Friday 29 August 2014

လူ ၂၅၀ က သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း တိုင်ကြားခဲ့သော်လည်း ရဲတပ်ဖွဲ့ က အရေးမယူခဲ့ဟု ရိုသာဟမ်မြို့မှ မိန်းကလေး ထုတ်ဖော် ပြောဆို

Photo: လူ ၂၅၀ က သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း တိုင်ကြားခဲ့သော်လည်း ရဲတပ်ဖွဲ့ က အရေးမယူခဲ့ဟု ရိုသာဟမ်မြို့မှ မိန်းကလေး ထုတ်ဖော် ပြောဆို
Thursday, August 28, 2014

အင်္ဂလန်နိုင်ငံ ဆောက်ယော့ရှိုင်းယားစီရင်စုရှိ ရိုသာဟမ်မြို့မှ မိန်းကလေးတစ်ဦးက မြို့တွင်းရှိ အာရှနွယ်ဖွား လူရမ်းကား ၂၅၀ က မိမိအား ဆယ်ကျော်သက် အပျိုစင်ဘ၀ကပင် မုဒိမ်းကျင့်ခဲ့ကြောင့် ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့သော် လည်း အရေးယူဆောင်ရွက်ပေးခဲ့ခြင်းမရှိကြောင်း တိုင်ကြားမှု ထွက်ပေါ်ခဲ့သည်။

လူဆိုးများက တစ်ဦးပြီးတစ်ပြီး လက်ပြောင်းလက်လွှဲ အဆင့် ဆင့် ပြုလုပ်ပြီး နှစ်နှစ်တာ ကာလအတွင်း နေ့စဉ် မုဒိမ်းကျင့်ခံခဲ့ရကြောင်း ယခုအခါ အသက် ၂၅ နှစ်အရွယ်ရှိသော အမ်မာက ပြောကြားခဲ့သည်။

လက်ရေးဖြင့် ရေးထားသည့် အဆိုပါ လူဆိုး ၂၅၀ ၏ အမည်စာရင်းများနှင့် မိမိ၏အ၀တ်များကို ရဲများထံ ပေးအပ်ခဲ့သော်လည်းလည်း ယခု အခါ ဖြောက်ဖျက်ခံရမည်ကိုလည်း အမ်မာက စိုးရိမ်နေကြောင်း ပြောကြားသည်။

သို့သော်လည်း သူမ၏ အမှုအား ပြန်လည်စုံစမ်းပေးပြီး အမှန်တရားကို ဖော်ထုတ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း အမ်မာ က ပြောကြားသည်။

အမ်မာသည် အသက် ၁၂ နှစ်အရွယ်တွင် ပါကစ္စတန်နွယ်ဖွား ၁၇ နှစ်အရွယ် ယောက်ျားလေးတစ်ဦး၏ မြူဆွယ်ခြင်းကို ခံခဲ့ရသည်။

တစ်နှစ်ခန့်အကြာတွင် ဈေးဝင်းတစ်ခုအတွင်း၌ ၎င်းက အမ်မာအား သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း သိရသည်။

ထိုစဉ်က အပျိုစင်တစ်ဦးအဖြစ်သာ ရှိနေသေးသည့် အမ်မာက ချိန်းတွေ့စဉ် ချမ်းကြောင်း ပြောဆိုသောအခါ ထိုသူက သိုင်းဖက် လိုက်ပြီး ဈေးအတွင်း ထောင့်တစ်ခုသို့ ဆွဲခေါ်သွားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ၎င်းနှင့် အဖော်လိုက်လာသူတစ်ဦးက သားမယားအဖြစ် ထပ်မံပြု ကျင့်ခဲ့သည်။

ထိုအချိန်မှစ၍ အမ်မာသည် ချိန်းခြောက်မှုအမျိုးမျိုးကြောင့် အဆိုပါ လူများ၏ ဆွေမျိုးယော်ကျားလေး များ၏ အနိုင်ကျင့်မှုကို ခံခဲ့ရခြ င်းဖြစ်ကြောင်းသိရသည်။

အမ်မာအား ခြိမ်းခြောက်မှုများတွင် လည်ပင်းညှစ်ခြင်း၊ သေနတ်ဖြင့်ချိန်ခြင်း၊ မျက်နှာအား မီးဖြင့်ရှို့မည်ဟု ပြောခြင်း၊ အိမ်အနီး သို့ ရောက်ရှိလာကာ မိခင်ဖြစ်သူကိုပါ မုဒိမ်းကျင့်မည်ဟု ပြောဆိုမှု များ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“ကျွန်မအနေနဲ့ ကျွန်မကို မုဒိမ်းကျင့်သူတွေထက် ရဲတွေကို ပိုပြီး ဒေါသထွက်ခဲ့ပါတယ်။ ကျွန်မသူတို့ကို တိုင်ခဲ့တဲ့ နောက်ပိုင်းမှာလည်း ဘာမှ အရေးမယူခဲ့ပါဘူး။ သူတို့က လစာပဲယူပြီး ဘာမှမလုပ်ပါဘူး။ သူတို့ကို ထောင်ချပစ်သင့်ပါတယ်။ ရဲမင်းကြီး ရှောင်ရွိုက်လည်း အလုပ်က ထွက်သင့်ပါတယ်” ဟု အမ်မာက ပြောကြားသည်။

Ref:Mirror
Mizzima - News in Burmese
အင်္ဂလန်နိုင်ငံ ဆောက်ယော့ရှိုင်းယားစီရင်စုရှိ ရိုသာဟမ်မြို့မှ မိန်းကလေးတစ်ဦးက မြို့တွင်းရှိ အာရှနွယ် ဖွား လူရမ်းကား ၂၅၀ က မိမိအား ဆယ်ကျော်သက် အပျိုစင်ဘ၀ကပင် မုဒိမ်းကျင့်ခဲ့ကြောင့် ရဲတပ်ဖွဲ့သို့ တိုင် ကြား ခဲ့သော်လည်း အရေးယူဆောင်ရွက်ပေးခဲ့ခြင်းမရှိကြောင်း တိုင်ကြားမှု ထွက်ပေါ်ခဲ့ သည်။
လူဆိုးများက တစ်ဦးပြီးတစ်ပြီး လက်ပြောင်းလက်လွှဲ အဆင့် ဆင့် ပြုလုပ်ပြီး နှစ်နှစ်တာ ကာလ အတွင်း နေ့စဉ် မုဒိမ်းကျင့်ခံခဲ့ရကြောင်း ယခုအခါ အသက် ၂၅ နှစ်အရွယ်ရှိသော အမ်မာက ပြောကြား ခဲ့သည်။

လက်ရေးဖြင့် ရေးထားသည့် အဆိုပါ လူဆိုး ၂၅၀ ၏ အမည်စာရင်းများနှင့် မိမိ၏အ၀တ်များကို ရဲများ ထံ ပေးအပ် ခဲ့သော်လည်းလည်း ယခု အခါ ဖြောက်ဖျက်ခံရမည်ကိုလည်း အမ်မာက စိုးရိမ်နေကြော င်း ပြော ကြားသည်။

သို့သော်လည်း သူမ၏ အမှုအား ပြန်လည်စုံစမ်းပေးပြီး အမှန်တရားကို ဖော်ထုတ်ပေးနိုင်လိမ့် မည်ဟု မျှော်လင့်ကြောင်း အမ်မာ က ပြောကြားသည်။

အမ်မာသည် အသက် ၁၂ နှစ်အရွယ်တွင် ပါကစ္စတန်နွယ်ဖွား ၁၇ နှစ်အရွယ် ယောက်ျားလေးတစ်ဦး ၏ မြူဆွယ်ခြင်းကို ခံခဲ့ရသည်။

တစ်နှစ်ခန့်အကြာတွင် ဈေးဝင်းတစ်ခုအတွင်း၌ ၎င်းက အမ်မာအား သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း သိရသည်။

ထိုစဉ်က အပျိုစင်တစ်ဦးအဖြစ်သာ ရှိနေသေးသည့် အမ်မာက ချိန်းတွေ့စဉ် ချမ်းကြောင်း ပြောဆိုသောအခါ ထိုသူက သိုင်းဖက် လိုက်ပြီး ဈေးအတွင်း ထောင့်တစ်ခုသို့ ဆွဲခေါ်သွားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ၎င်းနှင့် အဖော်လိုက်လာသူတစ်ဦးက သားမယားအဖြစ် ထပ်မံပြု ကျင့်ခဲ့သည်။

ထိုအချိန်မှစ၍ အမ်မာသည် ချိန်းခြောက်မှုအမျိုးမျိုးကြောင့် အဆိုပါ လူများ၏ ဆွေမျိုးယော်ကျားလေး များ၏ အနိုင်ကျင့်မှုကို ခံခဲ့ရခြ င်းဖြစ်ကြောင်းသိရသည်။

အမ်မာအား ခြိမ်းခြောက်မှုများတွင် လည်ပင်းညှစ်ခြင်း၊ သေနတ်ဖြင့်ချိန်ခြင်း၊ မျက်နှာအား မီးဖြင့်ရှို့မည် ဟု ပြောခြင်း၊ အိမ်အနီး သို့ ရောက်ရှိလာကာ မိခင်ဖြစ်သူကိုပါ မုဒိမ်းကျင့်မည်ဟု ပြောဆိုမှု များ လုပ်ဆောင် ခဲ့ကြောင်း သိရသည်။

“ကျွန်မအနေနဲ့ ကျွန်မကို မုဒိမ်းကျင့်သူတွေထက် ရဲတွေကို ပိုပြီး ဒေါသထွက်ခဲ့ပါတယ်။ ကျွန်မသူတို့ကို တိုင်ခဲ့တဲ့ နောက်ပိုင်းမှာလည်း ဘာမှ အရေးမယူခဲ့ပါဘူး။ သူတို့က လစာပဲယူပြီး ဘာမှမလုပ်ပါဘူး။ သူ တို့ကို ထောင်ချပစ်သင့်ပါတယ်။ ရဲမင်းကြီး ရှောင်ရွိုက်လည်း အလုပ်က ထွက်သင့်ပါတယ်” ဟု အမ်မာ က ပြောကြားသည်။

Ref:Mirror
Mizzima - News in Burmese

No comments:

Post a Comment