Friday 29 August 2014

အခမဲ့ဖျော်ဖြေပွဲတွေရှိတဲ့နေရာ

မိုးရာသီရောက်လာလို့ အပန်းဖြေ ဥယျာဉ်တွေမှာ ပုံမှန်ပြုလုပ်နေကျ ဖျော်ဖြေရေး အစီအစဉ်တွေကို ရာသီ ဥတု အပေါ်မူတည်ပြီး ပြုလုပ်လာကြပါတယ်။ ဒါကြောင့် အခမဲ့ပြုလုပ်ပေးတဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ နည်းသွားပေမယ့် အားလပ်ရက်တွေမှာ အပန်းဖြေဥယျာဉ်တွေကိုသွားမယ့်သူတွေအတွက် စု စည်းဖော်ပြပေးလိုက်ပါတယ်။
ကန်တော်ကြီး မျှော်စင်ကျွန်း ကရဝိက်ဥယျာဉ်ကမ္ဘာ Mini Zoo မှာ ညနေ တိုင်းဖျော်ဖြေပေး တဲ့ Hollow Show ကို ရာသီဥတုပေါ်မူ တည်ပြီး ပြုလုပ်မှာဖြစ် သလို စနေနေ့ညနေ ၆ နာရီက နေ ည ၁၁ နာရီအထိ လက်မှုကုန်းမှာ MRTV-4 နဲ့ ပူးပေါင်းတင်ဆက်တဲ့ သုခုမပွဲတော်ကိုလည်း အခမဲ့ တင်ဆက်ပေးဦးမှာပါ။

ပြည်သူ့ဥယျာဉ်မှာလည်း ရာသီဥတုအခြေအနေပေါ် မူတည်ပြီး ရေပန်း ရုပ်ရှင်ကိုပြသပေးမှာဖြစ်ပြီး ကန်တော်မင်္ဂလာပန်းခြံ Happy World ကလေး ကစားကွင်းမှာတော့ စနေ၊ တနင်္ဂနွေအားလပ်ရက်တွေမှာ မျက်လှည့်တင်ဆက်မှုတွေ၊ အကအဖွဲ့တွေရဲ့ ဖျော်ဖြေမှုတွေကို နေ့လယ် ၁၁ နာရီကနေစပြီး အခမဲ့ဖျော်ဖြေေ ပး မှာပါ။

အပန်းဖြေဥယျာဉ်တွေကို မသွားဘဲ ဈေးဝယ်စင်တာတွေကိုသွားလိုတဲ့သူတွေ အတွက်ကတော့ Junction Square မှာ စနေနေ့မှာ Aqualand ကုမ္ပဏီရဲ့ အလှကုန်ပစ္စည်းမိတ်ဆက်ပွဲနဲ့ တနင်္ဂနွေနေ့မှာတော့ MK ကုမ္ပဏီကပြုလုပ်တဲ့ Wacoam  ဆေးပစ္စည်းမိတ်ဆက်ပွဲတို့ ပြုလုပ်မှာဖြစ်ပါတယ်။

7Day DAILY

No comments:

Post a Comment