Friday 29 August 2014

ဓမ္မစေတီခေါင်းလောင်းဆယ်ယူရန်ကြိုးသိုင်းခြင်းလုပ်ငန်းစတင်ဟုဆို


သြဂုတ်လ ၂၆ရက်က စတင်တွေ့ရှိထားပြီဟု ဆိုသော ဓမ္မစေတီခေါင်းလောင်းကို ဆယ်ယူရန်အတွက် ကြိုးသိုင်းခြင်း လုပ်ငန်းများကို စတင်လုပ်ဆောင်နေ ပြီဖြစ်ကြောင်း နတ်စင်တစ်ရာဆရာ တော်၏ မိန့်ကြား ချက်အရ သိရသည်။

''ဓမ္မစေတီခေါင်းလောင်းက ပြည် သူတွေရဲ့ရင်ခွင်ထဲကို ရောက်ကိုရောက် လာမှာ ဖြစ်ပါတယ်။ အခုလဲ ကြိုးသိုင်း ခြင်းလုပ်ငန်းတွေကို စတင်ဆောင် ရွက်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ ကြိုးက သိုင်းလို့မရသေး ဘူးဖြစ်နေ တယ်။ ကြိုးသိုင်းခြင်းလုပ်ငန်းအောင်မြင်သွားပြီဆိုတာနဲ့ ဒီခေါင်းလောင်း နဲ့ပတ်သက်ပြီး ဆယ် ယူရေး ကိစ္စတွေအပါအဝင် တစ်ခြားသော အချက်အလက်တွေကို နိုင်ငံတော်သို့တင်ပြ သွားမှာဖြစ် ပါတယ်''ဟု ဆရာတော် ကဆက်လက်မိန့်ကြားသည်။

ဓမ္မစေတီခေါင်းလောင်းစတင် တွေ့ရှိထားပြီဆိုသောနေရာတွင်ရှိ သည့်နုန်းများဖယ်ရှားသည့်လုပ် ငန်းများ ကိုလည်း စတင်လုပ်ဆောင် နေသည်ကိုတွေ့ရှိခဲ့ရကြောင်း သွား ရောက်ကြည့်ရှုသူတစ်ဦးက ပြော သည်။ ''ဒီနေ့စက်လှေနဲ့ သောင်တူး စက်နားကို သွားကြည့်တော့သောင် တူးစက်နဲ့ရေအောက်ထဲက နုန်းတွေ ကို ဆယ် ထုတ်နေတာတွေ့ရပါ တယ်''ဟု သာကေတမြို့နယ်မှ ကို မင်းသူကပြောသည်။

ဓမ္မစေတီခေါင်းလောင်းကို စ တင်တွေ့ရှိထားပြီဆိုသော်လည်း ယင်း ခေါင်းလောင်းကြီးကိုအောင်မြင်စွာ ဆယ်ယူနိုင်ရန်အတွက် အချိန်အနည်း ငယ် စောင့်ဆိုင်းပေးရမည်ဖြစ်ကြောင်း၊ လက်ရှိအနေအထား အရ ခေါင်း လောင်းကြီးမှာ ရေအောက်ကြမ်းပြင် တွင် တစောင်းအနေအထားရှိနေ ကြောင်း နတ်စင်တစ်ရာ ဆရာတော် ၏မိန့်ကြားချက်အရ သိရသည်။ ''ဒီကိစ္စကို ကမ္ဘာကပါ စောင့် ကြည့်နေပါတယ်။ ပြည်သူတွေ အ နေနဲ့လဲ လက်ရှိဆယ်ယူရေးကိစ္စ တွေကို ဆောင်ရွက်နေကြတဲ့သူတွေ ရဲ့ လုပ်ကိုင်နေကြပုံကိုလဲ အပြုသ ဘောဆောင်တဲ့ အမြင်နဲ့ စောင့်ကြည့် ပေးစေချင်ပါတယ်။ ဓမ္မစေတီခေါင်း လောင်းဆိုတာလဲ ဓမ္မ စက်ရော၊ အာ ဏာစက်ရော၊ ပြည်သူတွေရော၊ အခု အကျိုးဆောင်နေတဲ့အဖွဲ့ရော ဒီအ ကျိုးဆောင်နေတဲ့ အဖွဲ့ကို ရေဆုံး၊ ရေဖျား စောင့်ကြည့်စေချင်ပါတယ်'' ဟု ဆရာတော်ကြီးက ဆက်လက် မိန့်ကြားသည်။

''သြဂုတ် ၂၇ရက်က သောင် တူးစက်နဲ့တူးတဲ့အခါမှာ မာကျောတဲ့ အရာကို ငါးခါလောက်ထိမိတယ်။ အဲဒီနေရာက အရင်ခေါင်းလောင်း လို့ ယူဆရတဲ့အရာကို ရေငုပ်သမား တွေ တွေ့ရှိထားတဲ့နေရာပါ'' ဟု အ ဆိုပါခေါင်းလောင်းတူးဖော်ရေးအ ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။ ဓမ္မစေတီခေါင်းလောင်းဆယ် ယူသည့်နေရာသို့ လာရောက်ကြည့် ရှုသည့်ပြည်သူများကို သာကေတ (၃)ဈေးမှ ဈေးသူဈေးသားများက အအေးစတုဒိသာကို သြဂုတ် ၂၈ ရက်တွင် လာရောက်လှူဒါန်းခဲ့ ကြောင်းသိရသည်။

အဆိုပါခေါင်းလောင်းကြီးကို ဆယ်ယူရရှိနိုင်ရန်အတွက် ယခုအခါ နိုင်ငံတော်အနေဖြင့်လည်း လိုအပ် သော ကူညီပံ့ပိုးမှုများကိုဆောင်ရွက် ပေးလျက်ရှိပြီး ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတချို့လည်း ပူးပေါင်း ပါဝင် ဆောင် ရွက်နေကြောင်း သိရသည်။

Democracytoday
Yangon Media Group

No comments:

Post a Comment