Friday 29 August 2014

အရက်ယမကာထိန်းချုပ်ရာတွင်အခွန်တိုးမြှင့်ကောက်ခံခြင်းကို ထည့်သွင်းသင့်ဟု ကျန်းမာရေးဝန်ကြီးပြော

Photo: အရက်ယမကာထိန်းချုပ်ရာတွင်အခွန်တိုးမြှင့်ကောက်ခံခြင်းကို ထည့်သွင်းသင့်ဟု ကျန်းမာရေးဝန်ကြီးပြော
Friday, August 29, 2014

အရက်ယမကာ ထိန်းချုပ်ရေးအတွက်စဉ်းစားရာ တွင် ကုန်သွယ်မှုထိန်းချုပ်ရေးနှင့် အခွန်တိုးမြှင့်ကောက်ခံခြင်းတို့ကို ထည့်သွင်းဆောင်ရွက်သွားကြ ရန်လိုအပ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းအောင် က ပြော ကြားသည်။

သြဂုတ် ၂၈ ရက်က နေပြည် တော်ရှိမင်္ဂလာသီရိဟိုတယ်တွင် ကျင်းပသည့် အရက်ယမကာသုံး စွဲမှုထိန်းချုပ်ရေးမူဝါဒနှင့် မဟာ ဗျူဟာများရေးဆွဲနိုင်ရေး ညှိနှိုင်း ဆွေးနွေးပွဲ၌ ဝန်ကြီးက အထက် ပါအတိုင်း   ပြောကြားသွားခြင်း ဖြစ်သည်။

‘‘အရက်ယမကာထိန်းချုပ် ရေးအတွက် စဉ်းစားရာမှာ အရက်ဝယ်ယူရေးကို ခက်ခဲစေ ရန်စီစဉ်ခြင်း၊ အရက်ရောင်းချမှု ထိန်းချုပ်ခြင်း၊ အရက်ရောင်းအား မြှင့်တင်မှုထိန်းချုပ်ခြင်း၊ ကုန် သွယ်မှုထိန်းချုပ်ရေးနှင့် အခွန်တိုး မြှင့်ကောက်ခံခြင်း စတာတွေကို ထည့်သွင်းစဉ်းစား ဆောင်ရွက် ကြရမှာဖြစ်ပါတယ်’’ဟု  ဒေါက် တာသန်းအောင်ကပြောသည်။

အရက်ထုတ်လုပ်ရောင်းချ ခြင်းကို  နိုင်ငံတော်၏ ထိန်းချုပ် မှုအောက်၌ထားရှိပြီး အရက်ကို ပြည်ပမှတင်သွင်းသည့်အခါဖြစ် စေ၊ ပြည်တွင်းမှ ထုတ်လုပ်သည့် အခါဖြစ်စေ ကန့်သတ်ထိန်းချုပ် ထားကြခြင်း   ဖြစ်သော်လည်း လွတ်လပ်သောစီးပွားရေးမူများ ချမှတ်လာသည့်အခါ ပုဂ္ဂလိက လက်သို့လွတ်လပ်စွာထုတ်လုပ် ခွင့်လွှဲအပ်ချိန်မှစ၍  အရက်သုံး စွဲမှု ပိုမိုများပြားလာသည်ကိုတွေ့ရှိရကြောင်း ဒေါက်တာသန်းအောင်ကပြောသည်။

ထို့အပြင် အနောက်တိုင်း ယဉ်ကျေးမှုကိုအတုယူပြီး လူငယ်အမျိုးသား၊ အမျိုးသမီးများ အ ရက်ဆိုင်ထိုင်ကာ သောက်သုံးမှုများရှိလာ၍ အရက် ယမကာ သောက်သုံးမှုလျှော့ချရေးဆိုင်ရာကိစ္စများ ကို လူမှုရေးနှင့်ယဉ်ကျေးမှုအပြင် ကျန်းမာရေး ရှုထောင့်မှပါ စဉ်းစားရမည်ဖြစ်ကြောင်း  ပြောကြား သည်။

‘‘မူဝါဒရှုထောင့်မှစဉ်းစား ရင် လက်ရှိပြဋ္ဌာန်းထားတဲ့ဥပဒေ များ၊ နည်းဥပဒေများဟာ သက် ရောက်မှုရှိရဲ့လား၊ အကောင်အ ထည်ဖော်နေတဲ့မဟာဗျူဟာများ ဟာလည်း မူဝါဒဆိုင်ရာကို အ ထောက်အကူပြုနိုင်ရဲ့လား  ဆို တာစဉ်းစားဆင်ခြင်မှသိနိုင်မှာ ဖြစ်ပါတယ်’’ဟု   ဝန်ကြီးကဆို သည်။

အရက်ယမကာ   သုံးစွဲမှု လျော့နည်းရေးမူဝါဒနှင့် မဟာဗျူ ဟာများ    ရေးဆွဲနိုင်ရေးညှိနှိုင်း ဆွေးနွေးပွဲကို သြဂုတ် ၂၈ နှင့် ၂၉ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး အရက်ယမကာသုံးစွဲမှုထိန်းချုပ်ရေးမူဝါဒနှင့်မဟာဗျူဟာများရေးဆွဲနိုင်ရေး  ရှေ့ဆက်လုပ်ငန်းစဉ်များ၊    အကြံပြုချက်များ  ရယူ သွားမည်ဟုသတင်းရရှိသည်။

7Day DAILY 

ဈေးဝယ်စင်တာတစ်ခုတွင်ရောင်းချသော ယမကာပုလင်းများ-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ဈေးဝယ်စင်တာတစ်ခုတွင်ရောင်းချသော ယမကာပုလင်းများ-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
အရက်ယမကာ ထိန်းချုပ်ရေးအတွက်စဉ်းစားရာ တွင် ကုန်သွယ်မှုထိန်းချုပ်ရေးနှင့် အခွန်တိုးမြှင့်ကောက် ခံခြင်း တို့ကို ထည့်သွင်းဆောင်ရွက်သွားကြ ရန်လိုအပ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းအောင် က ပြော ကြားသည်။
သြဂုတ် ၂၈ ရက်က နေပြည် တော်ရှိမင်္ဂလာသီရိဟိုတယ်တွင် ကျင်းပသည့် အရက်ယမကာသုံး စွဲမှု ထိန်းချုပ်ရေးမူဝါဒနှင့် မဟာဗျူဟာများရေးဆွဲနိုင်ရေးညှိနှိုင်း ဆွေးနွေးပွဲ၌ ဝန်ကြီးက အထက်ပါ အတိုင်း   ပြော ကြား သွားခြင်း ဖြစ်သည်။

‘‘အရက်ယမကာထိန်းချုပ် ရေးအတွက် စဉ်းစားရာမှာ အရက်ဝယ်ယူရေးကို ခက်ခဲစေ ရန်စီစဉ်ခြင်း၊ အရက်ရောင်းချမှု ထိန်းချုပ်ခြင်း၊ အရက်ရောင်းအား မြှင့်တင်မှုထိန်းချုပ်ခြင်း၊ ကုန် သွယ်မှုထိန်းချုပ်ရေးနှင့် အခွန်တိုး မြှင့်ကောက်ခံခြင်း စတာတွေကို ထည့်သွင်းစဉ်းစား ဆောင်ရွက် ကြရမှာဖြစ်ပါတယ်’’ဟု  ဒေါက် တာသန်းအောင်ကပြောသည်။

အရက်ထုတ်လုပ်ရောင်းချ ခြင်းကို  နိုင်ငံတော်၏ ထိန်းချုပ် မှုအောက်၌ထားရှိပြီး အရက်ကို ပြည်ပမှ တင်သွင်း သည့် အခါဖြစ် စေ၊ ပြည်တွင်းမှ ထုတ်လုပ်သည့် အခါဖြစ်စေ ကန့်သတ်ထိန်းချုပ် ထားကြခြင်း   ဖြစ်သော်လည်း လွတ်လပ်သောစီးပွားရေးမူများ ချမှတ်လာသည့်အခါ ပုဂ္ဂလိက လက်သို့ လွတ်လပ်စွာ ထုတ်လုပ် ခွင့်လွှဲအပ်ချိန်မှစ၍  အရက်သုံး စွဲမှု ပိုမိုများပြားလာသည်ကိုတွေ့ရှိ ရကြောင်း ဒေါက်တာ သန်းအောင်ကပြောသည်။

ထို့အပြင် အနောက်တိုင်း ယဉ်ကျေးမှုကိုအတုယူပြီး လူငယ်အမျိုးသား၊ အမျိုးသမီးများ အ ရက်ဆိုင် ထိုင်ကာ သောက်သုံးမှုများရှိလာ၍ အရက် ယမကာ သောက်သုံးမှုလျှော့ချရေးဆိုင်ရာကိစ္စများ ကို လူမှုရေးနှင့် ယဉ်ကျေးမှုအပြင် ကျန်းမာရေး ရှုထောင့်မှပါ စဉ်းစားရမည်ဖြစ်ကြောင်း  ပြောကြား သည်။

‘‘မူဝါဒရှုထောင့်မှစဉ်းစား ရင် လက်ရှိပြဋ္ဌာန်းထားတဲ့ဥပဒေ များ၊ နည်းဥပဒေများဟာ သက် ရောက်မှုရှိရဲ့ လား၊ အကောင်အ ထည်ဖော်နေတဲ့မဟာဗျူဟာများ ဟာလည်း မူဝါဒဆိုင်ရာကို အ ထောက်အကူပြုနိုင်ရဲ့ လား  ဆို တာစဉ်းစားဆင်ခြင်မှသိနိုင်မှာ ဖြစ်ပါတယ်’’ဟု   ဝန်ကြီးကဆို သည်။

အရက်ယမကာ   သုံးစွဲမှု လျော့နည်းရေးမူဝါဒနှင့် မဟာဗျူ ဟာများ    ရေးဆွဲနိုင်ရေးညှိနှိုင်း ဆွေးနွေးပွဲကို သြဂုတ် ၂၈ နှင့် ၂၉ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး အရက်ယမကာသုံးစွဲမှုထိန်းချုပ်ရေးမူဝါဒနှင့် မဟာဗျူဟာများရေးဆွဲနိုင်ရေး  ရှေ့ဆက်လုပ်ငန်းစဉ်များ၊    အကြံပြုချက်များ  ရယူ သွားမည်ဟုသတင်းရရှိ သည်။

7Day DAILY

No comments:

Post a Comment