Friday 29 August 2014

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးငါးဦး အပြောင်းအလဲလုပ်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ပြည်နယ်ဝန်ကြီးငါးဦး နေရာအပြောင်းအလဲ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိ သည်။
ယခင်ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ အောင်ကျော် မင်းအား လူမှုရေးဝန်ကြီးအဖြစ် လည်းကောင်း၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်သိန်း အား ဘဏ္ဍာရေး ၀န်ကြီးအဖြစ်လည်းကောင်း ပြောင်းလဲ ခန့်အပ်ခဲ့သည်။

‘‘အခုပြည်နယ်အစိုးရဆီကို သမ္မတရုံးက ဖက်စ်ရောက်နေပြီ။ အခုပိုလျှံနေတဲ့ ပိုက်ဆံက ပြည် ထောင်စု အစိုးရထဲကို ၀င်နေတာ ၁၂ ဘီလီယံလောက်ရှိတယ်လို့ သိရပါတယ်။ ဘဏ္ဍာရေးကတွက် တာစာရင်းကို နှစ်ခါသွင်းမိတာလို့ ပြောပါတယ်။ အခု အပြောင်း အလဲဖြစ်တာလည်း အဲဒီကိစ္စနဲ့ သက်ဆိုင် မယ် ထင်တယ်။ လမ်း ပန်းဆက်သွယ်ရေး ၀န်ကြီးက တော့ ဘာမှမဖြစ်ဘူး။ ဘဏ္ဍာရေး ၀န်ကြီးကတော့ လူမှုရေးဝန်ကြီး ဋ္ဌာနကို ရောက်သွားတယ်’’ ဟု ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ခန့်မှန်းပြောကြားသည်။

ရခိုင်ပြည်နယ်အစိုးရအသုံး စရိတ် ပိုလျှံ၍ ပြည်ထောင်စုအစိုးရသို့ ပြန်အပ်ခဲ့ရသည့် သတင်းများကို မီဒီယာ များက ဖော်ပြခဲ့ပြီးနောက် ပြည်နယ်လွှတ်တော်အမတ်များ၊ ပြည်သူ့လွှတ်တော်အ မတ်များနှင့် အမျိုးသား လွှတ်တော်က ဝေဖန်ခဲ့သည်။

‘‘ရခိုင်က ပဆင (လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဋ္ဌာန) ဘတ်ဂျက်သုံးမကုန်လို့ ပြန်အပ်ရတယ် ဆိုတာ စီမံခန့်ခွဲမှု မနိုင်နင်းတာ ရယ်။ လုပ်ငန်းလုပ်မယ့် ကန်ထရိုက်က တွက်ခြေမကိုက်လို့ တင်ဒါ မသွင်းတာရယ်’’ ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ၎င်း၏ ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ် တွင် ရေး သားဖော်ပြခဲ့သည်။

မည်သည့်အတွက်ကြောင့် အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ရသည်ကို သက်ဆိုင်ရာ ၀န်ကြီးများအားမေးမြန်းရာ တွင် ရခိုင်ပြည်နယ် အစိုးရအတွင်း ပြည်နယ်အဆင့် ၀န်ကြီးအစည်းအဝေးပြုလုပ်နေ သဖြင့် ဆက်သွယ်၍ မရခဲ့ချေ။

ထို့အပြင် ယခင်စည်ပင်သာ ယာရေးဝန်ကြီး ဦးမြအောင်အားစီမံကိန်းနှင့် စီးပွားရေးဝန်ကြီးအဖြစ် လည်းကောင်း၊ ယခင် လူမှုရေး ၀န်ကြီး ဦးကျော်ခင်အား သစ်တောနှင့် သတ္တုဝန်ကြီးအဖြစ် လည်းကောင်း၊ ဦးမောင်စံရွှေအား စည်ပင်သာယာရေး ၀န်ကြီးအဖြစ် လည်းကောင်း ပြောင်းလဲခံအပ်ကြောင်း သြ ဂုတ် ၂၈ ရက်စွဲဖြင့် နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ကြေညာသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၏ ပြည်နယ်လုပ်ပိုင်ခွင့်တွင် ပြည် နယ်က တိုက်ရိုက်စီမံခန့်ခွဲခွင့်ရှိ သည့် ၀န်ကြီး ဌာန ၂၅ ခုရှိသည်။ ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ် ပြီး လူဦးရေနှစ်သန်းကျော် နေ ထိုင်သည့် ရခိုင်ပြည် နယ်၏ ဖွံ့ဖြိုး တိုးတက်မှုကို ၅ဒသမ၇ ရာခိုင်နှုန်းရှိရန် ရည်မှန်းထားသည်။

7Day DAILY

No comments:

Post a Comment