Friday 29 August 2014

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ လစာ ၂၅ ရာခိုင်နှုန်း လှူဒါန်းငွေများကို အမှန်တကယ်လိုအပ်သူများအား ထောက်ပံ့မည်ဟုဆို

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ လစာထဲမှ ၂၅ ရာ ခိုင်နှုန်းလစဉ်လှူဒါန်းငွေများကို နိုင်ငံတစ်ဝန်းရှိ အမှန် တကယ် ဆင်းရဲနွမ်းပါးချို့တဲ့သူများအား ထိရောက်စွာ ထောက်ပံ့မည်ဖြစ်ပြီး နိုင်ငံတော်အတွက် ထူးချွန် စွာ ဆောင်ရွက်ခဲ့ကြသူများအား ပညာ ရေး၊ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယခုနှစ် ဧပြီလမှစတင်၍ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ များ၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိ ယ၀န်ကြီး အစရှိသည့် ပုဂ္ဂိုလ်များ၏လစာများ တိုးမြှင့်ခံစားခဲ့ပြီး နောက် မေလ ၁၉ ရက်နေ့စွဲဖြင့် အလှူငွေများ ပေးပို့ ထည့်ဝင်ကြရန် ၀န်ကြီး၊ ဒုတိယ၀န်ကြီးများထံသို့ နိုင်ငံတော်သမ္မတရုံးမှအကြောင်းကြားစာပေးပို့ကာ ရန်ပုံငွေ တစ်ရပ်ထူထောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရန်ပုံငွေမှ အမှန်တ ကယ် ဆင်းရဲနွမ်းပါး၍ ပညာ ဆက်လက်မသင်ကြားနိုင်သူများ၊ ကျန်းမာရေး ချို့တဲ့သူများအား ထောက်ပံ့ကူညီမည်ဖြစ်ကာ အနုပညာနယ်ပယ်မှ နိုင်ငံ့တာဝန်ကို ထူးချွန်စွာဆောင်ရွက်ခဲ့ သူများ၊ ထူးချွန်စွာ ဆောင်ရွက်ခဲ့သည့် အငြိမ်းစားဝန်ထမ်းများ  အစရှိသူတို့အား ထောက်ပံ့ကူညီပေးသွား မည်ဖြစ်ကြောင်း   နိုင်ငံတော်သမ္မတ၏  ဆင်းရဲနွမ်းပါးသူများ ကူညီစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ  သမ္မတ ရုံးပြည်ထောင်စု ၀န်ကြီး ဦးသိန်း ညွန့်ကပြောသည်။

အထက်ပါအဖွဲ့၏ ဒုတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ယခုလ ၂၈ ရက်က နေပြည်တော် နိုင်ငံတော် သမ္မတရုံးတွင် ပြုလုပ် ခဲ့ရာ ယင်းအစည်းအဝေး၌ ဦးသိန်းညွန့်က အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ် သည်။

‘‘ဒီလိုကူညီထောက်ပံ့မှုကို ရယူလိုသူက ဒီအဖွဲ့ကို ဆက်သွယ်ပြီး တိုက်ရိုက်လျှောက်ထား ရပါမယ်။ ဒီလျှောက်လွှာပေါ်မူတည်ပြီး ကူညီထောက်ပံ့မှုတွေ လုပ်သွားမှာဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ နောက် ပိုင်း မှာ ကြေ ညာသွားဖို့ရှိပါတယ်’’ ဟု နိုင်ငံ တော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ယင်းကဲ့သို့ ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဖွဲ့၏ ရန်ပုံငွေဖြင့်သာ ဆောင်ရွက်မည်မဟုတ် ဘဲ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်နယ်၊ တိုင်းအစိုးရများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် လည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သမ္မတရုံးပြည်ထောင်စုဝန်ကြီး  ဦးလှထွန်းက ပြော သည်။

ဖော်ပြပါရန်ပုံငွေကို ပြည် ထောင်စုဝန်ကြီးများသာမက ၀န်ကြီး၊  ဒုဝန်ကြီးအဆင့်ရှိသည့် ပုဂ္ဂိုလ်များ၏ လစာ ၂၅ ရာခိုင် နှုန်းကိုပါ ထည့်ဝင်လှူဒါန်းစေ ခြင်းဖြစ်ပြီး လက်ရှိခံစားလျက်ရှိ သည့် လစာနှုန်းထား များမှာ ပြည် ထောင်စု ၀န်ကြီး အဆင့်ကျပ်သိန်း ၃၀ နှင့် ဒုဝန်ကြီးအဆင့်ကျပ်သိန်း၂၀ ဖြစ်သည်။

လက်ရှိပြည်ထောင်စုအစိုးရ အဖွဲ့အတွင်း ၀န်ကြီး၊ ဒုဝန်ကြီးဦး ရေ ၉၀ ကျော်ရှိပြီး ၀န်ကြီးဌာန တစ်ခုတွင် များသော အားဖြင့် ဒု ၀န်ကြီးနှစ်ဦး ခန့်အပ်ထားသည်။

7Day DAILY

No comments:

Post a Comment