Friday 29 August 2014

နိုင်ငံရေးပါတီများ ကိုယ်စားပြုမည့် အဖွဲ့ဖွဲ့စည်းရန်ပြင်ဆင်နေ

နိုင်ငံရေးတွေ့ဆုံဆွေး နွေးပွဲမူဘောင်အတွက် ဆွေးနွေး ကြသည့် အခါ မြန်မာနိုင်ငံရှိ နိုင်ငံ ရေးပါတီ အားလုံး ကိုယ်စားပြု၍ ဆွေးနွေးနိုင်မည့် အဖွဲ့အစည်း တစ်ခုကို စက်တင်ဘာအတွင်း ဖွဲ့စည်းနိုင်ရန် ကြိုးစားနေကြောင်း ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)က ပြော ကြားသည်။
တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များကို ကိုယ်စားပြု သည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ရှိသကဲ့သို့ နိုင်ငံရေးပါ တီများကို ကိုယ်စားပြုသည့် အဖွဲ့ မျိုးဖြစ်ရမည်ဟု ဆိုသည်။ ယင်း ကဲ့သို့ ဖွဲ့စည်းနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) အစရှိသည့် နိုင်ငံရေးပါတီ များသို့ ချဉ်းကပ် ကမ်းလှမ်းနေပြီဖြစ်ကြောင်းNBF၏ ပြောရေးဆိုခွင့် ရှိသူ ဦးဇိုဇမ်က ပြောသည်။

 ‘‘လက်နက်ကိုင်အဖွဲ့တွေ မှာ NCCT  ရှိတယ်။ ပါတီတွေအ နေနဲ့လည်း စကားပြော ဖို့ Platform တစ်ခု လိုနေပြီ လို့ စဉ်းစားမိတယ်။ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ အတွက် ရော၊ နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ကို ဆွေးနွေးတဲ့ အခါမှာရော ပါတီတွေအားလုံးဘက်ကနေပြီး ဒီအဖွဲ့က NCCT နဲ့ရော၊ အစိုးရနဲ့ရော စကားပြော ဖို့ မှန်းထားပါတယ်’’ ဟု တိုင်းရင်းသားပါတီ ၂၀ ဖြင့် ဖွဲ့စည်းထားသည့် NBF ၏ ပြောရေးဆိုခွင့် ရှိသူ ဦးဇိုဇမ်က ပြောသည်။

ပါတီများအားလုံး စက်တင် ဘာလဆန်းတွင် တွေ့ဆုံဆွေးနွေး၍ ယင်းအဖွဲ့ တစ်ရပ် ကို ဖွဲ့စည်းနိုင်ရန် ရည်ရွယ်ထားသည်ဟုဆိုသည်။ ထိုသို့ဖွဲ့စည်းပြီး ပါကပါတီများအားလုံး၏ဆန္ဒနှင့် ကိုက်ညီသည့် မူဘောင် တစ်ရပ်ရေးဆွဲနိုင်ရန် ညှိနှိုင်းနိုင်မည်ဟုဆိုသည်။ နိုင်ငံရေးပါတီများအား လုံးကို ကိုယ်စားပြုသည့် အဖွဲ့ အစည်းတစ်ရပ် ဖွဲ့နိုင်ရေး အကြိုအ စည်းအဝေးပွဲများ ပြုလုပ်ရာတွင် လည်းကောင်း၊ ဖွဲ့စည်းရာတွင် လည်းကောင်း NLD ပါတီသည် လည်း မပါမဖြစ်ဖြစ်ကြောင်း ၎င်း က ဆိုသည်။

‘‘NLD မပါလို့ ဘယ်ဖြစ်မလဲ။ NLD က ကျွန်တော်တို့ရဲ့ အင်မတန်အရေးကြီးတဲ့ မဟာမိတ်ပါတီကြီးပါ’’ ဟု ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌလည်း ဖြစ် သည့် ဦးဇိုဇမ်က ပြောသည်။

NBF သည် နိုင်ငံရေးဆွေး နွေးပွဲအတွက် မူဘောင်မူကြမ်းကို ရေးဆွဲထားပြီးသည့် ပါတီပေါင်းစုံအဖွဲ့ တစ်ဖွဲ့ ဖြစ်သည်။ သြဂုတ် ၁၈ ရက်က ပြုလုပ်ခဲ့သည့် အစိုးရ၊တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့် နိုင်ငံရေးပါတီများ သုံး ပွင့်ဆိုင် တွေ့ဆုံပွဲတွင်လည်း ၎င်း တို့၏ မူကြမ်းကို တင်ပြဆွေးနွေး ခဲ့သေး သည်။ လက်ရှိအချိန်ထိ အစိုးရဘက်က နိုင်ငံရေးဆွေးနွေး ပွဲမူဘောင် မူကြမ်းကို တင်ပြခြင်း မရှိသေးပေ။

7Day DAILY

No comments:

Post a Comment