Friday 29 August 2014

ထုံးလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျှော့ချရန် ထင်းအစားကျောက်မီးသွေးသုံးရန် လှုံ့ဆော်မည်

Photo: ထုံးလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျှော့ချရန် ထင်းအစားကျောက်မီးသွေးသုံးရန် လှုံ့ဆော်မည်
Friday, August 29, 2014

နောင်ချိုမြို့နယ်အတွင်း ရှိ ထုံးဖုတ်လုပ်ငန်းများကြောင့် ဒေသအတွင်း သစ်ပင်များပြုန်းတီးမှု များလာနေပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်လာသဖြင့် ထုံးဖုတ်ရာတွင် လောင်စာအဖြစ် အသုံးပြုသည့် ထင်းအစားကျောက်မီးသွေး ကို အစားထိုးအသုံးပြုနိုင်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း နောင်ချိုမြို့၊ အင်းစိမ်းမြေသဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ရေထွက်များ ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။

 ‘‘နောင်ချိုမြို့နယ်ထဲမှာ ဆယ်နှစ်အတွင်း မီးသွေးဖုတ် လုပ်ငန်း၊ ထုံးဖုတ်လုပ်ငန်းတွေအ ပြင် ထင်းသုံးစွဲမှုတွေကြောင့် သစ် ပင်ပေါင်းနှစ်သန်းလောက် ကုန် သွားတယ်လို့ ခန့်မှန်းထားပါ တယ်။ ဒီအတွက် အလျဉ်မီအောင် ပြန်ပြီး စိုက်နေရတယ်။ သစ်ပင် ပြုန်းတီးမှု ထိန်းသိမ်းဖို့ကျတော့ မီးသွေးဖုတ်တာတွေ၊ ထုံးဖုတ်တာတွေကို ကန့်သတ်ဖို့၊ ဒါမှမဟုတ်ရင်လောင်စာအနေနဲ့ ထင်းအစား တခြားတစ်ခုကို အစားထိုးနိုင်မှ အဆင်ပြေမယ်လို့ သုံးသပ်ရတဲ့အတွက် ဒီလိုကျောက်မီးသွေးကို အစားထိုးသုံးကြည့်ဖို့ တိုက်တွန်းသွားမှာဖြစ်ပါတယ်’’ ဟု အင်းစိမ်းမြေအဖွဲ့ ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အိမ်နီးချင်း နိုင်ငံအချို့တွင် ထင်းအစား ကျောက်မီးသွေးကို အသုံးပြု၍ အုတ်ဖုတ်လုပ်ငန်းနှင့် ထုံးဖုတ်လုပ်ငန်းများ ဆောင်ရွက်နေ၍ ယခုကဲ့သို့ တိုက်တွန်းခြင်း ဖြစ်ပြီး ကန့်ကွက်ခံရမှုများလည်း ရှိကြောင်း အဆိုပါ အဖွဲ့က ပြော သည်။

‘‘နည်းပညာပိုင်းဆိုင်ရာ အ ကူအညီအတွက် နိုင်ငံတော်ကနေ ကူညီပေးရင် ထုံးဖုတ်၊ အုတ်ဖုတ် တဲ့သူတွေအတွက် ထင်းအစား ကျောက်မီးသွေးကို အလွယ်တကူ အသုံးပြုနိုင်မယ်လို့ထင်တယ်။ ထုံးဖုတ်တဲ့သူတွေကတော့ ကျောက် မီးသွေး အနံ့အသက်ကြောင့် မသုံးချင်ကြဘူး။ ကျွန်တော်တို့ အဖွဲ့အနေနဲ့ကတော့ အစိုးရကို တင်ပြသွားမယ်’’ ဟု အင်းစိမ်းမြေမှတာ ၀န်ခံကိုဝင်းသူက ပြောသည်။

နောင်ချိုမြို့အတွင်းရှိ ထုံးဖို များမှ ထွက်ရှိသော ထုံးများကို မြန်မာနိုင်ငံ ဒေသအသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိပြီး ခြေ မြစ်ပင်၊ ၀က်ဝံထုံးကုန်းတွင် အ များဆုံးထုတ်လုပ်သည်။ ခုနစ် ပေ အမြင့်ရှိထုံးဖိုတစ်ဖိုအတွက် လောင်စာအဖြစ် ထင်းပီအီးကား ငါးစီးတိုက်ခန့် အသုံးပြုရကြောင်း ၀က်ဝံထုံးကုန်းမှ ထုံးဖုတ်သူများ က ပြောကြားသည်။ ဒေသအ တွင်း သစ်ပင်များ ဆုံးရှုံးမှုများလာ၍ စိုက်ပျိုးရေးကို အဓိကအား ထားနေရသော နောင်ချိုမြို့အတွင်း ရာသီဥတုဖောက်ပြန်မှုများ ဖြစ်ပေါ်လာသဖြင့် အချိန်မီထိန်းသိမ်းနိုင်ရန် ယခုကဲ့သို့ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အင်းစိမ်းမြေသဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ရေထွက်များ ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူများက ပြောကြားသည်။

7Day DAILY 

ဝက်ဝံထုံးကုန်းတွင်ထုံးဖုတ်လုပ်ငန်းလုပ်ကိုင်နေသူများကိုတွေ့ရစဉ်(ဓာတ်ပုံ − ကံသာ)
ဝက်ဝံထုံးကုန်းတွင်ထုံးဖုတ်လုပ်ငန်းလုပ်ကိုင်နေသူများကိုတွေ့ရစဉ်(ဓာတ်ပုံ − ကံသာ)
နောင်ချိုမြို့နယ်အတွင်း ရှိ ထုံးဖုတ်လုပ်ငန်းများကြောင့် ဒေသအတွင်း သစ်ပင်များပြုန်းတီးမှု များလာနေပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်လာသဖြင့် ထုံးဖုတ်ရာတွင် လောင်စာအဖြစ် အသုံးပြုသည့် ထင်း အစားကျောက်မီးသွေးကို အစားထိုးအသုံးပြုနိုင်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း နောင်ချိုမြို့၊ အင်းစိမ်းမြေ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ရေထွက်များ ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူ များက ပြောသည်။
‘‘နောင်ချိုမြို့နယ်ထဲမှာ ဆယ်နှစ်အတွင်း မီးသွေးဖုတ် လုပ်ငန်း၊ ထုံးဖုတ်လုပ်ငန်းတွေအ ပြင် ထင်းသုံးစွဲ မှုတွေကြောင့် သစ် ပင်ပေါင်းနှစ်သန်းလောက် ကုန် သွားတယ်လို့ ခန့်မှန်းထားပါ တယ်။ ဒီအတွက် အလျဉ် မီအောင် ပြန်ပြီး စိုက်နေရတယ်။ သစ်ပင် ပြုန်းတီးမှု ထိန်းသိမ်းဖို့ကျတော့ မီးသွေးဖုတ်တာတွေ၊ ထုံးဖုတ်  တာတွေကို ကန့်သတ်ဖို့၊ ဒါမှမဟုတ်ရင်လောင်စာအနေနဲ့ ထင်းအစား တခြားတစ်ခုကို အစားထိုးနိုင်မှ အဆင်ပြေ မယ်လို့ သုံးသပ်ရတဲ့အတွက် ဒီလိုကျောက်မီးသွေးကို အစားထိုးသုံးကြည့်ဖို့ တိုက်တွန်းသွား မှာဖြစ်ပါ တယ်’’ ဟု အင်းစိမ်းမြေအဖွဲ့ ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အိမ်နီးချင်း နိုင်ငံအချို့တွင် ထင်းအစား ကျောက်မီးသွေးကို အသုံးပြု၍ အုတ်ဖုတ်လုပ်ငန်းနှင့် ထုံးဖုတ် လုပ်ငန်းများ ဆောင်ရွက်နေ၍ ယခုကဲ့သို့ တိုက်တွန်းခြင်း ဖြစ်ပြီး ကန့်ကွက်ခံရမှုများလည်း ရှိကြောင်း အဆိုပါ အဖွဲ့က ပြော သည်။

‘‘နည်းပညာပိုင်းဆိုင်ရာ အ ကူအညီအတွက် နိုင်ငံတော်ကနေ ကူညီပေးရင် ထုံးဖုတ်၊ အုတ်ဖုတ် တဲ့သူတွေ အတွက် ထင်းအစား ကျောက်မီးသွေးကို အလွယ်တကူ အသုံးပြုနိုင်မယ်လို့ထင်တယ်။ ထုံးဖုတ်တဲ့သူတွေ ကတော့ ကျောက် မီးသွေး အနံ့အသက်ကြောင့် မသုံးချင်ကြဘူး။ ကျွန်တော်တို့ အဖွဲ့အနေနဲ့ကတော့ အစိုးရကို တင်ပြသွားမယ်’’ ဟု အင်းစိမ်းမြေမှတာ ၀န်ခံကိုဝင်းသူက ပြောသည်။

နောင်ချိုမြို့အတွင်းရှိ ထုံးဖို များမှ ထွက်ရှိသော ထုံးများကို မြန်မာနိုင်ငံ ဒေသအသီးသီးသို့ တင်ပို့ရောင်း ချလျက် ရှိပြီး ခြေ မြစ်ပင်၊ ၀က်ဝံထုံးကုန်းတွင် အ များဆုံးထုတ်လုပ်သည်။ ခုနစ် ပေ အမြင့်ရှိထုံးဖိုတစ်ဖို အတွက် လောင်စာအဖြစ် ထင်းပီအီးကား ငါးစီးတိုက်ခန့် အသုံးပြုရကြောင်း ၀က်ဝံထုံးကုန်းမှ ထုံးဖုတ် သူများ က ပြောကြားသည်။ ဒေသအ တွင်း သစ်ပင်များ ဆုံးရှုံးမှုများလာ၍ စိုက်ပျိုးရေးကို အဓိကအား ထားနေရသော နောင်ချိုမြို့အတွင်း ရာသီဥတုဖောက်ပြန်မှုများ ဖြစ်ပေါ်လာသဖြင့် အချိန်မီထိန်းသိမ်းနိုင်ရန် ယခုကဲ့သို့ဆောင် ရွက်ရခြင်းဖြစ်ကြောင်း အင်းစိမ်းမြေသဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ရေ ထွက် များ ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူများက ပြောကြားသည်။

7Day DAILY

No comments:

Post a Comment