Friday 29 August 2014

ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် (၄၃)ဦးကို ဆီးရီးယား တော်လှန်ရေးတပ်ဖွဲ့များ ဖမ်းဆီးထား

Photo: ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် (၄၃)ဦးကို ဆီးရီးယား တော် လှန်ရေး တပ်ဖွဲ့များ ဖမ်းဆီးထား
Friday, August 29, 2014

ဆီးရီးယားနိုင်ငံပိုင် ဂိုလန်ကုန်းမြင့် ဒေသတွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်း သိမ်းမှု အဖွဲ့ဝင် အများအပြားကို ဆီးရီးယား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

အယ်လ်ကေးဒါး အကြမ်းဖက် အဖွဲ့နှင့် ဆက်နွှယ်နေသည့် အစ္စလာမ်မစ် တော် လှန်ရေး သမားများ အပါအဝင် လက်နက်ကိုင် အချို့က ဩဂုတ်(၂၈)ရက်တွင် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် (၄၃)ဦးကို ဖမ်းဆီးလိုက်ပြီး (၈၁)ဦးကို ဝန်းရံပိတ်ဆို့ထားကြောင်း ကုလသမဂ္ဂက ကြေညာသည်။

ဖီဂျီနိုင်ငံသား ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် (၄၃)ဦးသည် ကူနီထရာ စစ်ဆေးရေး ဂိတ်အနီးတွင် အထိန်းသိမ်းခံရပြီး ၎င်းတို့၏ လက်နက်များကို သိမ်းယူကာ ဓားစာခံများအဖြစ် ခေါ်ဆောင်သွားခြင်း ခံရကြောင်း သိရှိရသည်။ သို့သော်လည်း ဦးထုပ်ပြာများ ဝတ်ဆင်ထားသည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များမှ ဖိလစ်ပိုင်နိုင်ငံသား (၈၁)ဦးမှာ လက်နက်ချရန် ငြင်းဆိုပြီး အခြေစိုက် စခန်းထဲတွင် ဆက်လက် ရှိနေသည့်အတွက် ဝန်းရံပိတ်ဆို့ ခံထားရကြောင်း ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိ အခြေအနေကို ကုလသမဂ္ဂက ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် ကြိုး စားနေကြောင်း ဆိုသည်။ ဖီဂျီစစ်ဦးစီးချုပ်ဖြစ်သည့် ဗိုလ်ချုပ် မော်ဆီဆီ တီကွိုင်တိုဂါက ဖမ်းဆီးခံရသည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ၏ လုံခြုံရေးမှာ လတ်တလောတွင် စိတ်ချရသည့် အခြေအနေ ရှိသော်လည်း ၎င်းတို့ လွတ်မြောက်ရေးအတွက် ပူးပေါင်း ကူညီကြပါရန် နိုင်ငံတကာသို့ တိုက်တွန်းခဲ့သည်။

ဆီးရီးယားတွင် သမ္မတ ဘာရှာအာဆက်ဒ်ကို တော်လှန်နေသည့် လက်နက်ကိုင် အဖွဲ့အစည်း အများအပြား ရှိနေပြီး အယ်လ်ကေးဒါးတို့နှင့် ဆက်နွယ်သည့် အယ်လ်နူဆာရာ တပ်ဦးကဲ့သို့ အကြမ်းဖက် အဖွဲ့များလည်း အပါအဝင် ဖြစ် သည်။ အဆိုပါ အဖွဲ့သည် ဩဂုတ် (၂၇)ရက်က ဂိုလန်ကုန်းမြင့်ရှိ ကူနီထရာ စစ်ဆေးရေးဂိတ်ကို ကျော်ဖြတ်ပြီး အစ္စရေးပိုင်နက်ဘက် ကျူးကျော်ရန် ကြိုးပမ်းသဖြင့် အစ္စရေး နယ်ခြားစောင့်တပ်များနှင့် တိုက်ပွဲငယ် များ ဖြစ်ပွားခဲ့သည်။

ကူနီထရာသည် ဂိုလန်ရှိ အစ္စရေးနှင့် ဆီးရီးယားတို့ ပိုင်နက်များကြား နယ်နိမိတ် ပိုင်းခြားထားသည့် တစ်ခုတည်းသော စစ်ဆေးရေးဂိတ်ဖြစ်ပြီး အစ္စရေး အတွက်လည်း မဟာဗျူဟာကျသည့် နယ်ခြားစခန်း တစ်ခုသဖွယ် တည်ရှိနေသည်။

Ref: Channelnewsasia
7Day DAILY
ဆီးရီးယားနိုင်ငံပိုင် ဂိုလန်ကုန်းမြင့် ဒေသတွင် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုအဖွဲ့ဝင် အများအပြား ကို ဆီးရီးယား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
အယ်လ်ကေးဒါး အကြမ်းဖက် အဖွဲ့နှင့် ဆက်နွှယ်နေသည့် အစ္စလာမ်မစ် တော် လှန်ရေး သမားများ အပါ အဝင် လက်နက်ကိုင် အချို့က ဩဂုတ်(၂၈)ရက်တွင် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် (၄၃)ဦးကို ဖမ်းဆီး လိုက်ပြီး (၈၁)ဦးကို ဝန်းရံပိတ်ဆို့ထားကြောင်း ကုလသမဂ္ဂက ကြေညာသည်။

ဖီဂျီနိုင်ငံသား ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် (၄၃)ဦးသည် ကူနီထရာ စစ်ဆေးရေး ဂိတ်အနီးတွင် အထိန်းသိမ်းခံရပြီး ၎င်းတို့၏ လက်နက်များကို သိမ်းယူကာ ဓားစာခံများအဖြစ် ခေါ်ဆောင်သွားခြင်း ခံရကြောင်း သိရှိရသည်။ သို့သော်လည်း ဦးထုပ်ပြာများ ဝတ်ဆင်ထားသည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များမှ ဖိလစ်ပိုင်နိုင်ငံသား (၈၁)ဦးမှာ လက်နက်ချရန် ငြင်းဆိုပြီး အခြေစိုက် စခန်းထဲတွင် ဆက်လက် ရှိနေသည့်အတွက် ဝန်းရံပိတ်ဆို့ခံထားရကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန် ခဲ့သည်။

လက်ရှိ အခြေအနေကို ကုလသမဂ္ဂက ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် ကြိုးစားနေကြောင်းဆိုသည်။ ဖီဂျီစစ်ဦးစီး ချုပ်ဖြစ်သည့် ဗိုလ်ချုပ် မော်ဆီဆီ တီကွိုင်တိုဂါက ဖမ်းဆီးခံရသည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ၏ လုံခြုံရေးမှာ လတ်တလောတွင် စိတ်ချရသည့် အခြေအနေ ရှိသော်လည်း ၎င်းတို့ လွတ်မြောက်ရေးအတွက် ပူးပေါင်း ကူညီကြပါရန် နိုင်ငံတကာသို့ တိုက်တွန်းခဲ့သည်။

ဆီးရီးယားတွင် သမ္မတ ဘာရှာအာဆက်ဒ်ကို တော်လှန်နေသည့် လက်နက်ကိုင် အဖွဲ့အစည်း အများ အပြားရှိနေပြီး အယ်လ်ကေးဒါးတို့နှင့် ဆက်နွယ်သည့် အယ်လ်နူဆာရာ တပ်ဦးကဲ့သို့ အကြမ်းဖက် အဖွဲ့ များလည်း အပါအဝင် ဖြစ် သည်။ အဆိုပါ အဖွဲ့သည် ဩဂုတ် (၂၇)ရက်က ဂိုလန်ကုန်းမြင့်ရှိ ကူနီထရာ စစ်ဆေးရေးဂိတ်ကို ကျော်ဖြတ်ပြီး အစ္စရေးပိုင်နက်ဘက် ကျူးကျော်ရန် ကြိုးပမ်းသဖြင့် အစ္စရေး နယ်ခြားစောင့် တပ်များနှင့် တိုက်ပွဲငယ် များ ဖြစ်ပွားခဲ့သည်။

ကူနီထရာသည် ဂိုလန်ရှိ အစ္စရေးနှင့် ဆီးရီးယားတို့ ပိုင်နက်များကြား နယ်နိမိတ် ပိုင်းခြားထားသည့် တစ်ခု တည်းသော စစ်ဆေးရေးဂိတ်ဖြစ်ပြီး အစ္စရေး အတွက်လည်း မဟာဗျူဟာကျသည့် နယ်ခြားစခန်း တစ်ခု သဖွယ် တည်ရှိနေသည်။

_Ref: Channelnewsasia
7Day DAILY

No comments:

Post a Comment