Friday 29 August 2014

ရန်ပုံငွေအခက်အခဲကြောင့် မွန်အမျိုးသားကျောင်း ဆရာ၊ ဆရာမ များ အား လစဉ်ထောက်ပံ့ကြေး တိုးမပေးနိုင်

Photo: ရန်ပုံငွေအခက်အခဲကြောင့် မွန်အမျိုးသားကျောင်း ဆရာ၊ ဆရာမ များ အား လစဉ်ထောက်ပံ့ကြေး တိုးမပေးနိုင်
Friday, August 29, 2014

မွန်ပြည် သစ်ပါတီ မွန်အမျိုးသားပညာရေး ဌာနကွပ်ကဲမှုအောက်ရှိ အမျိုးသား ကျောင်းများနှင့် အစိုးရကျောင်းနှင့် တွဲဖက်သင်ကြားနေသည့် မွန်အမျိုး သားကျောင်းများမှ ကျောင်းဆရာ ဆရာမများအား ရန်ပုံငွေအခက်အခဲ ကြောင့် လစဉ်ထောက်ပံ့ကြေးတိုးမြှင့် ပေးနိုင်ခြင်းမရှိသေးကြောင်း ရန်ပုံ ငွေ ရှာဖွေရေးကော်မတီက ပြောသည်။

၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် မှစပြီး လစဉ်ထောက်ပံ့ကြေးအဖြစ် မွန်အမျိုးသားကျောင်းဆရာတစ် ဦးလျှင် ကျပ် ၅ဝဝဝဝထိ တိုးမြှင့် ထောက်ပံ့ပေးသွားမည်ဟု ဧပြီ ၃ဝ ရက်မှ မေ ၁ရက်ထိ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် ကျင်းပခဲ့သည့် မွန် ပညာရေးညီလာခံက ဆုံးဖြတ်ထား ခဲ့သည်။ လစဉ်ထောက်ပံ့ကြေးတိုး ပေးရန် ရန်ပုံငွေရှာသည့် အချိန်တွင် မျှော်မှန်းမထားသည့် အခက်အခဲ များရှိသည့်အတွက် ယင်းသို့ တိုး ပေးရန် အခက်အခဲဖြစ်ရခြင်းဖြစ် ကြောင်း ရန်ပုံငွေရှာဖွေရေးကော် မတီဝင် ဆရာဇေကရှင်းပြသည်။

''မတိုးပေးနိုင်ဘူးဖြစ်နေတယ်၊ ပထမသုံးလမှာ တစ်လ နှစ်သောင်း ပဲ ပေးနိုင်တယ်''ဟု ဆရာဇေက ပြောသည်။

မွန်အမျိုးသားကျောင်း ဆရာ၊ ဆရာမများအား ထောက်ပံ့ကြေး တိုး မြှင့်ပေးနိုင်ရန်အတွက် ရန်ပုံငွေရှာ ဖွေရေးကော်မတီတစ်ရပ် ဖွဲ့စည်းထား ပြီး ယင်းကော်မတီမှတစ်ဆင့် ကျောင်း ဆရာ၊ ဆရာမတို့အား ထောက်ပံ့ ပေးသွားမည် ဟု မွန်ပညာရေးညီ လာခံက ဆုံးဖြတ်ထားသည်။ 

လက် ရှိတွင် မွန်အမျိုးသားကျောင်းဆရာ၊ ဆရာမတို့ကို တစ်လလျှင် ကျပ် ၂ဝဝဝဝသာ မွန်အမျိုးသားပညာ ရေးဌာနက ထောက်ပံ့ပေးလျက်ရှိ သည်။

မွန်အမျိုးသား ပညာရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်အမျိုးသား ကျောင်းများနှင့် အစိုးရကျောင်းနှင့် တွဲဖက်သင်ကြားနေသည့် မွန်အမျိုး သားကျောင်းများတွင် ဆရာ၊ ဆရာ မ ၈ဝဝခန့်ရှိသည်ဟု မွန်အမျိုးသား ပညာရေးဌာန၏ စာရင်းအရ သိရ သည်။

''တချို့ကလဲ ရွာကနေ ထပ်ပြီး တော့ ထောက်ပံ့ပေးတာတွေလဲ ရှိ ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လစာတိုး ပေးမယ်ကြားတော့ ပျော်တာပေါ့၊ တိုးပေးဖို့လဲ မျှော်လင့်နေတာပါပဲ၊ လောလောဆယ်ကတော့ နှစ်သောင်း ပဲရနေတယ်''ဟု မွန်ကျောင်းဆရာ မတစ်ဦးက ပြောသည်။

ယင်းသို့ ထောက်ပံ့ကြေးနည်း ပါးမှုကြောင့် မွန်အမျိုးသားကျောင်း များအတွက် ကျောင်းဆရာ၊ ဆရာ မ မတည်မြဲမှုနှင့် နှစ်စဉ်ကြုံတွေ့ ရကာ စာသင်ကြားရာတွင်လည်း အ ခက်အခဲမျိုးစုံ ကြုံတွေ့ရသည်ဟု ကျောင်းဆရာ၊ ဆရာမတို့က ပြော သည်။

မွန်ပြည်သစ်ပါတီ မွန်အမျိုးသား ပညာရေးဌာန ကွပ်ကဲမှုအောက်တွင် ရှိသည့် ပါတီ၊ တပ်တည်ဧရိယာနှင့် နီးစပ်သည့် မွန်ပြည်နယ် ရေးမြို့ နယ်၊ ကရင်ပြည်နယ်ကြာအင်းဆိပ် ကြီးမြို့နယ်၊ တနင်္သာရီတိုင်း ရေဖြူ မြို့နယ်ဒေသများအပြင် သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရော၊ ဘားအံ၊ ကော့က ရိတ်မြို့နယ်တို့တွင် မွန်စာကို မွန်အ မျိုးသားကျောင်းများနှင့် အစိုးရ ကျောင်းနှင့် တွဲဖက်သည့်ကျောင်း များတွင် သင်ကြားလျက်ရှိကြောင်း သိရသည်။
၂ဝ၁၃ခုနှစ် မွန်အမျိုးသား ပညာရေးဌာန စာရင်းအရ မွန်အ မျိုးသားကျောင်း ၁၄၃ကျောင်းရှိပြီး ကျောင်းသား ၁၃ဝဝဝကျော်နှင့် အစိုးရကျောင်းနှင့် တွဲဖက်သင်ကြား သည့် မွန်စာပေသင်ကျောင်း ၁ဝ၅ ကျောင်းရှိကာ ကျောင်းသားဦးရေ ၁၃ဝဝဝ ရှိကြောင်း သိရသည်။

Dawei Watch
Yangon Media Group
မွန်ပြည် သစ်ပါတီ မွန်အမျိုးသားပညာရေး ဌာနကွပ်ကဲမှုအောက်ရှိ အမျိုးသား ကျောင်းများနှင့် အစိုး ရကျောင်းနှင့် တွဲဖက်သင်ကြားနေသည့် မွန်အမျိုး သားကျောင်းများမှ ကျောင်းဆရာ ဆရာမများအား ရန်ပုံငွေ အခက်အခဲ ကြောင့် လစဉ်ထောက်ပံ့ကြေးတိုးမြှင့် ပေးနိုင်ခြင်းမရှိသေးကြောင်း ရန်ပုံ ငွေ ရှာဖွေရေးကော် မတီက ပြောသည်။
၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် မှစပြီး လစဉ်ထောက်ပံ့ကြေးအဖြစ် မွန်အမျိုးသားကျောင်းဆရာတစ် ဦးလျှင် ကျပ် ၅ဝဝဝဝထိ တိုးမြှင့် ထောက်ပံ့ပေးသွားမည်ဟု ဧပြီ ၃ဝ ရက်မှ မေ ၁ရက်ထိ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ တွင် ကျင်းပခဲ့သည့် မွန် ပညာရေးညီလာခံက ဆုံးဖြတ်ထား ခဲ့သည်။ လစဉ်ထောက်ပံ့ကြေးတိုး ပေးရန် ရန်ပုံငွေရှာသည့် အချိန်တွင် မျှော်မှန်းမထားသည့် အခက်အခဲ များရှိသည့်အတွက် ယင်းသို့ တိုး ပေးရန် အခက်အခဲဖြစ်ရခြင်းဖြစ် ကြောင်း ရန်ပုံငွေရှာဖွေရေးကော် မတီဝင် ဆရာဇေကရှင်းပြသည်။

''မတိုးပေးနိုင်ဘူးဖြစ်နေတယ်၊ ပထမသုံးလမှာ တစ်လ နှစ်သောင်း ပဲ ပေးနိုင်တယ်''ဟု ဆရာဇေ က ပြော သည်။

မွန်အမျိုးသားကျောင်း ဆရာ၊ ဆရာမများအား ထောက်ပံ့ကြေး တိုးမြှင့်ပေးနိုင်ရန်အတွက် ရန်ပုံငွေ ရှာ ဖွေရေးကော်မတီ တစ်ရပ် ဖွဲ့စည်းထားပြီး ယင်းကော်မတီမှတစ်ဆင့် ကျောင်း ဆရာ၊ ဆရာမတို့ အား ထောက် ပံ့ ပေးသွားမည် ဟု မွန်ပညာရေးညီ လာခံက ဆုံးဖြတ်ထားသည်။

လက် ရှိတွင် မွန်အမျိုးသားကျောင်းဆရာ၊ ဆရာမတို့ကို တစ်လလျှင် ကျပ် ၂ဝဝဝဝသာ မွန်အမျိုးသား ပညာ ရေးဌာနက ထောက်ပံ့ပေးလျက်ရှိ သည်။

မွန်အမျိုးသား ပညာရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်အမျိုးသား ကျောင်းများနှင့် အစိုးရကျောင်းနှင့် တွဲဖက် သင်ကြားနေ သည့် မွန်အမျိုး သားကျောင်းများတွင် ဆရာ၊ ဆရာ မ ၈ဝဝခန့်ရှိသည်ဟု မွန်အမျိုးသား ပညာရေးဌာန၏ စာရင်းအရ သိရ သည်။

''တချို့ကလဲ ရွာကနေ ထပ်ပြီး တော့ ထောက်ပံ့ပေးတာတွေလဲ ရှိ ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လစာတိုး ပေး မယ်ကြားတော့ ပျော်တာပေါ့၊ တိုးပေးဖို့လဲ မျှော်လင့်နေတာပါပဲ၊ လောလော ဆယ်ကတော့ နှစ်သောင်း ပဲရနေတယ်''ဟု မွန်ကျောင်းဆရာ မတစ်ဦးက ပြောသည်။

ယင်းသို့ ထောက်ပံ့ကြေးနည်း ပါးမှုကြောင့် မွန်အမျိုးသားကျောင်း များအတွက် ကျောင်းဆရာ၊ ဆရာ မ မတည်မြဲမှုနှင့် နှစ်စဉ်ကြုံတွေ့ရကာ စာသင်ကြားရာတွင်လည်း အခက်အခဲမျိုးစုံကြုံတွေ့ရ သည်ဟု ကျောင်း ဆရာ၊ ဆရာမတို့က ပြော သည်။

မွန်ပြည်သစ်ပါတီ မွန်အမျိုးသား ပညာရေးဌာန ကွပ်ကဲမှုအောက်တွင် ရှိသည့် ပါတီ၊ တပ်တည်ဧရိယာနှင့် နီးစပ်သည့် မွန်ပြည်နယ် ရေးမြို့ နယ်၊ ကရင်ပြည်နယ်ကြာအင်းဆိပ် ကြီးမြို့နယ်၊ တနင်္သာရီတိုင်း ရေဖြူ မြို့နယ်ဒေသများအပြင် သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရော၊ ဘားအံ၊ ကော့က ရိတ်မြို့နယ်တို့တွင် မွန်စာကို မွန်အ မျိုးသားကျောင်းများနှင့် အစိုးရ ကျောင်းနှင့် တွဲဖက်သည့်ကျောင်း များတွင် သင်ကြားလျက်ရှိကြောင်း သိရသည်။

၂ဝ၁၃ခုနှစ် မွန်အမျိုးသား ပညာရေးဌာန စာရင်းအရ မွန်အ မျိုးသားကျောင်း ၁၄၃ကျောင်းရှိပြီး ကျောင်းသား ၁၃ဝဝဝကျော်နှင့် အစိုးရကျောင်းနှင့် တွဲဖက်သင်ကြား သည့် မွန်စာပေသင်ကျောင်း ၁ဝ၅ ကျောင်း ရှိကာ ကျောင်းသားဦးရေ ၁၃ဝဝဝ ရှိကြောင်း သိရသည်။

Dawei Watch
Yangon Media Group

No comments:

Post a Comment