနိုင်ငံသားများမှာ စစ်မှုထမ်းဖူးသူများနှင့် ရုရှားစစ်တပ်မှ ခွင့်ဖြင့် အနားယူနေသူများ ဖြစ်သည်ဟု ဆိုသည်။

ရုရှားလိုလားသော ယူကရိန်း လက်နက်ကိုင်သူပုန်များက ယူကရိန်းအရှေ့ပိုင်းရှိ ဒိုနက်စ်ပြည်နယ်ကို ဒိုနက်စ်သမ္မတနိုင်ငံဟု ၎င်းတို့သဘောဖြင့် ကြေညာထားပြီး၊ အဆိုပါ ဒိုနက်စ်နိုင်ငံ၏ ဝန်ကြီးချုပ်ဟု ကြေညာထားသော ယူကရိန်း သူပုန်ခေါင်းဆောင် အလက်ဇန္ဒားဇခါချန်ကိုက ယူကရိန်းသူပုန်များဘက်မှ ဝင်ရောက် တိုက်ခိုက်ပေးနေသော ရုရှားတို့မှာ ယခုတိုက်ပွဲသည် ၎င်းတို့၏ တာဝန်ဟု ယူဆ၍ ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ရုရှားနိုင်ငံသားများ ယူကရိန်းသူပုန်များဘက်မှ ဝင်ရောက် တိုက်ခိုက်ပေးခြင်းမှာ ၎င်းတို့၏ သဘောဆန္ဒအရသာ ဖြစ်ကြောင်း၊ ၎င်းတို့သာ တိုက်ခိုက်မပေးပါက သူပုန်များအနေနှင့် ယခုထက် ပိုမိုခက်ခဲမည် ဖြစ်ကြောင်း ယူကရိန်း သူပုန်ခေါင်းဆောင် အလက်ဇန္ဒာ ဇခါချန်ကိုက ပြောကြားသည်။ 

ယူကရိန်းသူပုန်များနှင့် ယူကရိန်းအစိုးရတို့အကြား ဖြစ်ပွားလျက်ရှိသော စစ်ပွဲများ တွင် ရုရှားတပ်ဖွဲ့ဝင်များသည် နယ်စပ်ကို ဖြတ်ကျော်၍ သူပုန်များကို ထောက် ပံ့ပေးနေကြောင်း ယူကရိန်းအစိုးရက ပြောကြားလျက် ရှိသော်လည်း ရုရှား ဘက်က မကြာခဏ ငြင်းဆိုထားသည်။

ရုရှားက ယူကရိန်းကို ကျူးကျော်သည့် သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ် သက်၍ ဖြေရှင်းချက်ပေးရန် ရုရှားသမ္မတ ပူတင်ကို ဂျာမနီအဓိပတိ အင်ဂျလာ မာကယ်က တောင်းဆိုထားသည်။

ထို့အတူ ရုရှား ဦးဆောင်ညွှန်ကြားနေသော ယူကရိန်းအစိုးရ၏ ထိုးစစ်ကို တန်ပြန်သည့် တိုက်ခိုက်မှုများ ရှိနေကြောင်းကိုလည်း အမေရိကက သံသယ ရှိနေသည်။

လောလောဆယ်တွင် ယူကရိန်းသူပုန်များက အဓိကကျသော ဆိပ်ကမ်းဖြစ်သော မာရီယူပိုကို သိမ်းပိုက်မည်ဟု ခြိမ်းခြောက်လျက်ရှိပြီး၊ သူပုန်များသည် Novoazovsk မြို့ကို သိမ်းပိုက်ပြီးနောက် ဆိပ်ကမ်းဆီသို့ ချီတက်သွားလျက် ရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။

The Voice Weekly
ယူကရိန်းနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်သူပုန်များနှင့် အစိုးရ တပ်ဖွဲ့ များ၏ တိုက်ပွဲများတွင် ယူကရိန်း သူပုန်များဘက်မှ ရုရှားနိုင်ငံသား ၃၀၀၀ မှ ၄၀၀၀ ခန့် ပါဝင် တိုက်ခိုက်လျက်ရှိကြောင်း ယူကရိန်း သူပုန်ခေါင်းဆောင် တစ်ဦးက ပြောကြားလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ယူကရိန်း သူပုန်ခေါင်းဆောင်တစ်ဦး ဖြစ်သော အလက်ဇန္ဒာဇခါချန်ကိုက ရုရှားတီဗီ ရုပ်မြင်သံကြား သတင်းကို ပြောကြားရာတွင် သူပုန်များဘက်မှ ပါဝင်တိုက်ခိုက်နေသော ရုရှားနိုင်ငံသားများမှာ စစ်မှု ထမ်းဖူးသူများနှင့် ရုရှားစစ်တပ်မှ ခွင့်ဖြင့် အနားယူနေသူများ ဖြစ်သည်ဟု ဆိုသည်။

ရုရှားလိုလားသော ယူကရိန်း လက်နက်ကိုင်သူပုန်များက ယူကရိန်းအရှေ့ပိုင်းရှိ ဒိုနက်စ်ပြည်နယ်ကို ဒိုနက်စ် သမ္မတနိုင်ငံဟု ၎င်းတို့သဘောဖြင့် ကြေညာထားပြီး၊ အဆိုပါ ဒိုနက်စ်နိုင်ငံ၏ ဝန်ကြီးချုပ်ဟု ကြေ ညာ ထားသော ယူကရိန်း သူပုန်ခေါင်းဆောင် အလက်ဇန္ဒားဇခါချန်ကိုက ယူကရိန်းသူပုန်များဘက်မှ ဝင်ရောက် တိုက်ခိုက်ပေးနေသော ရုရှားတို့မှာ ယခုတိုက်ပွဲသည် ၎င်းတို့၏ တာဝန်ဟု ယူဆ၍ ဝင်ရောက် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ရုရှားနိုင်ငံသားများ ယူကရိန်းသူပုန်များဘက်မှ ဝင်ရောက် တိုက်ခိုက်ပေးခြင်းမှာ ၎င်းတို့၏ သဘော ဆန္ဒ အရသာ ဖြစ်ကြောင်း၊ ၎င်းတို့သာ တိုက်ခိုက်မပေးပါက သူပုန်များအနေနှင့် ယခုထက် ပိုမိုခက်ခဲ မည် ဖြစ်ကြောင်း ယူကရိန်း သူပုန်ခေါင်းဆောင် အလက်ဇန္ဒာ ဇခါချန်ကိုက ပြောကြားသည်။

ယူကရိန်းသူပုန်များနှင့် ယူကရိန်းအစိုးရတို့အကြား ဖြစ်ပွားလျက်ရှိသော စစ်ပွဲများ တွင် ရုရှားတပ်ဖွဲ့ဝင် များသည် နယ်စပ်ကို ဖြတ်ကျော်၍ သူပုန်များကို ထောက် ပံ့ပေးနေကြောင်း ယူကရိန်း အစိုးရက ပြောကြား လျက် ရှိသော်လည်း ရုရှား ဘက်က မကြာခဏ ငြင်းဆိုထားသည်။

ရုရှားက ယူကရိန်းကို ကျူးကျော်သည့် သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ် သက်၍ ဖြေရှင်းချက်ပေးရန် ရုရှားသမ္မတ ပူတင်ကို ဂျာမနီအဓိပတိ အင်ဂျလာ မာကယ်က တောင်းဆိုထားသည်။

ထို့အတူ ရုရှား ဦးဆောင်ညွှန်ကြားနေသော ယူကရိန်းအစိုးရ၏ ထိုးစစ်ကို တန်ပြန်သည့် တိုက်ခိုက်မှုများ ရှိနေကြောင်းကိုလည်း အမေရိကက သံသယ ရှိနေသည်။

လောလောဆယ်တွင် ယူကရိန်းသူပုန်များက အဓိကကျသော ဆိပ်ကမ်းဖြစ်သော မာရီယူပိုကို သိမ်းပိုက် မည် ဟု ခြိမ်းခြောက်လျက်ရှိပြီး၊ သူပုန်များသည် Novoazovsk မြို့ကို သိမ်းပိုက်ပြီးနောက် ဆိပ်ကမ်းဆီသို့ ချီတက်သွားလျက် ရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment