Friday 29 August 2014

ဘိုးတော်တွေ၊ နတ်တွေ ကြီးစိုးလာလို့ သာသနာတောင် မှေးမှိန်သွားနိုင်တယ်

Photo: ဘိုးတော်တွေ၊ နတ်တွေ ကြီးစိုးလာလို့ သာသနာတောင် မှေးမှိန်သွားနိုင်တယ်
Friday, August 29, 2014

ယနေ့ ဓမ္မစေတီ ခေါင်းလောင်းဆယ်ယူရေးမှာ ယခုလို ဘိုးတော်တွေက သူတို့ဆယ်မှ ရတယ်ဆိုမှဖြင့် ဓမ္မစေတီခေါင်းလောင်း ရတာကို ဝမ်းသာစရာထက် တိုင်းပြည်မှာ ဒီခေါင်းလောင်းဆယ်တာကို အကြောင်းပြုပြီး ရှေ့လျှောက် ဘိုးတော်တွေနဲ့ နတ်တွေကို ယုံကြည်မှုအားတွေ များလာကြပြီး နေရာတိုင်းနဲ့ နိုင်ငံရေးမှအစ ဘိုးတော်တွေ ခြယ်လှယ် လာနိုင်ပါတယ်။ 

တကယ်တော့ ဘယ်ပုဂ္ဂိုလ်၊ ဘယ်ဘိုးတော်၊ ဘယ်နဂါး ဘယ်နတ်တွေ ဘယ်လောက်ပဲ တန်ခိုးကြီးလို့ နေကြပါစေ နောက်ဆုံးတော့ အင်ဂျင်နီယာနဲ့ ခေတ်မီ Floating Crane နဲ့မှသာလျှင် ခေါင်းလောင်း အစစ်ဖြစ်စေ၊ အတုဖြစ်စေ ရေအပေါ်ရောက်နိုင်တာမျိုးပါ။
နောက်ပြီး နဂါးတွေက ခေါင်းလောင်းကို ဆီမီးပူဇော်နေကြလို့ ဆိုတော့ ခေါင်းလောင်းဟာ ခေါင်းလောင်းပါပဲ၊ ဘုရားက ဘုရားပဲ။
ခေါင်းလောင်းဆိုတာ ရှေးမင်းတွေက သူတို့ရဲ့ အမှတ်တရ သမိုင်းအတွက် သွန်းလုပ်ပြီး ဘုရားတွေမှာ ထားခဲ့ကြတာမို့ ခေါင်းလောင်းဆိုတာ ခေတ်တစ်ခေတ်ရဲ့ မင်းတွေရဲ့ အမှတ်အသား Symbol တွေပဲ ဖြစ်ပါတယ်။ ဒီဘုရားပေါ်က ခေါင်းလောင်းကြီးတွေကိုလည်း ဘယ်သူကမှ ထိုင်မကန်တော့ တတ်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ခေါင်းလောင်းက ခေါင်းလောင်းပဲလေ။ ဘုရားရုပ်တုမှ မဟုတ်တာဘဲ။ ဒီတော့ နဂါးတွေက ဘာကြောင့် ဆီမီးတွေ ပူဇော်နေကြရတာလဲ။

ဒီခေါင်းလောင်းကြီးက စောင့်ရှောက်တဲ့ပုဂ္ဂိုလ် တကယ်သာရှိခဲ့ရင် သို့မဟုတ် နဂါးတွေ ပူဇော်ထိုက်အောင်သာ ခေါင်းလောင်းက တန်ခိုးရှိ နေခဲ့မယ်ဆိုရင် De Brito (ငဇင်ကာ) ဘုရားပေါ်ကနေ ဒီအထိ ခိုးလာနိုင်စရာ အဘယ်မှာ ရှိနိုင်မှာလဲ။
တိုင်းပြည်ဆိုတာ မင်းအမိန့်နဲ့ နေတာပါ။ မင်းခွင့်ပြုထားပြီ ဆိုကတည်းက ဒီခေါင်းလောင်းကို ဘယ်နဂါး၊ ဘယ်ပုဂ္ဂိုလ်မှ ဆွဲထားလို့ မရပါဘူး။ ပြီးတော့ မြန်မာ့နည်းပညာနဲ့ ဆယ်မယ်လို့ ပြောကြပါတယ်။ အင်ဂျင်နီယာနဲ့ ခေတ်မီ Floating Crane တွေကို သုံးကြရပြီ ဆိုကတည်းက အဘယ်မှာ ပုဂ္ဂိုလ်တွေ၊ ဘိုးတော်တွေရဲ့ တန်ခိုးဖြစ်နိုင်တော့မှာလဲ။
သမထ ထိုင်တယ်ဆိုရာမှာ Brain ဦးနှောက်ရဲ့ Cell အားတွေ ရှိလာနိုင်တဲ့ အခါမျိုးတွေ ရှိနေနိုင်သလို သမထထိုင်ခြင်းကြောင့် ဦးနှောက် Cell ဆဲလ်တွေ အားနည်းသွားတတ်ပြီး အလိုလို အာရုံကြောတွေ အားနည်းသွားတတ်တဲ့ အချိန်မျိုးတွေလည်း ရှိနေတတ်ပါတယ်။ အခုလည်း ဒီလိုပါပဲ။ လူတစ်ယောက်မှာ ဦးနှောက်ဆဲလ် Cell အားတွေ နည်းသွားပြီး ဆဲလ်တွေ ကျုံ့လာနေတဲ့အခါမှာ အလိုလို အာရုံကြောတွေကို အားနည်းသွားစေပြီး အဲဒီအချိန်မျိုးတွေမှာ့ Hallucination ပြင်ပမှာ အကြောင်းအရာ အကောင်အထည် မရှိတာတွေကို စိတ်တွင် ယောင်ယမ်း ထင်မြင်ခြင်း၊ မျက်စိလှည့်စားခြင်း၊ သွေးလေချောက်ချား၍ ထင်မြင်ရာ ကယောင်ချောက်ချားတွေကို လျှောက်ပြော နေတာ မျိုးတွေကို ဖြစ်တတ်သလို မိမိရဲ့အစွဲအလမ်း ယုံကြည်မှုတစ်ခုခု သို့မဟုတ် ကြားဖူးနားဝ ရှိဖူးတာတွေက မိမိမျက်လုံးမှာ ပုံရိပ်တွေ လာထင်နေတတ်ပါတယ်။
ယခုလည်း ဒီအတိုင်းပါပဲ။

ဦးစံလင်း Hallucination ဖြစ်သွားပြီးအပြင် ရေအောက်မှာ တကယ်မရှိတဲ့ နဂါးတွေ ဆီမီးပူဇော် နေတယ်ဆိုတဲ့ ပုံရိပ်တွေကို မိမိမျက်လုံးမှာ စက္ကန့်ပိုင်းမျှ ပုံရိပ်ထင်သွားတာပဲ ဖြစ်ပါတယ်။ နဂိုကတည်းကလည်း ရေထဲမှာဆို နဂါးတွေပိုင်ဆိုင်တယ်၊ နဂါးတွေ စောင့်ရှောက်တယ်ဆိုတဲ့ အသိတစ်ခုက ရှိနေခဲ့မှာ ဖြစ်သလို သူ့ဓာတ်ခန်းမှာလည်း နဂါးရုပ်တွေ ဧကန်ရှိနေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်ဦးနှောက် အားရှိနေသူတွေ ဘယ်သူကမှ မယုံကြတဲ့အပြင် ဒီစကား တစ်ခုတည်းကြောင့် မိမိဦးစီးနေတဲ့ လုပ်ငန်းအပေါ် အယုံအကြည်တွေ ကင်းမဲ့လာကြပြီး ခေါင်းလောင်းအစစ်ကို မိမိဖော်ခဲ့သည့်တိုင် အတုလို့ပင် ထင်သွားကြမှာ ဖြစ်ပါတယ်။

တကယ်တော့ မိမိတို့ ယခင်က ရှာဖွေခဲ့ကြသူတွေရဲ့ Record တွေနောက်ကို Follow လိုက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဘယ်ပုဂ္ဂိုလ်ကမှ လူကြီးမင်းတို့ကို ခေါင်းလောင်းနေရာကို ညွှန်ပြပေးခဲ့တာ မဟုတ်ပါဘူး။
ပြီးတော့ ခေါင်းလောင်းက ပိဿာချိန် ၁၈၀,၀၀၀ (တစ်သိန်းရှစ်သောင်း) ရှိတယ် ဆိုတာကို ဘယ်ကသိကြတာလဲ။ ပုဂ္ဂိုလ်တွေက လာပြောကြတာလား ဒါမှမဟုတ် ဦးစံလင်းက သမထအားနဲ့ ရေထဲက ခေါင်းလောင်းပေါ်မှာ ကမ္ပည်းထိုးထားတာကို မြင်ခဲ့တာလား ဒါမှမဟုတ် ဒတ်ခ်ျကုန်သည် Gaspero ရဲ့ ခရီးသွား မှတ်တမ်းကနေ သိခဲ့ကြတာလား ဒါမှမဟုတ် Internet ကနေ ရှာလို့ Wikipedia မှ ကူးယူခဲ့ကြတာလား၊ ပြီးတော့ ဒီကိန်းဂဏန်းတွေက မှန်တယ်လို့ ဘယ်သူ အာမခံချက် ပေးနိုင်မလဲ။ 

အကယ်၍များ ခေါင်းလောင်းက ပိဿာချိန် တစ်သိန်းရှစ်သောင်း ရှိတယ်လို့များ ပုဂ္ဂိုလ်တွေက ပြောခဲ့တယ်ဆိုရင် အဲဒီပုဂ္ဂိုလ်တွေတောင် သိက္ခာကျသွားနိုင်ပါတယ်။ ထားပါ။ နောက်တစ်ချက်က မြန်မာတွေ လွန်ခဲ့နှစ်ပေါင်း ၄၀၀ ကျော်လောက်က အလေးချိန် Unit ကို ကျပ်သားနဲ့ ပိဿာဆိုတဲ့ Unit ကို စသုံးနေကြပြီးလား။ ဘယ်သူတွေက ဒါကို အာမခံချက် ပေးနိုင်ကြမလဲ။
ထားပါလေ။ ပိဿာချိန် ၁၈၀,၀၀၀၊ မက်ထရစ်တန် ၃၀၀ ဆိုတာ ကလေးကစားစရာ မဟုတ်ပါဘူး။ ယနေ့ ဦးစံလင်းက ပိဿာချိန် ၁၈၀,၀၀၀၊ တန် ၃၀၀ ဆိုပါရင် ယနေ့ မိမိတို့သုံးနေတဲ့ Floating Crane ရဲ့ Maxium Load Allownce ကိုလည်း ငဲ့စောင်းလှည့်ကြည့် သင့်တာပေါ့။ တန် ၃၀၀ ကို ဒီ Crane နဲ့ဆွဲတင်ရင် အပေါ်မရောက်ခင်မှာပဲ Overload ဖြစ်ပြီး မော်တာတွေ မီးလောင်လို့၊ ကြိုးတွေပြတ်ကျလို့ အနားကလူတွေတောင် သေသွားနိုင်ပါတယ်။
အဲလို ဖြစ်ပြန်လည်း ဘာပြောကြမလဲ။ 

လာကြည့်တဲ့ လူတွေထဲက ပုဂ္ဂိုလ် မကြိုက်တာတွေကို ပြောလို့၊ စည်းပေါက်သွားလို့ နဂါးတွေက ပြန်သိမ်းသွားတာပါလို့ ပြောကြဦးမှာလား။
အပြန်အလှန်အားဖြင့် အဲဒီကရိန်းနဲ့မလို့ ချောချောမောမောဖြစ်လို့ အပေါ်ရောက်လာရင်လည်း ခေါင်းလောင်းက ပိဿာချိန် ၁၈၀,၀၀၀၊ တန် ၃၀၀ မရှိဘူး ဆိုတာကို အလိုလို ကြေညာလိုက်သလို ဖြစ်သွားလို့ ဘိုးတော်တွေ၊ ပုဂ္ဂိုလ်တွေပါ သိက္ခာကျသွားမှာပါ။ 

တကယ်ဆို ဒါကိုတွေ့တာနဲ့ ရေအောက်မြေကြီးထဲ ဘယ်နှပေလောက်မှာ နစ်မြုပ်နေပါတယ်ဆိုတာ ဒီပတ်ပတ်လည်ကို တူးဖော်ဖို့ ဘယ်နှနှစ် ကြာမယ်လို့ ခန့်မှန်းပါတယ်ဆိုတာ၊ တန် ၃၀၀ ရှိနေတာမို့ Maxium Load တန်လေးရာကိုနိုင်တဲ့ Floating Crane ကြီးကို အသုံးပြုပြီး ဘယ်နေ့ ဆွဲတင်မယ် ဆိုတာကို အတိအလင်း ကြေညာပေးလို့ ရတာပဲလေ။ ဒါက ရိုးရိုးလေးပါ။ ဒါကိုပြည်သူတွေကို ဘိုးတော်တွေ နတ်တွေကို ယုံကြည်လာအောင် ဇာတ်လမ်းတွေဆင်၊ အကွက်တွေ ဆင်နေကြတယ်။ ဘာကိုမှ အတိအကျ မပြောနိုင်တော့ မေးတာနဲ့ အဓိဋ္ဌာန် ဝင်နေတယ် ပြောလိုပြော၊ နဂါးတွေ ဆီမီးပူဇော်နေလို့ပါလို့ ပြောလိုပြော။ ဒီလုပ်ရပ်က ပြည်သူတွေကို နတ်တွေ၊ ဘိုးတော်တွေကို အားကိုး ယုံကြည်လာအောင် သက်သက်ဖန်တီး နေသလိုလည်း ဖြစ်နေပြီး ထေရဝါဒ သာသနာကိုပါ မှေးမှိန်သွားအောင် ဖန်တီးသလို ဖြစ်နေပါပြီ။ ပြည်သူတွေ အတွေးအခေါ်မြင့်မားနိုင်ကြပါစေ။

ဘဲလားလေဘာတီ (Astro-Political Scientist)
The Voice Weekly
ယနေ့ ဓမ္မစေတီ ခေါင်းလောင်းဆယ်ယူရေးမှာ ယခုလို ဘိုးတော်တွေက သူတို့ဆယ်မှ ရတယ်ဆိုမှဖြင့် ဓမ္မစေတီခေါင်းလောင်း ရတာကို ဝမ်းသာစရာထက် တိုင်းပြည်မှာ ဒီခေါင်းလောင်းဆယ်တာကို အကြောင်းပြုပြီး ရှေ့လျှောက် ဘိုးတော်တွေနဲ့ နတ်တွေကို ယုံကြည်မှုအားတွေ များလာကြပြီး နေရာ တိုင်းနဲ့ နိုင်ငံရေးမှအစ ဘိုးတော်တွေ ခြယ်လှယ် လာနိုင်ပါတယ်။
တကယ်တော့ ဘယ်ပုဂ္ဂိုလ်၊ ဘယ်ဘိုးတော်၊ ဘယ်နဂါး ဘယ်နတ်တွေ ဘယ်လောက်ပဲ တန်ခိုးကြီး လို့ နေကြ ပါစေ နောက်ဆုံးတော့ အင်ဂျင်နီယာနဲ့ ခေတ်မီ Floating Crane နဲ့မှသာလျှင် ခေါင်းလောင်း အစစ်ဖြစ်စေ၊ အတုဖြစ်စေ ရေအပေါ်ရောက်နိုင်တာမျိုးပါ။

နောက်ပြီး နဂါးတွေက ခေါင်းလောင်းကို ဆီမီးပူဇော်နေကြလို့ ဆိုတော့ ခေါင်းလောင်း ဟာ ခေါင်းလောင်း ပါပဲ၊ ဘုရားက ဘုရားပဲ။ ခေါင်းလောင်းဆိုတာ ရှေးမင်းတွေက သူတို့ရဲ့ အမှတ်တရ သမိုင်းအတွက် သွန်းလုပ်ပြီး ဘုရားတွေမှာ ထားခဲ့ကြတာမို့ ခေါင်းလောင်းဆိုတာ ခေတ်တစ်ခေတ်ရဲ့ မင်းတွေရဲ့ အမှတ်အသား Symbol တွေပဲ ဖြစ်ပါတယ်။ ဒီဘုရားပေါ်က ခေါင်းလောင်းကြီးတွေကိုလည်း ဘယ်သူကမှ ထိုင်မကန်တော့ တတ်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ခေါင်းလောင်းက ခေါင်းလောင်းပဲလေ။ ဘုရားရုပ်တုမှ မဟုတ်တာဘဲ။ ဒီတော့ နဂါးတွေက ဘာကြောင့် ဆီမီးတွေ ပူဇော်နေကြရတာလဲ။

ဒီခေါင်းလောင်းကြီးက စောင့်ရှောက်တဲ့ပုဂ္ဂိုလ် တကယ်သာရှိခဲ့ရင် သို့မဟုတ် နဂါးတွေ ပူဇော် ထိုက်အောင်သာ ခေါင်းလောင်းက တန်ခိုးရှိ နေခဲ့မယ်ဆိုရင် De Brito (ငဇင်ကာ) ဘုရားပေါ်ကနေ ဒီအထိ ခိုးလာနိုင်စရာ အဘယ်မှာ ရှိနိုင်မှာလဲ။

တိုင်းပြည်ဆိုတာ မင်းအမိန့်နဲ့ နေတာပါ။ မင်းခွင့်ပြုထားပြီ ဆိုကတည်းက ဒီခေါင်းလောင်းကို ဘယ်နဂါး၊ ဘယ်ပုဂ္ဂိုလ်မှ ဆွဲထားလို့ မရပါဘူး။ ပြီးတော့ မြန်မာ့နည်းပညာနဲ့ ဆယ်မယ်လို့ ပြောကြပါတယ်။ အင်ဂျင် နီယာနဲ့ ခေတ်မီ Floating Crane တွေကို သုံးကြရပြီ ဆိုကတည်းက အဘယ်မှာ ပုဂ္ဂိုလ်တွေ၊ ဘိုးတော်တွေ ရဲ့ တန်ခိုးဖြစ်နိုင်တော့မှာလဲ။

သမထ ထိုင်တယ်ဆိုရာမှာ Brain ဦးနှောက်ရဲ့ Cell အားတွေ ရှိလာနိုင်တဲ့ အခါမျိုးတွေ ရှိနေနိုင်သလို သမထထိုင်ခြင်းကြောင့် ဦးနှောက် Cell ဆဲလ်တွေ အားနည်းသွားတတ်ပြီး အလိုလို အာရုံကြောတွေ အားနည်းသွားတတ်တဲ့ အချိန်မျိုးတွေလည်း ရှိနေတတ်ပါတယ်။ အခုလည်း ဒီလိုပါပဲ။ လူတစ်ယောက်မှာ ဦးနှောက်ဆဲလ် Cell အားတွေ နည်းသွားပြီး ဆဲလ်တွေ ကျုံ့လာနေတဲ့အခါမှာ အလိုလို အာရုံကြောတွေကို အားနည်းသွားစေပြီး အဲဒီအချိန်မျိုးတွေမှာ့ Hallucination ပြင်ပမှာ အကြောင်းအရာ အကောင်အထည် မရှိတာတွေကို စိတ်တွင် ယောင်ယမ်း ထင်မြင်ခြင်း၊ မျက်စိလှည့်စားခြင်း၊ သွေးလေချောက်ချား၍ ထင်မြင်ရာ ကယောင်ချောက်ချားတွေကို လျှောက်ပြော နေတာ မျိုးတွေကို ဖြစ်တတ်သလို မိမိရဲ့အစွဲအလမ်း ယုံကြည်မှုတစ်ခုခု သို့မဟုတ် ကြားဖူးနားဝ ရှိဖူးတာတွေက မိမိမျက်လုံးမှာ ပုံရိပ်တွေ လာထင်နေတတ် ပါတယ်။ ယခုလည်း ဒီအတိုင်းပါပဲ။

ဦးစံလင်း Hallucination ဖြစ်သွားပြီးအပြင် ရေအောက်မှာ တကယ်မရှိတဲ့ နဂါးတွေ ဆီမီးပူဇော် နေတယ် ဆိုတဲ့ ပုံရိပ်တွေကို မိမိမျက်လုံးမှာ စက္ကန့်ပိုင်းမျှ ပုံရိပ်ထင်သွားတာပဲ ဖြစ်ပါတယ်။ နဂိုကတည်းက လည်း ရေထဲမှာဆို နဂါးတွေပိုင်ဆိုင်တယ်၊ နဂါးတွေ စောင့်ရှောက်တယ်ဆိုတဲ့ အသိတစ်ခုက ရှိနေ ခဲ့မှာ ဖြစ်သလို သူ့ဓာတ်ခန်းမှာလည်း နဂါးရုပ်တွေ ဧကန်ရှိနေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်ဦးနှောက် အား ရှိနေ သူတွေ ဘယ်သူကမှ မယုံကြတဲ့အပြင် ဒီစကား တစ်ခုတည်းကြောင့် မိမိဦးစီးနေတဲ့ လုပ်ငန်း အပေါ် အယုံအကြည်တွေ ကင်းမဲ့လာကြပြီး ခေါင်းလောင်းအစစ်ကို မိမိဖော်ခဲ့သည့်တိုင် အတုလို့ပင် ထင်သွားကြ မှာ ဖြစ်ပါတယ်။

တကယ်တော့ မိမိတို့ ယခင်က ရှာဖွေခဲ့ကြသူတွေရဲ့ Record တွေနောက်ကို Follow လိုက်ခဲ့ကြ တာပဲ ဖြစ်ပါတယ်။ ဘယ်ပုဂ္ဂိုလ်ကမှ လူကြီးမင်းတို့ကို ခေါင်းလောင်းနေရာကို ညွှန်ပြပေးခဲ့တာ မဟုတ် ပါဘူး။

ပြီးတော့ ခေါင်းလောင်းက ပိဿာချိန် ၁၈၀,၀၀၀ (တစ်သိန်းရှစ်သောင်း) ရှိတယ် ဆိုတာကို ဘယ်က သိကြတာ လဲ။ ပုဂ္ဂိုလ်တွေက လာပြောကြတာလား ဒါမှမဟုတ် ဦးစံလင်းက သမထအားနဲ့ ရေထဲက ခေါင်းလောင်းပေါ် မှာ ကမ္ပည်းထိုးထားတာကို မြင်ခဲ့တာလား ဒါမှမဟုတ် ဒတ်ခ်ျကုန်သည် Gaspero ရဲ့ ခရီးသွား မှတ်တမ်း ကနေ သိခဲ့ကြတာလား ဒါမှမဟုတ် Internet ကနေ ရှာလို့ Wikipedia မှ ကူးယူခဲ့ကြတာလား၊ ပြီးတော့ ဒီကိန်းဂဏန်းတွေက မှန်တယ်လို့ ဘယ်သူ အာမခံချက် ပေးနိုင်မလဲ။

အကယ်၍များ ခေါင်းလောင်းက ပိဿာချိန် တစ်သိန်းရှစ်သောင်း ရှိတယ်လို့များ ပုဂ္ဂိုလ်တွေက ပြောခဲ့တယ် ဆိုရင် အဲဒီပုဂ္ဂိုလ်တွေတောင် သိက္ခာကျသွားနိုင်ပါတယ်။ ထားပါ။ နောက်တစ်ချက် က မြန်မာတွေ လွန်ခဲ့နှစ်ပေါင်း ၄၀၀ ကျော်လောက်က အလေးချိန် Unit ကို ကျပ်သားနဲ့ ပိဿာဆိုတဲ့ Unit ကို စသုံးနေကြပြီးလား။ ဘယ်သူတွေက ဒါကို အာမခံချက် ပေးနိုင်ကြမလဲ။

ထားပါလေ။ ပိဿာချိန် ၁၈၀,၀၀၀၊ မက်ထရစ်တန် ၃၀၀ ဆိုတာ ကလေးကစားစရာ မဟုတ်ပါဘူး။ ယနေ့ ဦးစံလင်းက ပိဿာချိန် ၁၈၀,၀၀၀၊ တန် ၃၀၀ ဆိုပါရင် ယနေ့ မိမိတို့သုံးနေတဲ့ Floating Crane ရဲ့ Maxium Load Allownce ကိုလည်း ငဲ့စောင်းလှည့်ကြည့် သင့်တာပေါ့။ တန် ၃၀၀ ကို ဒီ Crane နဲ့ဆွဲတင်ရင် အပေါ်မရောက်ခင်မှာပဲ Overload ဖြစ်ပြီး မော်တာတွေ မီးလောင်လို့၊ ကြိုးတွေပြတ်ကျလို့ အနားက လူတွေတောင် သေသွားနိုင်ပါတယ်။ အဲလို ဖြစ်ပြန်လည်း ဘာပြောကြမလဲ။

လာကြည့်တဲ့ လူတွေထဲက ပုဂ္ဂိုလ် မကြိုက်တာတွေကို ပြောလို့၊ စည်းပေါက်သွားလို့ နဂါးတွေက ပြန်သိမ်း သွားတာပါလို့ ပြောကြဦးမှာလား။

အပြန်အလှန်အားဖြင့် အဲဒီကရိန်းနဲ့မလို့ ချောချောမောမောဖြစ်လို့ အပေါ်ရောက်လာရင် လည်း ခေါင်းလော င်း က ပိဿာချိန် ၁၈၀,၀၀၀၊ တန် ၃၀၀ မရှိဘူး ဆိုတာကို အလိုလို ကြေညာလိုက် သလို ဖြစ်သွားလို့ ဘိုးတော်တွေ၊ ပုဂ္ဂိုလ်တွေပါ သိက္ခာကျသွားမှာပါ။

တကယ်ဆို ဒါကိုတွေ့တာနဲ့ ရေအောက်မြေကြီးထဲ ဘယ်နှပေလောက်မှာ နစ်မြုပ်နေပါတယ်ဆိုတာ ဒီပတ်ပတ်လည်ကို တူးဖော်ဖို့ ဘယ်နှနှစ် ကြာမယ်လို့ ခန့်မှန်းပါတယ်ဆိုတာ၊ တန် ၃၀၀ ရှိနေတာမို့ Maxium Load တန်လေးရာကိုနိုင်တဲ့ Floating Crane ကြီးကို အသုံးပြုပြီး ဘယ်နေ့ ဆွဲတင်မယ် ဆိုတာကို အတိအလင်း ကြေညာပေးလို့ ရတာပဲလေ။ ဒါက ရိုးရိုးလေးပါ။ ဒါကိုပြည်သူတွေကို ဘိုးတော်တွေ နတ်တွေကို ယုံကြည်လာအောင် ဇာတ်လမ်းတွေဆင်၊ အကွက်တွေ ဆင်နေကြတယ်။ ဘာကိုမှ အတိအကျ မပြောနိုင်တော့ မေးတာနဲ့ အဓိဋ္ဌာန် ဝင်နေတယ် ပြောလိုပြော၊ နဂါးတွေ ဆီမီးပူဇော်နေလို့ပါလို့ ပြောလိုပြော။ ဒီလုပ်ရပ်က ပြည်သူတွေကို နတ်တွေ၊ ဘိုးတော်တွေကို အားကိုး ယုံကြည်လာအောင် သက်သက်ဖန်တီး နေသလိုလည်း ဖြစ်နေပြီး ထေရဝါဒ သာသနာကိုပါ မှေးမှိန်သွားအောင် ဖန်တီးသလို ဖြစ်နေပါပြီ။ ပြည်သူတွေ အတွေးအခေါ်မြင့်မားနိုင်ကြပါစေ။

ဘဲလားလေဘာတီ (Astro-Political Scientist)
The Voice Weekly

No comments:

Post a Comment